လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါသည့် မြို့နယ်များအပါအ၀င် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်းဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ်ပေးရန် ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က နိုင်ငံတော်၏ အမျိုးသားအဆင့် ကျေးလက်လမ်း မဟာဗျူဟာရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၉၀ %) အပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ဖို့ဆိုရင် ကျေးလက်လမ်းများကို ပိုမိုဖောက်လုပ်ပေးရန် လိုအပ်နေပြီဟု အဆိုတင်သွင်းခဲ့သည်။ “မြန်မာနိုင်ငံရဲ့ လူဦးရေ (၁၅) သန်းကျော်ဟာ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများမရှိခြင်းကြောင့် တစ်နှစ်ပတ်လုံးဖြစ်စေ၊ တစ်စိတ်တဒေသဖြစ်စေ ခွဲခြားထားခြင်းခံနေရပါတယ်၊ ဒီလိုအခြေအနေမျိုးဟာ ကျနော်တို့ တိုင်းရင်းသားဒေသမှာ အများဆုံးဖြစ်ပေါ်နေတာပါ” ဟု ဦးနေလင်းအောင်ကပြောသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းသည် လူမှုစီးပွားဘ၀များ မဖွံ့ဖြိုးမတိုးတက်စေရန် ကြီးမားသည့် အဟန့်အတားဖြစ်နေသည်ကို အထူးသတိပြုရမည်ဟု ၎င်းကပြောသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းမရှိတာကြောင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ခံကြရခြင်း၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ပညာရေးအခွင့်အလမ်းနည်းပါးခြင်းကြောင့် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်စေပြီး ပြည်ထောင်စုအစိုးရအနေဖြင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းကို ပိုမိုလုပ်ဆောင်သင့်သည်ဟု ဦးနေလင်းအောင်ကပြောသည်။ ဦးနေလင်းအောင်၏အဆိုကို ရှမ်းပြည်နယ်၊ သန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကျေးလက်လမ်းမိုင်ပေါင်း (၆၀၀၀၀) ခန့်ရှိပြီး ယင်းအနက်…
Author: Editor
By လားနွန် – ချင်းလူမှုရေးအသင်း (All Chin Society-Yangon) မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ချင်းအမျိုးသားနေ့မုဒ်ဦးသည် ချင်းအမျိုးသားနေ့နှင့် မသင့်လျော်သည့်အတွက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နေပြီဟု သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ All Chin Society- Yangon ၏ ဘုံပိုင်မြေနေရာတွင် ဖေဖော်ဝါလ (၁၈) ရက်နေ့မှ စတင်ကျင်းပသည့် ချင်းအမျိုးသားနေ့အတွက် အသုံးပြုထားသည့် မုဒ်ဦးသည် ချင်းနှင့်သက်ဆိုင်သည့် သင်္ကေတများပါရှိခြင်းမရှိဘဲ ဘုရားပွဲမုဒ်ဦးကဲ့သို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါမုဒ်ဦးကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ All Chin Society- Yangon အတွင်းရေးမှူး ဦးနိုင်းထန်က “ပထမလုပ်တာက ကျွန်တော်တို့ တာဝန်ပေးထားခြင်းခံရတဲ့ လူတွေက သူတို့ရဲ့ အနီးစပ်ဆုံးနေရာ ဘုရားပွဲမုဒ်ဦးလုပ်တဲ့နေရာမှာ သွားငှားပြီးတော့ အဲဒီအတိုင်းပဲ လာပြီးမှစိုက်သွားတာ၊ ဒါပေမယ့် ညနေပိုင်း မိုးချုပ်ခါနီးမှ ကျွန်တော်တို့စစ်ဆေးရေးဝင်တော့ အဲလိုမျိုးလုပ်သွားတာကိုတွေ့တာ၊ ဒီလိုပုံစံဖြစ်တယ်၊ ဒါကြည့်မကောင်းဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်ဆိုပြီး အခုပြန်လည်ပြုပြင်နေပါတယ်” ဟု ပြောသည်။ ယခုအခါ ချင်းအမျိုးသားမုဒ်ဦးကို ချင်းဘုံဝတ်စုံအနီနှင့် အနက်များဖြင့်ပြန်လည်ပြုပြင်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ (၁၈) နှင့် (၁၉) နေ့ရက်တွင် အားကစားမျိုးပေါင်းစုံ၊ ပျော်ပွဲရွင်ပွဲနှင့် အပျော်တမ်းကစားခြင်းများဖြင့် ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။ (ပုံစာ – ရန်ကုန်မြို့ ချင်းအမျိုးသားနေ့တွင် အသုံးပြုခဲ့သော ကနုတ်ပန်းများထိုးထားသည့် မုဒ်ဦးနှင့် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲလိုက်သည့်…
By လားနွန် – ချင်းပြည်နယ်တွင် ဓလေ့ထုံးတမ်းအစဉ်လာရ ပြည်သူများပိုင်ဆိုင်ထားသော မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့် ဥပဒေအရ မြေရိုင်းအဖြစ် သတ်မှတ်လျှင် ပြည်သူများနစ်နာနိုင်သည်ဟု ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။ “ချင်းပြည်နယ်က ရွှေ့ပြောင်းတောင်ယာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတယ်၊ နှစ်ပေါင်းများစွာကတည်းကပေါ့နော်၊ ရှိခဲ့တာဖြစ်ပါတယ်၊ ဆိုတော့ ရွေ့ပြောင်းတောင်ယာဆိုတာ လုပ်ကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်ရှိမှ ကျွန်တော်တို့ တစ်နှစ်စာအတွက် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်တဲ့အနေအထားဖြစ်တော့ ဒါသမိုင်းတစ်လျှောက်ပေါ့နော်၊ ဆိုတော့ ကျေးလက်တောရွာတွေမှာ မိသားစုတစ်စုက မြေကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်လောက် ပိုင်ထားတာဖြစ်ပါတယ်၊ အဲချိန်မှာ သူတို့က တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ တောင်ယာခုတ်စားတယ်ဆိုတော့ (၁၀) နှစ်တန်သည် (၁၂) နှစ်တန်နဲ့ နားပေးရပါတယ်၊ ဒါကို ကျွန်တော်တို့ မြေလွတ်၊ မြေလပ်ဥပဒေနဲ့ မြေရိုင်းဆိုပြီးတော့ သတ်မှတ်ရင်တော့ ပြည်သူတွေ နစ်နာနိုင်မယ့်အနေအထားရှိပါတယ်” ဟု ၀န်ကြီးဦးမာန်ဟင်းဒါလ်း ကပြောသည်။ သို့သော်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ပုဒ်မ (၃၀) (ခ) တွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာရ သတ်မှတ်မြေများကို ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပါရှိသည့်အတွက် ပြည်သူများ၏ အခွင့်အရေးနှင့် ပြည်နယ်၏ ဖွံ့ဖြိုးမှုကို ချိန်ထိုးပြီး လုပ်ဆောင်ရန်လိုအပ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။ “၂၀၁၈ မြေလွတ်၊ မြေရိုင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အတိုင်းပိုင်ဆိုင်ထားတဲ့ မြေတွေသည် မြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့ မသက်ဆိုင်စေရဆိုပြီးပါထားပါတယ်၊ ဆိုတော့ ဒါကို ကျွန်တော်တို့…
