Author: Editor

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေ ရတဲ့ ကိစ္စနဲ့ပတ်သက် လို့ မြန်မာအစိုးရနှင့် ရခိုင်တွေသာလျှင် တာဝန် ရှိတယ်လို့ ပြောရမှာ ထက် စီးပွားရေး လောဘ သားကောင်ဖြစ်နေ တဲ့ နိုင်ငံကြီးဆိုသူတွေ ပိုပြီးတာဝန်အရှိ ဆုံးပါခင်ဗျား။ ဒီစီးပွား အမြတ်ထုတ်၊ ကိုယ်ကျိုးရှာ လောဘသားတွေကြောင့် ကမ္ဘာကြီးမှာ စစ်မီးကြီး နှစ်ကြိမ်ထလောင်ခဲ့ရပြီး၊ သိန်းနဲ့ ချီတဲ့ အပြစ် မဲ့ ပြည်သူတွေ သေကြေခဲ့ရတယ်။ ဒါတောင် ဒီနိုင်ငံကြီးတွေက ဗိုက်မဝသေးပါဘူး။ သူတို့ရဲ့ မိုက်မိုက် ကန်းကန်း စီးပွားကိုယ်ကျိုးရှာလို တဲ့ လောဘကြောင့် ကမ္ဘာပေါ်မှာ ရိုဟင်ဂျာကဲ့သို့ အသတ်ခံနေရသူ ဘယ်လောက် ရှိနေပြီလဲ ဆိုတာ ဖန်ဆင်းရှင် ဘုရားသခင်ဘဲ သိမှာ ပါ။ အဲဒီနိုင်ငံကြီးတွေရဲ့ နည်းပရိယာယ်ကိုလဲ ကြည့်ပါအုံး၊ ယင်းတို့ရဲ့ စီးပွားရေးပြိုင်ပွဲမှာ အစ္စလာမ်အယူဝါဒနဲ့ အဲဒီအ ယူကိုလိုက်နေတဲ့ မူဆ လင်တွေကို အကြောင်း ရင်းခံ ထားတယ်။ တချို့က မူဆလင်တွေကို ထောက်ခံသယောင်နဲ့ လမ်းကြောင်းကို လိုက်ပြီး ၊ နောက် တ ချို့ က အဲဒါကိုဆန့်ကျင်တဲ့ဘက်က မားမားမတ်မတ် ရပ်တည် ကြတယ်။ ဒီလိုပြောတော့ ဘာကြောင့်မူဆလင်ကိုဘဲ ပစ်မှတ်ထားသလဲ…ဆိုပြီး လူတွေမေးစရာတော့ ဖြစ်နေလိမ့်မယ်။ ရှင်းရှင်းလေး ပါ ။   ငွေရေးကြေးရေး  တတ်နိုင်တဲ့နိုင်ငံတွေ မှာ မူဆလင်နိုင်ငံတွေက အထူးသဖြင့်…

