Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် အကန့်အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြန်ပြု

ပလက်ဝတွင် အကန့်အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြန်ပြု

0
By Editor on May 22, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်သို့ ရခိုင်ပြည်နယ်မှ ဆန်များသယ်ယူခွင့်ကို တပ်မတော်က အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုလိုက်ပြီဟု စုံစမ်းသိရှိရသည်။

ပလက်ဝမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသည် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၏ အသိမှတ်ပြုထောက်ခံစာနှင့် တစ်ခေါက်လျင် ဆန်အိတ် ၂၀ နှုန်းဖြင့် သယ်ဆောင်ခွင့်ရရှိပြီဟု ပလက်ဝမြို့ပေါ်မှ ဆန်ဆိုင်ဖွင့်ထားသူတစ်ဦး ထံမှ သိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးလုပ်ပြီးမှ ထောက်ခံစာပေးတယ် သယ်ယူခွင့်ထောက်ခံစာပေါ့ အများကြီးတော့ သယ်လို့တော့မရသေးဘူး အိတ် ၂၀ လောက်ပဲသယ်ခွင့်ပေးတယ် လိုချင်သလောက် တော့မရသေးဘူး ရခိုင်ပြည်နယ် ကျောက်တော်ကနေ စက်လှေနဲ့တင်လာရတယ် ဆိုင်တွေလည်းဖွင့်လာကြပြီ” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ဆန်များကို အဓိကအားထားနေရပြီး ကျောက်တော်မှတဆင့် စက်လှေဖြင့် ပလက်ဝမြို့သို့ သယ်ဆောင်လေ့ရှိကြသည်။ သို့သော်လည်း ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ) လှုပ်ရှားမှုရှိနေသည့်အတွက် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် မြန်မာ့တပ်မတော်က မေလဆန်းပိုင်းကစ၍ ပလက်ဝသို့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်တွင် ဆန်ပြတ်လတ်မှု ကြုံတွေ့နေခဲ့ကြရပြီး ရောင်းစရာဆန်မရှိတော့သည့်အတွက် ဆန်ဆိုင်များသည်လည်း ဆိုင်ပိတ်ထားရသည့်အခြေအနေဖြစ်ခဲ့ရသည်။ ယခုကဲ့သို့ တပ်မတော်ဘက်မှ အကန့် အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြုလိုက်သည့်အတွက် ဆန်ပြတ်လပ်မှု ပြသာနာ ကို အနည်းအကျဉ်းသက်သာ လာနိုင်သည်ဟု သိရသည်။

ပလက်ဝလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ ဦးဝေတန်းက “ အခုဆန်သယ်လို့တော့ရပြီိ ရခိုင်ပြည်နယ် ကျောက်တော်ကနေ ပလက်ဝကိုစက်လှေနဲ့သယ်လို့ရပြီ ဆန်ရောင်းတဲ့ဆိုင်ပိုင်ရှင်တွေကလေ တစ်ခါသယ်ရင်တော့ အိတ် ၂၀ လောက်ဆီတော့ရတယ် ဖြေးဖြေးတော့ကောင်းလာမယ်လို့တော့ ထင်တာပဲ တစ်လကိုဘယ်နခေါက်ဆိုတာတော့မသိဘူး တစ်ခေါက်သယ်ရင် အိတ် ၂၀ ဆိုတဲ့သဘောပေါ့ ကိုယ်လိုချင်သလောက်တော့ သယ်လို့မရဘူး” ဟု ဦးဝေတန်းကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.