Author: Editor

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ် Sangau ကျေးရွာမှ မြန်နာနိုင်ငံသို့ တင်ပို့မည့် ဆန် ၂၅ နဲ့အတူ ချင်းအမျိုးသမီးတဦးကို Young Lai Association (YLA) မှ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆန် အိတ်များကို မြန်မာနိုင်ငံ ချင်းပြည်နယ် Sialam ရွာရှိ Hlawnbawri မှ မီဇိုရမ်ပြည်နယ် Sangau ကျေးရွာမှ ဆန် ၂၅ အိတ် ဆန်တအိတ်ကို ရှုပီး ၇၀၀၊ ၉၀၀၊ ၁၀၀၀ နှုန်းစဖြင့် ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

Read More

မီဇိုရမ်ပြည်နယ် Serchhip မြို့နယ်အတွင်း လွှဲစွဲသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ချင်းလူမျိုး ၅ ဦးကို တရားမ၀င်နေထိုင်မှုဖြင့် Serchhip မီဇိုးလူငယ်အသင်း (YMA) မှ ဖမ်းဆီးခဲ့သည်ဟုသိရသည်။ ယခင်နှစ်များအတိုင်း Serchhip မီဇိုးလူငယ်အသင်းမှ လုပ်ဆောင်လာသော ဒေသတွင်းရှိ တရားမ၀င်နေထိုင်ကြသော နိုင်ငံခြားသားများ ရှာဖွေဖော်ထုတ်ခြင်းအစီစဉ်အရ ယမန်နေ့က serchhip မြို့နယ်အတွင်းရှိ Mat နှင့် Tuikum မြစ် ချောင်းတလျှောက်တွင် လိုက် လံရှာဖွေကြ ရာ တောထဲ၌ လွှဲစွဲနေကြသော ချင်းလူမျိုး ၅ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးသည် မီဇိုရမ်ပြည်နယ်တွင် တရားဝင်နေထိုင်ခွင့်ပြုသော အထောက်အထားများမရှိကြသည့်အပြင် Serchhip မြို့နယ်ရှိ အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် လွှစွဲနေကြသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု YMA တာဝန်ရှိသူများကပြောဆိုကြောင်း မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြ ထားသည်။

Read More

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ မြန်မာလူမူရေးအသင်းမှကြီးမူးကျင်းပသော (၇) ကြိမ်မြောက် မြန်မာရိုးရာ အတာ သင်္ကြန်ပွဲတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲတခုကို ဧပြီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။  ယင်းဟောပြောပွဲကို မီဇိုရမ်ပြည်နယ်ရှိ လူမူ အကျိုးဆောင် အဖွဲ့အစည်းဖြစ်သော Samaritan society of Mizoram မှ မူးယစ်ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများမှ လာရောက်ဟောပြောခဲ့ကြခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ် တောင်ပိုင်း မတူမျိုးနွယ်စုများနေထိုင်သည့် မတူပီမြို့ တွင် မတူဖိုရမ်တရပ်ကို ယနေ့ မှစ၍ ကျင်းပပြုလုပ် လျက်ရှိသည်။  ယနေ့ ဧပြီ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ကျင်းပမည့် ယင်းဖိုရမ်တွင် မတူမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်မှု ပိုမို အားကောင်းလာစေရေးနှင့် အနာဂတ်လုပ်ငန်းချမှတ်နိုင်ရေး၊ အနာဂတ်ပညာရေး၊ သဘာဝ ပတ်ဝန်ကျင် ပြသနာနှင့် မတူမျိုးနွယ်စုများ၏ အနာဂတ်အရေး၊ အနာဂတ် စီးပွါးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အမျိုးသမီးအခွင့်အရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြမည် ဖြစ်သည်။

Read More

မကြာသေးခင်က ကောက်ခံခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် သန်းခေါင် စာရင်းကောက်ခံ သူများ၏ လုပ်ရပ်များကြောင့် ဇိုမီးလူမျိုးများအတွင်း စိုးရိမ်မှုများရှိနေ သည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီုမှ ပြောဆို လိုက်သည်။ သန်းခေါင်းစာရင်းကောက်ခံမှုတွင် ZCD ပါတီမှ လေ့လာတွေ့ရှိရသော ဇိုမီးလူမျိုးများအကြား စိုးရိမ်မကင်းဖြစ်ရသည့်  အကြောင်းအရာ အချက်အလက်များကို ဧပြီလ ၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟိုသန်းခေါင်စာရင်းကော်မ ရှင်ရုံး ညွန်ကြားရေး မှူးထံ လိပ်မူ ကာ ရေး သားပေးပို့ထား သည်ဟု သိရည်။