Read More

မြန်မာနိုင်ငံ အနောက်ဖက်၊ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ်ရှိ မြွေတောင် ဖားတောင် နီကယ်သတ္တုရိုင်းကို ကိုယ်ထူကိုယ်ထ တူးဖော်နေသူများအား ယခုလမှ စပြီး သက်ဆိုင်ရာက တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။ မြွေတောင်ဖားတောင် သတ္တုရိုင်းကို အနီးအနားရှိပြည်သူများက တူးဖေါ်ခြင်းမပြုတော့ရန် ဆော်သြပြီး ပိတ်ပင်ခိုင်း ထား ကြောင်း၊ တူးဖေါ်ပြီးသော သတ္တုရိုင်းများကို အ ရည်အသွေးအပေါ်မူတည်ပြီး ဒေသခံတွေက ထောင်ဂဏန်း ကနေ သိန်းဂ ဏန်းအထိ အရောင်းအ၀ယ်လုပ်နေကြကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာ တွင် ဖေါ်ပြထားသည်။ သတ္တုရိုင်းကို ဒေသခံပြည်သူများအပြင် အခြားနယ်မှ ပြည်သူများလည်း လာရောက်တူး ဖေါ်နေကြခြင်းဖြစ်ပြီး ကလေး နယ်နှင့် တာဟန်းမြို့များရှိ ပွဲစားမှတဆင့်  မန္တလေး ကနေ တဖက်တရုတ်နိုင်ငံသို့  တင်ပို့ နေကြသည်ဟု သိရသည်။ အဆိုပါ သတ္တုရိုင်းများသည် ပန်းပုလုပ်ငန်းများမှာ အကျုံးဝင်သည်ဟု သိရပြီး လုပ်ခွင့် ပိတ်ပင်ခံရသူများသည် လက်ရှိတွင် အခြားနယ်သို့  လုပ်ငန်းပြောင်း လုပ်နေ ကြပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။ ကိုယ်ထူကိုယ်ထ သတ္တုရိုင်းလုပ်ငန်းကို ဒေသခံလူမှုအဖွဲ့ အစည်းများအပါအ၀င် သဘာဝပတ် ၀န်းကျင် စောင့်ကြည့် ရေးအဖွဲ့  များက ပညာပေးလှုံ့ ဆော်မှုများပြု လုပ်ပြီး မြို့ နယ်အထောက် အကူပြုအဖွဲ့ ၊ ဌာနဆိုင်ရာများ ၏ တားမြစ်မှု များကြောင့် ယခုကဲ့သို့  ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ယင်းလုပ်ငန်းကို တရုတ်နိုင်ငံပိုင် North Mining…

Read More

ချင်းဒုက္ခသည်အများစု နေထိုင်သည့် နယူးဒေလီမြို့ ၌ ယနေ့  တွင်  ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီး များနေ့ တွင် မြန်မာဒုက္ခသည် အမျိုးသမီးအဖွဲ့ မှဦးစီးပြီး ဆန္ဒပြ ပွဲ တရပ် ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယအစိုးရနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများအနေဖြင့် ဒေလီရှိ မြန်မာဒုက္ခသည်များကို ပိုမိုအာရုံစိုက် စောင့်ရှောက်စေလိုကြောင်း၊ လွန်ခဲ့သည် (၃)နှစ်အတွင်း ဒုက္ခ သည် အပေါ်အကြမ်းဖက်မှု၊ နှိပ်စက်မှု အကြိမ် (၂၀၀) ခန့် ရှိခဲ့သည့်အနက် အမှု (၁၀၀) သည် မြန်မာဒုက္ခသည်များကို မုဒိန်းကျင့်ခဲ့သည့် အမှုများဖြစ် ခဲ့ကြောင်း၊ ယင်း အဖြစ် အပျက်များအပေါ် သက်ဆိုင်ရာ  တာဝန်ရှိသူများမှ မည်သည့် အရေးယူ ဆောင်ရွက် ပေးခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။့ အိန္ဒိယအစိုးရအနေဖြင့် ဒုက္ခသည်များကာကွယ်သည့် ဥပဒေပြဌာန်းပြီး ယင်းဥပဒေအရ တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုကြောင်း၊ အထူးသဖြင့် မြန်မာဒုက္ခသည်များ အကာအကွယ်ပေးနိုင်သည့် လုံခြုံရေး တာဝန်ရှိသူများ သီးသန့် ထားစေ လိုကြောင်း ဖေါ်ပြထားသည်။ ဒေလီရှိ မြန်မာဒုက္ခသည်များသည် မိမိတို့ မိသားစု စားဝတ်နေရေး အခက်အခဲရှိနေသော်လည်း တာဝန်ရှိသူ များက အလုပ်ဖန် တီးပေးရေး၊ လူမှုရေး အထောက်အပံ့ပေးရေးနှင့် လုံခြုံစွာနေထိုင်နိုင်ရေး တို့ အတွက် အာဏာ ပိုင်များမှ လုပ်ဆောင်စေလိုကြောင်း လည်း ဖေါ်ပြထားသည်။ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများအနေဖြင့် ဒေလီရှိ မြန်မာဒုက္ခသည် ကလေး သူငယ်များ…

Read More

Burma Center Prague (BCP) မှ ကြီးမှုးကျင်းပမည့် ချင်းပြည်နယ်အတွင်းရှိ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်း များအတွက် စီမံကိန်းရေးဆွဲခြင်း နှင့် အကောင် အထည်ဖော်ခြင်းဆိုင်ရာ သင်တန်း ကို ဧပြီလ ၄ – ၆ ရက်အထိ ကလေးမြို့တွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

Read More

အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့ နယ် နယ်စပ်ဒေသ ချင်းပြည်သူများ စားနပ် ရိက္ခပြတ်လပ်မှု စိုး ရိမ်ရကြောင်း သိရှိရသည်။

Read More

ဗမာဘာသာဖြင့် တိုင်းရင်းလူငယ် (၅) ဦး ပူးတွဲသီဆိုထားသည့်  “ငါး ” အမည် ရ တေးအယ်လ်ဘမ် ကို ယခု မတ်လ (၅) ရက်နေ့က စပြီး  မြန်မာတပြည် လုံး ဖြန့်ချီ လိုက်ပြီ ဟု သတင်းရရှိသည်။

Read More

(ဘာမထီမောပီ) ‘ငါစိတ်နာတယ်’  တောက်ခေါက်ပြီး၊ အလွန် အမင်းဒေါသ ပြင်းထန်နေသည်။ ငါ့ရွာမှာ ငါသာနေရင် အခုလောက် ဆို … ငါ့ရွာမှာ ငါ့မိသားစုနေခွင့်ရရင် … င့ါအဘိုးပေးတဲ့ မြေ၊ ယာအမွေတွေကို ငါအရင်းအနှီးပြုပြီး ငါ ကောင်းစားလောက်ပြီ။ ကလို ဘယ်လိုင်ဇေးရှင်းခေတ်ဖြစ်ပေမယ့် ငါလက်မခံဘူး၊ တခါတခါ၊ လူ့ဘ၀ တဆစ်ချိုး နေပြီဖြစ်တဲ့ ငါ့ဘ၀ ဒီနေ့ ထက်ထိ ရွာမရောက်နိုင်သေးတဲ့ဘ၀’  ။ ‘အဖေ၊ အဖေ့သားတွေ ရှိနေပြီလေ၊ ဘယ်မှာ လည်း အဖေ့ကို သတ်ချင်တဲ့လူ၊ ငါသူ့ကို အရင်သတ်ပြမယ်’။ (၁) ကျနော့် ဆွေမျိုးတဦးမှ ဗမာပြည်မတွင် ကျူးလွန်ခဲ့သော ပြစ်မှုနှင့် ဆက်စပ်ပြီး နောက်ဆက်တွဲ ပြဿနာပေါ် ပေါက်ခဲ့ သည်။ ကျူးလွန်ခဲ့သည့်ပြစ်မှုသည် လူသတ်မှုဖြစ် သည်။ နိုင်ငံတော်၏ တရားစီရင်ရေး ဥပဒေဖြင့် ထိုပြစ်မှု ကျူးလွန်သူကို ၄င်းနှင့် ထိုက်တန်အောင် ပြစ်ဒဏ်ချခဲ့ပြီးဖြစ်သည်။ သို့သော် ချင်းထုံးစံ အတိုင်း (ကလဲ့စားချေ) လုပ်ဆောင်ရန် ကျန် နေခဲ့သေးသည်။ သေဆုံးသူနှင့် ထိုက်တန်သူကို ပြန်လည် ကလဲ့စားချေ သတ်ဖြတ်ရသည်။ (၂) တနေ့ အဖေနှင့်အမေ အကြင်လင်မယားဖြစ်ခါစက မင်းတပ်မြို့လယ်တွင် ရုပ်ရှင်ကြည့်ပြီး အပြန် အိမ်အနီး ပါတ်ဝန်း ကျင်တွင် ညီးညူနေသည့်ခွေးသံများ ကြားနေရ သည်။ အချိန်အခါမဟုတ်လူတဦး လေးမြှား လက်နက်ဖြင့် ကင်းပုန်း ၀ပ်နေသည်။ အိမ်မွေးခွေးမှ အပြေးအလွားလာပြီး နမ်းရှိုက်ကာ ခေါက်တုန့် ခေါက်ပြန် ပြေးနေသည်။ အနီးအနားပါတ်…