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာနေသည့်အတွက် နယ်စပ်လုံခြုံရေးတာဝန်ယူရန် အိန္ဒိယအစိုးရက တပ်အင်အား တိုးချဲ့ချထားသည်ဟုသိရသည်။ မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ထိစပ်နေသည့် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ယခုလကစ၍ တိုက်ပွဲများ သိသိသာသာတိုးလာနေပြီး အိန္ဒိယဘက်သို့ AA တပ်ဖွဲ့ဝင်များ ၀င်ရောက်မလာနိုင်ရန်နှင့် တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနိုင်သည့် စစ်ဘေးဒုက္ခသည်များအား ကူညီနိုင်ရန် အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုကို ယခုရက်ပိုင်းအတွင်း စေလွှတ်ထားသည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။ အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်မှတဆင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ထွက်ခွါခဲ့ကြသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ ယခုလက်ရှိ လောင်တလိုင်ခရိုင်တွင် ချင်းပြည်နယ်ဘက်မှ စစ်ဘေးဒုက္ခသည် ထပ်မံဝင်ရောက်ခြင်းမရှိသော်လည်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ကြသည့် ပြည်သူ (၃၀၀) ခန့်တို့သည် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေကြရဆဲဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၈) ရွာခန့် ပျက်စီးပြီး ပြည်သူ (၁၀၀၀) နီးပါးခန့်တို့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလုံနေကြရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက စစ်ဘေးရှောင်ပြည်သူအရေအတွက် တိုးလာနိုင်သည်ဟု ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။ “ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာတော့မကြားမိဘူး၊ ဒါပေမယ့် ပလက်ဝမြို့ပေါ်မှာ စစ်ရဟတ်ယာဉ်ကတော့ နေ့တိုင်းပျံနေတယ်’’ ဟု ပလက်ဝဒေသခံကပြောသည်။
By မိုးကျော် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချူပ်) လမ်းကြောင်းမှ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။ “အဓိကကတော့ ပလက်ဝမှာဖြစ်နေတဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ အခု CNF က NCA လက်မှတ် ရေးထိုးထားတယ်၊ အစိုးရကလည်း အဲဒီ NCA လမ်းကြောင်းကို ဝင်လာကြပါဆိုပြီး ဖိတ်ထားတယ်၊ CNF က အဲဒီလမ်းကြောင်းကို သွားနေတယ်။ အဲဒီလမ်းကြောင်းကနေ လွတ်လွတ်လပ်လပ် မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိဘူး။ အဲဒီနည်းလမ်းဘဲရှိတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က လက်နက်ကိုင်ပြီးတော့မှ အစိုးရကိုဖြုတ်ချမယ်ဆိုတဲ့ ပေါ်လစီ မရှိဘူး၊ ကျနော်တို့က တွေ့ဆုံဆွေးနွေးခြင်း စားပွဲဝိုင်းနိုင်ငံရေးအားဖြင့် နိုင်ငံရေးပြဿနာကိုဖြေရှင်းရမယ်” ဟု ပူးထက်နီက ပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့တို့ ချင်းပြည်နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအပေါ် ချင်းအမျိုးသားတပ်ဦး၏ သဘောထားနှင့်ပတ်သက်၍ ပူးထက်နီက ယခုကဲ့သို့ ပြောဆိုသည်။ “ရိုးရိုးသားသား ကျနော့အနေနဲ့ပြောရရင် အဲဒီလိုပြဿနာဖြစ်တဲ့အခါ ကျနော်တို့ CNF အနေနဲ့ ဘယ်သူ့ကို သွားပစ်မလဲ၊ AA ကို သွားပစ်မယ်ဆိုရင် ကျနော်တို့က တိုင်းရင်းသားအချင်းချင်း၊ AA နှင့် CNF က ရည်မှန်ချက်ချင်းတူနေတယ်၊ အစိုးရကိုသွားပစ်မယ်ဆိုရင် ကျနော်တို့က အစိုးရနဲ့လက်မှတ်ထိုးထားတယ်၊ ပစ်စရာမရှိဘူး၊ အဲဒီတော့ CNF က