Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင်ဘက်တွင် တည်ဆောက်မည်

မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင်ဘက်တွင် တည်ဆောက်မည်

0
By Editor on May 4, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင်ဘက်​တွင်​တည်​​ဆောက်​ရန်​ ချင်းပြည်​နယ်​အစိုးရက ရွေးချယ်လိုက်​ပြီဟုသိရပြီး ထိုကဲ့သို​ရွေးချယ်​လိုက်​ခြင်း မတူပီလူထုဆန္ဒကို မလေးစားခြင်းမဟုတ်​ဘူးဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ခရိုင်ရုံးဆောက်ဖို့နေရာကို ကျွန်တော်တို့ ဖနိုင်-ငလိုင်ကိုရွေးပြီးပါပြီ အဲဒီမှာပဲ အစိုးရက ဆက်လုပ်သွားမှာပါ လူထုဆန္ဒကိုလေးစားတယ် လူထုဆန္ဒကိုလည်းလိုက်နာခဲ့တယ် နားထောင်ပြီးပြီ အဲဒီလူတိုင်းရဲ့ ဆန္ဒအတိုင်းလုပ်မယ်ဆိုရင်တော့ ဒီဘက်ဂျက်ကပြန်အမ်းရမှာအမှန်ပဲ ဒါပေမဲ့အခုကတော့ ဒီအဆောက်အဦးဆောက်တယ် ခရိုင်ကိုပေးတယ်ဆိုတာ အုပ်ချုပ်ရေးစနစ် ဒီဒေသဖွံ့ဖြိုးရေးအတွက်ကို စီစဉ်ပေးတဲ့ဟာပဲ အဲဒါကို အစိုးရရဲ့စီမံခန့်ခွဲတဲ့ဟာကို တအားကို ဒီလိုကန့်ကွက်နေမယ်ဆိုရင် နစ်နာဆုံးရှုံးမှာသူတို့ပဲ နစ်နာဆုံးမှာ ဆိုတော့ကျွန်တော်တို့က ဖနိုင်-ငလိုင်ရွေးပေးပြီ အဲဒီမှာ ခရိုင်ရုံးဆောက်ဖို့ရန်နဲ့ အိမ်ယာဆောက်မှာပါ” ဟုစည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် မြေနေရာအငြင်းပွားမှုသည်​ ၇ လကျော်သွားပြီဖြစ်ပြီး ၅ လသာကျန်ရှိ​တော့သည့်​အတွက်​ အမြန်​ဆုံး တင်ဒါခေါ်ယူပြီး တည်​​ဆောက်​​တော့မည်​ဟု ၀န်ကြီးကပြောသည်။

“ခရိုင်ရုံးဆောက်ဖို့ရန်နဲ့ အိမ်ယာဆောက်ဖို့ရန်အတွက် ၁.၇ ဘီလီယံကျော်နှင့် အခုတင်ဒါခေါ်ပြီးပြီး အခုတင်ဒါက ဒီမေလ ၁၀ ရက်နေ့မှာ တင်ဒါပိတ်မယ် ၂၀ ရက်နေ့ကျရင် တင်ဒါဖွင့်မယ် အဲဒီအတိုင်းပဲဆက်လုပ်မှာ နောက်တစ်ချက်က အခုကအဲဒီမြေနေရာအငြင်းခုံဖြစ်တာနဲ့ပဲ အခု ၇ လကျော်သွားပြီ ဒီဘက်မှာ ၅ လပဲကျန်တော့တယ် ၅ လတောင်မှ အခုလဆန်းဖြစ်တယ် တင်ဒါပတ်မှာက ၁၀ ရက်နေ့ ဖွင့်မှာက ၂၀ ရက်ဆို အဲဒီမှာတင်ပဲ ဟိုဘက်မှာ ၁၀ ရက်ပဲကျန်တော့တယ်ဆိုတော့ ၄ လနဲ့ ၁၀ ရက်ပဲ ဆောက်လုပ်မယ့်အချိန်ကျန်တာ ကုမ္ပဏီတွေကလည်း ဒီကာလမှာ သူ့ရဲ့တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ လုပ်ရမယ် စာချုပ်ချုပ်ရမယ် နောက်ပြီးတော့ ဘက်ဂျက်ရဲ့အနေအထား ဒီ ၄ လအတွင်းမှာဒီခရိုင်ရုံးကြီးဆောက်ဖို့ ပြီးဖို့ဆိုတာလုံးဝမလွယ်ဘူး အဲဒါကြောင့် ကျွန်တော်တို့က ကုမ္ပဏီကိုမပေးပဲနဲ့ အစိုးရဌာနဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပဲအပ်လိုက်ပြီးမှ အဲဒီကပညာရှင်တွေနဲ့ စနစ်တကျကောင်းကောင်းမွန်မွန်နဲ့ အရည်အသွေးကောင်းကောင်းနဲ့ အဲလိုဆောက်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့ကနေအခုစဉ်းစားထားတယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