Read More

အယ်ဒီတာချုပ်ခင်ဗျား ဒီအဖြစ်မှန်လေးကို လူကြီးမင်း၏ သတင်းဂျာနယ်မှတဆင့် ဖော်ပြ ပေးပါလို့ တင်ပြလိုပါတယ်၊ မြန်မာနိုင်ငံဟာ စည်း ကမ်း ပြည့်ဝပြီး ပါတီစုံ ဒီမိုကရေစီနှင့်ကိုက်ညီအောင် လဒ်ပေးလဒ်ယူမှုမရှိ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရမည်တဲ့။ ကျတော်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အထက်ပထိန်တလန်ကျေးရွာကပါ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နဲ့အတူ ပလက်ဝမြို့သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ဘူး ပါတယ်၊ ပလက်ဝမြို့ပေါ် ဌာနဆိုင်ရာမှ အရာရှိတွေက အစ ၀န်ထမ်း တွေအားလုံးလိုလိုဟာ လဒ်တောင်းစားနေကြတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ပါတယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အုပ်စုစာရေး အလုပ်လျှောက်တဲ့လူတွေကို ၁၅ သိန်းပေးမှ သာလျှင်အ လုပ်ခန့်ကြတယ်၊ အစိုးရကျောင်းအတွက် ကျောင်းမြေ ဂရမ် ပုံစံ ၁၀၅-၁၀၆ ထုတ် နိုင်ရန် အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက် တစ်စောင်အတွက် ကျပ်ငွေ (၅) သောင်းတောင်းခံ ကြတယ်၊ ပညာရေးဌာန က လက်ထောက်မြို့နယ်ပညာရေးမှူးလည်း အဆင့်တိုး ကျောင်းဆောက်ရန် ရန်ပုံငွေလျှောက်လွှာ ပုံစံ အတွက် ကျပ်ငွေ (၇)သောင်း ယူကြတယ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန ကလည်း နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးရန် ကိုယ်တိုင် နယ်ဆင်းပြီး မှတ်ပုံတင် ကဒ်ပြား တစ်ခုကို ကျပ်(၅)ထောင်နှင့် အိမ်ထောင်စု ကဒ်ပြား တစ်ခုအတွက် ကျပ် (၂) ကောက်ကြနေတယ်။ ဒါတင်မကပဲ မြေစာရင်းရုံးကလည်း မြေဂရမ်တခုကို ကျပ်ငွေ (၃)သောင်း တောင်းနေရတယ်၊ အဲဒါတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်နယ်ဝန်ကြီးဖြစ်သူ ဦးကျော်ငြိမ်းက သိများသိမလား၊ သိယင် အရေးယူ မှုများရှိမလား…

Read More

၂၀၁၃ ခုနှစ်နိုဝင်ဘာလအတွင်း ချင်းပြည်နယ်ဟားခါးမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံ (CNC) ရလဒ် ဆက်လက်အကောင် အထည်ဖော်ရေး အတွက် ညီလာခံနောက်ဆက်တွဲ ကော်မီတီ အစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ (၂၆-၂၈) ရက်အကြား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ချင်းအမျိုးသားညီလာခံ နောက်ဆက်တွဲကော်မီတီကို (၄၅) ဦးအနက် အစည်း အဝေးသို့ ကော်မီတီဝင် ၂၅ ဦးခန့် တက် ရောက် နိုင်ခဲ့ကြ ပြီး ကော်မီတီ ကို မောင်းနှင်မည့် ပူးပေါင်းညှိနှိုင်းကော်မီတီဖွဲ့စည်းခြင်း၊ ဦးဆောင် ကော်မီတီဝင် များရွေးချယ်ခြင်း၊ အလုပ်ကော်မီတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရသည်။

Read More

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်အုန်းခင် သည် ချင်းလူမှုဒုက္ခဖြေရှင်းရေးအတွက် ကျပ်သိန်းပေါင်း ၁၇၀၁ . ၃၃ ကူညီခဲ့ကြောင်း သိရသည်။

Read More