ဘယ်လိုသွားဖြေရှင်းမလဲ၊ ငါတို့က AA အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်၊ အဲဒီလမ်းကြောင်းပေါ်ကို လိုက်ကြည့်လိုက်၊…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပလက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဟားခါးမြို့အခြေစိုက် ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Community Care For Emergency Response AndRehabitation – CCERR) မှ အလှူငွေများ ကောက်ခံနေကြောင်းသိရသည်။ CCERR အဖွဲ့မှ ဒေါ် Biak Mawi Sung က “ပလက်ဝဆိုတာ ကျွန်မတို့ချင်းလူမျိုးတွေပေါ့နော်၊ ချင်းလူမျိုးတွေဖြစ်တဲ့အခါကြတော့ ဒီလိုမျိုးစစ်ဘေးရှောင်တွေတွက် ကျွန်မတို့လူမျိုးတူတယ်၊ ညီအစ်ကိုတွေပေါ့၊ အဲလိုမျိုးအခြေအနေတွေရှိတယ်၊ ဒီလိုမျိုးသူတို့ဒုက္ခရောက်တဲ့အချိန်မှာ ကျွန်မတို့ဒီတိုင်းမကြည့်ပဲနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကျွန်မတို့အခု တတ်နိုင်တာဆိုတာ ငွေသားနှင့်ပဲ ပူးပေါင်းပါဝင်ပေးနိုင်တယ်လေ၊ ကျွန်မတို့ရဲ့လုပ်ပေးနိုင်တာက သူတို့အတွက် နေထိုင်စားသောက်မှုစားရိတ်ပဲဖြစ်ဖြစ်၊ တစ်ခြား သူတို့ရဲ့ လိုအပ်ချက်တွေပေါ့၊ ကျွန်မတို့ဖြည့်ဆည်းပေးချင်တာပါ” ဟု ပြောသည်။ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးအတွက် ပလက်ဝမြို့နယ်မှအပ ကျန်ရှိသည့် ချင်းပြည်နယ်မြို့နယ်များအားလုံးတွင် ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စေတနာရှင်များထံ ယခုလအတွင်း အပြီးကောက်ခံပြီး မတ်လအတွင်း ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရန်မျှော်လင့်ကြောင်း သူမကဆက်ပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) အကြား တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုတိုးလာနေသည်။ ဒုက္ခသည်တချို့မှာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (CCERR) အနေဖြင့် ယခုကဲ့သို့ ကူညီထောက်ပံ့ပေးမှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင် မြို့မျိုးနွယ်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။ (ဓာတ်ပုံ – ကိုကျော်အောင်)
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်တွင် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ” ပိုစတာ ကမ်ပိန်းလှုပ်ရှားမှုကို ချင်းမြေယာဆိုင်ရာ ကွန်ယက်က ဟားခါး နှင့် တွန်းဇံမြို့တွင် ယနေ့ပြုလုပ်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်း (၁၁) နာရီခန့်ကစတင်ပြီး ဟားခါးမြို့နှင့် တွန်းဇံမြို့ရှိ လူစည်ကားရာနေရာ၊ လမ်းဆုံလမ်းဂွများတွင် “မြေ- ရောင်းကုန်မဟုတ်ပါ၊ ချင်းပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ။ ဘိုးဘွားပိုင်မြေသာရှိသည်။” ဆိုသည့် ပိုစတာ၊ ဗီနိုင်းများကို လိုက်လံကပ်ခဲ့ကြသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ခံတစ်ဦးဖြစ်သည့် ကို မန်ဇခုပ်ကပြောသည်။ “ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ် မရှိဘူး ဘိုးဘွားပိုင်မြေပဲရှိတယ်၊ ချင်းတိုင်းရင်းသားတွေမှာ ဘိုးစဉ်ဘောင်ဆက် ကနေ ကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် တို့ကို ကာကွယ်ဖို့ခုလို လှုပ်ရှားမှုစတင်တာ ဖြစ်တယ်’’ ဟု ကို မန်ဇခုပ်ကပြောသည်။ ယခုလှုပ်ရှားမှုသည် ပထမအဆင့်လှုပ်ရှားမှုဖြစ်ပြီး ယခုလ ဖေဖော်ဝါရီလ (၂၀) ချင်းအမျိုးသားနေ့မတိုင်ခင်တွင် ချင်းပြည်နယ် (၉) မြို့နယ်စလုံးတွင် အပြီးလှုပ်ရှားကြမည်ဟု သူကဆက်ပြောသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အစိုးရကထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု…
By လားနွန် – ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်း မြေယာသဘာဝသယံဇာတအားလုံး၏ မူလပိုင်ရှင်ဖြစ်ပြီး ချင်းလူမျိုးများ၏ သဘောထားမပါပဲ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းမပြုကြောင်း ချင်းမြေယာဆိုင်ရာကွန်ယက် Chin Land Affairs Network (CLAN) ပြောဆိုလိုက်သည်။ ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (၂၀၁၈) အပေါ် ပြည်သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ ကလေးမြို့တွင် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ရှိသူ ဦးမန်ဇခုပ်က “ချင်းမြေယာတွေကို ချင်းလူမျိုးကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိရမယ်၊ ပြီးတော့ သဘာဝသယံဇာတတွေကိုလည်း ကျွန်တော်တို့ခွဲဝေသုံးစွဲတဲ့အခါမှာလည်း ချင်းလူမျိုးတွေရဲ့ သဘောတူညီမှုတွေရယူပြီးမှသာ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပြောသည်။ ထို့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ချင်းလူမျိုးများ၏ ဘ၀ရပ်တည်မှု၊ အသက်မွေးဝမ်းကျောင်း၊ သမိုင်းယဉ်ကျေးမှုများကိုလည်း ထိခိုက်နစ်နာစေသည်ဟု ၎င်းကဆက်ပြောသည်။ “အခု မြေလွတ်၊ မြေလပ် ဥပဒေက ကျွန်တော်တို့ချင်းပြည်နယ်မှ မြေလွတ်၊ မြေလပ်မရှိတဲ့အပြင် တကယ်လို့များ မြေလွတ်၊ မြေလပ်ရှိခဲ့သော်ပေါ့၊ ဥပမာ – မြေလွတ်မြေလပ်ဆိုတာက ဗဟိုကပဲပေးပိုင်ခွင့်ရှိတယ်၊ ကျွန်တော်တို့ချင်းပြည်နယ်အစိုးရရော၊ ချင်းအမျိုးအနွယ်စုတွေပေးလို့မရဘူး၊ အဲဒီတော့ ကျွန်တော့်တို့ရဲ့ ချင်းဘိုးဘွားပိုင် အမွေအနှစ်နေရာတွေဆိုလို့ရှိရင် နေပြည်တော်ကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဆိုတော့ ဒါတွေက ကျွန်တော်တို့ ဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုကို လုံးလုံး၀၀ ချိုးဖောက်တဲ့ ဥပဒေတွေဖြစ်နေတဲ့အတွက် ဒီဥပဒေက ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှု ဓလေ့ထုံးတမ်းတွေကို ရိုက်ချိုးတဲ့ ဥပဒေဖြစ်တယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂…
By လားနွန် – နေရောင်ခြည်ကိုအသုံးပြု၍ ကော်ဖီများကို အခြောက်လှန်းနိုင်သည့် စက်ရုံတစ်ခုကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။ ချင်းတောင်တွင်ထွက်ရှိသည့် ကော်ဖီများသည် ယခင်က အခြောက်ခံလိုပါက ပြင်ပတွင် နေပူလှန်းရပြီး ကော်ဖီများသည် အနံ့အသက် စုပ်ယူမှုအလွန်အားကောင်းသည့်အတွက် အရည်အသွေးပိုင်းတွင် အားနည်းချက်များဖြစ်လာစေသည့်အပြင် နေပူချိန်အားနည်းခြင်းကြောင့် အခြောက်ခံရန် အချိန်ကြာမြင့်စွာ စောင့်နေရသည့်အတွက် (Solar Dryer