Read More

ဇွန်လ မှ ပြန်လည် ဖွင့်လှစ်မည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တ၀ှမ်းလုံးမှ အဌမတန်းနှင့် စတုတ္တတန်းကျောင်းသားများထဲက ထူးချွန်သူ  ၃၀ အား ပညာသင်စရိတ် ထောက်ပံ့မည်ဟု သိရသည်။ ချင်းပြည်နယ် (၉)မြို့နယ်မှ ကျောင်းသားများသည် အင်္ဂလိပ်စာ ဘာသာရပ်နှင့် အပြင်ဗဟုသုတ များကို မိမိတို့မြို့ နယ်အလိုက် ယှဉ်ပြိုင်စေပြီး အလယ်တန်းကျောင်းသား (၁၁)ဦး၊ မူလတန်းကျောင်းသား (၁၉)ဦး စုစုပေါင်း ၃၀ အား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Read More

ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသ (၄) ခုတွင် ယခင် ချင်းအမျိုးသားပါတီ ခေါ် ချင်းအ မျိုးသားဒီမိုကရက်တစ်ပါတီကော်မီတီ (၄)ခုကို ယခုလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။ ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ အဓိက နေထိုင်သည့် မြေပုံ၊ မင်းပြား၊ အန်း၊ တောင်ကုတ် စသည့် မြို့ (၄) မြို့တွင် မြို့နယ်အဆင့် ကော်မီတီများကို ဖွဲ့ စည်းကြခြင်းဖြစ်ကြောင်း ကော်မီတီအပြင် သက်ဆိုင်ရာ ရုံးများ ကိုလည်း တပါတည်း ဖွင့်လှစ်ကြကြောင်း သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တခုတွင် ယခုလ ၄ ရက်နေ့က မြန်မာနိုင်ငံသား ၂ ဦးထံ လက်နက်များ ဖမ်းဆီးရမိကြောင်းသိရသည်။ ကျန်ဖိုင်းမြို့ရဲအဖွဲ့မှ ကြိုတင်သတင်းရရှိချက်အရ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခွါထားဘက်မှ မီဇိုရမ်ပြည် ဘက်သို့ ထွက်လာသော Maxi cap ကားအမျိုးစားတစီးကို ကျန်ဖိုင်းမြို့နယ် Khankawn စစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ် ဆေးရာ ကားထဲဝှက်ထားသော လက်နက် M4 A1 carbine machine gun (colt 5.56) တလက်၊ ကျဉ်စံ ၁၂ တောင့်၊ ကျဉ်ဘောက်တစ်ခု၊ အေကေ ၄၇ အမျိုးစား ရိုင်ဖယ် ၄ လက်၊ ကျဉ်ဆံ ၁၂၀၀၊ ကျဉ်ဘောက် ၄ ခုနှင့်အတူ ပိုင်ရှင်ဟု ယူဆရသော မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးခဲ့ပြီး ကျန်တဦးမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းတွင်ဖော်ပြထားသည်။

Read More

Salai Van Lian Thang – မြန်မာတနိုင်ငံလုံးတွင် သန်းခေါင်စာရင်း ကောက်ခံနေပါတယ်။ မတ်လ ၃၀ ရက် ကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် ကောက်ခံမှာဖြစ်တယ်။ ဗြိတိသျှ လက်အောက်တွင် ၁၈၇၂ မှ ၁၉၄၁ အထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့ပြီး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် ကောက်ခံဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု ပြဌာန်း ထားပါ တယ်။ မြန်မာပြည်တော့ မလိုက်နိုင်ခဲ့ပါ။ ယခု နှစ်ပေါင်း ၃၀ ကြာပြီးမှ UNFPA အကူ အညီဖြင့် ပြန်လည်ကောက် ခံနိုင်တာဖြစ်ပြီး တိုင်းပြည်အတွက် မလုပ် မဖြစ် လိုအပ်တဲ့ အရာပါ။ ဒါပေမဲ့ နယ်ချဲ့  အစိုးရနှင့် စစ်အစိုးလက်ထက်တွင် ပြုစုခဲ့သော လူမျိုး ၁၃၅ စာရင်းဟောင်းကြီးကို အခြေခံကာ ပြန်လည်ကောက်ခံနေတာပါ၊ အဲဒါကိုက အဓိက ပြသာနာဖြစ်နေပါတယ်၊ မြန်မာ့အရေး ကျွမ်းကျင်သူ Bertil Linhter အဆိုအရ တပ်မတော် Lucky Number က ၉ ဖြစ်ပြီး၊ ၁+၃+၅ = ၉ တွက်ချက်ဖြင့် လူမျိး ၁၃၅ မျိုး သတ်မှတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်နေ့ ကိုလည်း ၂+၇ = ၉ တွက်ချက်ဖြင့် မတ်လ ၂၇ ရက်တွင် သတ် မှတ်သည်ဟု…

Read More

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၃း၀၀ နာရီခန့်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဗန်ဇန်တောင်ကြောလမ်း၊ ထန်တလန်မြို့နှင့် ဆိုပုမ်ရွာကြားတွင် ဒရိုင်ဗာ တင်ကျဲအို မောင်းလာသည့် ပူး ထာလျန်၏ အုတ်သယ်ကား တစီး တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။

Read More