၎င်းခရိုင်ရုံးတည်ဆောက်ရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရီးစဉ်အတွင်း မတူပီမြို့မိမြို့ဖများမှ ခရိုင်ရုံးအား လက်ရှိမတူပီထွေအုပ်ရုံးနှင့် အတူပူးတွဲဆောက်လုပ်ပေးပါရန်၊ ဖနိုင် – ငလိုင်ဘက်နှင့် မတူပီနှင့်အလယ်ကျသည့် ဖူလ်ပါးကွင်းတွင်တည်ဆောက်ပေးရန်နှင့် စည်ပင်နယ်နမိတ်အတွင်းတည်ဆောက်ပေးရန် တောင်းဆိုထားကြောင်း ၎င်းတို့ဆန္ဒအတိုင်း မလုပ်​​ဆောင်​ပါက ဆက်​လက်​ပြီး ကန့်​ကွက်​ ဆန္ဒပြကြမည်​ဟု မတူပီဒေသခံ ဦးဘူဖွေးကပြောသည်။

“မတူပီခရိုင်ရုံးက အဲဒီတည်ဆောက်မယ့် မြေနေရာမပြောင်းမလဲခြင်း အခုချင်းပြည်နယ်အစိုးရရဲ့ မူဝါဒမပြောင်းမလဲခြင်း ကျွန်တော်တို့ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးမှ ကျွန်တော်တို့ မြို့မိမြို့ဖအစည်းအဝေးမှာ သူတို့ ဆွေးနွေးပြီးပြီ၊ အောက်ခြေမှာဒီလောက်ထိတင်ပြရဲ့သားနဲ့နားမထောင်တာ တကယ့်ကို အံသြစရာကောင်းတယ် ပြည်သူတစ်ချို့အနေနဲ့ ဟိုဘက်မှာလည်း နေရာလိုတယ် ဒီဘက်မှာလည်းနေရာလိုတယ်အခါမှာ ကျွန်တော်တို့မြို့မိမြို့ဖက ဖနိုင် – ငလိုင်ကို ကန့်ကွက်တာမဟုတ်ဘူး သူတို့ ရုံးကိုတည်ဆောက်ပါ တစ်ခြားဌာနတွေကိုလည်းတည်ဆောက်ပါ ခင်ဗျားတို့အစိုးရလုပ်ပိုင်ခွင့်တွေရှိရင်လည်းတည်ဆောက်ပါ မြို့ကိုလည်းတိုးချဲ့ပါဆိုပြီးမှ သူတို့ခွင့်ပြုပါတယ် ကန့်ကွက်တာမဟုတ်ဘူး ခရိုင်အုပ်ချုပ်မှူးရုံးတစ်ခုတည်းကိုပဲ ပြည်သူလူထုသွားလာဖို့ လွယ်ကူတဲ့နေရာ အဲဒီရုံးပဲ မြို့ပေါ်မှာတည်ဆောက်ပေးပါ အဲတာကိုပဲ အကြိမ်ကြိမ်တောင်းဆိုတာ ပြည်သူ့အသံကို နားမထောင်တဲ့လုပ်ရပ်ဟူသမျှက ပြည်သူတွေအလိုမရှိဘူး မတူပီမြို့မိမြို့ဖများက အဲလိုဆုံးဖြတ်တယ်” ဟု ဦးဘူဖွေးကပြောသည်။

မတူပီဒေသခံပြည်သူများက မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို မြို့တွင်းစည်ပင်ဧရိယာတွင် တည်ဆောက်ပေးရန်လိုလားနေကြသော်လည်း မြေနေရာလုံလောက်မှုမရှိခြင်းနှင့် ပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးမှုအရဟုဆိုကာ ချင်းပြည်နယ်အစိုးရက မတူပီမြို့နှင့် ၉ မိုင်ခန့်အကွာ ဖနိုင် – ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်သည်။ မတူပီခရိုင်တည်ဆောက်ရန်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်သန်းပေါင်း (၁၈၂၄ ဒသမ ၉) ချထားပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.