Dome) နေရောင်ခြည်သုံးအခြောက်ခံစက်ကို စမ်းသပ်ကာ စတင် အသုံးပြုကြည့်ခြင်းဖြစ်သည်ဟု ပိုင်ရှင် ဆလိုင်းမာဟုန်းကပြောသည်။ “အမှန်က ကော်ဖီက အနံ့စုပ်လည်းအရမ်းအားကောင်းတယ်၊ ကောင်းတဲ့အခါကြတော့ တချို့ဆိုရင် ကြက်တွေ၊ ၀က်တွေသတ်လိုက်၊ အဲလိုမျိုးတွေပေါ့၊ ကော်ဖီကအနံ့ပေါင်းစုံကိုစုပ်တယ်၊ အမှန်က ကျွန်တော်တို့ချင်းပြည်နယ်က ကော်ဖီတွေက အရည်အသွေးကောင်းပေမယ့် ကျွန်တော်တို့ ခူးတဲ့အချိန်ကစပြီး အခြောက်လှန်းတဲ့အထိ စနစ်မကျတဲ့အတွက် ကျွန်တော်တို့ ရသင့်သလောက် ကော်ဖီတွေရဲ့အရည်အသွေးတွေ ထွက်မလာဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က ၂၀၁၆ ခုနှစ်ကစပြီး လှန်းစင်လေးတွေသုံးတယ်၊ အဲဒီမှာဖုံတွေ ဘာတွေက ကျွန်တော်တို့မကာကွယ်နိုင်ဘူး၊ ဖုံတွေထတာတွေရှိတယ်၊ နောက်ပိုင်းမိုးရာသီပိုင်းရောက်လာတော့ အထားအသိုလည်း အများကြီးလိုအပ်တာပေါ့၊ မှိုနည်းနည်းလိုက်ချင်တာမျိုးတွေဖြစ်တယ်၊ တစ်ချို့ဆိုရင် ပျက်စီးသွားတာရှိတယ်၊ မှိုလုံးလုံးတက်သွားတာရှိတယ်၊ အဲလိုဖြစ်လာတဲ့အတွက် ကျွန်တော် ဒီနေရောင်ခြည်သုံး အခြောက်ခံနဲ့ဆိုရင် (Solar dryer dome) နေလည်းကောင်းကောင်းရမယ်၊ အဲဒီအထဲမှာ အခြောက်လှန်းရင် အခြောက်လှန်းတဲ့ ခြောက်နှုန်းကညီမယ်၊ စနစ်တကျလုပ်ထားရင်တော့ အရင်နှစ်တွေကထက် ပိုပြီးတော့ အရည်အသွေးပိုထိန်းနိုင်မယ်ဆိုတဲ့ အမြင်လေးနဲ့ နေရောင်ခြည်သုံးအခြောက်ခံ (Solar Dryer Dome) စတည်ဖြစ်တာပေါ့” ဟု ဆလိုင်းမာဟုန်းက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။ ယင်းကော်ဖီအခြောက်လှန်းစက်ရုံအတွက် ဒိန်းမတ်အစိုးရထံမှ RBF…
Salai Van Cung Lian (UK) ၁.၀နိဒါန်း ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့်ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီးစနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူထုငါးထောင်တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှုပြယုဒ်ဖြစ်လို့… စသဖြင့်ပြောဆိုကြသည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီးစနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့မခေါ်သင့်ကြောင်း ပြောကြသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ၁၉၅၁ ခုနှစ်အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာဝန်ကြီးအစည်းအဝေးမှ ဖြစ်ပေါ်လာသည့် အချက်ကို အာလုံးသိပြီးဖြစ်သည်။ ထို့ကြောင့် ချင်းမျိုးသားနေ့အကြောင်းလေ့လာရာတွင် ကျွန်ုပ်သည် ချင်းရေးရာဝန်ကြီးအစည်းအဝေး၏ ဆွေးနွေးချက်နှင့်ဆုံးဖြတ်ချက်ကိုသာ စူးစိုက်ဖော်ပြသွားမည်ဖြစ်သည်။ ၂.၀လွပ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ကြိုးပမ်းမှုများ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီတွင် ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်၊ ဇန္န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်းအခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုခဲ့သည့် သက်ဦးဆံပိုင်စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ချင်းရေးရာဌာနက (၂၂) ဇန်န၀ါရီ ၁၉၄၈ ခုနှစ်တွင်…
