Author: Editor

၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့  နယ်တွင် ခလရ (၃၄၄) တပ်ရင်းမှူး အဖွဲ့ မှ ဒေသခံပြည်သူများအား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ် ပစ်ဖောက် ကာခြိမ်းခြောက်ခဲ့သည့်ကိစ္စကို အရေးယူဆောင်ရွက်ပေး ရန် ပြည်နယ်ဝန်ကြီးချုပ် ထံ ဒေသခံများက တိုင်ကြား ထားသည်ဟုသိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့ ရှိ ချင်းလူမျိုးအများစု နေထိုင်ရာနေရာများတွင် Laimi Thi Hlut Bu (LTHB) ခေါ် Chin Blood Donation Group က ဦးဆောင်ပြီး သွေးလှူမှု စတင်အကောင် အထည်ဖော်နေကြောင်း သိရ သည်။

Read More

ချင်းအမျိုးသားတပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည် နယ် ၊ မောင်းတောမြို့နယ် ရသေ့ တောင်အခြေစိုက် ခမရ ၃၄၄ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့ နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ကုန်ပြင်ရွာသား U KyawKyaw, U Maungsein နှင့် ကာကီရွာ သား U Sane Aung တို့အား ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ယာ ထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး ယနေ့ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ဖွဲ့(BSF) နှင့် မီဇိုရမ်ပြည်နယ် ထောက် လှမ်း ရေး ပူးပေါင်းတပ်ဖွဲ့က  မြန်မာနိုင်ငံမှ ၀င်ရောက်လာသော လက်နက် ၅ လက် နှင့် ကျည်ဆံ ၅ ထောင်ကျော်ကို ယမန်နေ့ က ဖမ်းဆီးရမိသည်။ ကြိုတင်သတင်းရရှိထားချက်အရ အဆိုပါပူးပေါင်းတပ်ဖွဲ့သည် အိုင်ဇောလ်ခရိုင် Lengpui ရွာအနီးတွင် maxi-cab ကားအမျိုးစား MZ-01 J-0274 ရှာဖွေစစ်ဆေးရာတွင် ကားထဲတွင်လိုက်ပါလာသူ Chakma လူမျိုး ၅ ဦး နှင့်အတူ AK-47 အမျိုးစားသေနတ် ၅ လက် နှင့် ကျည်ဆံ ၄၀၀၀၊ M-16 ကျည်ဆံ ၁၁၀၀၊ လက်ကိုင်ဖုန်း ၁၀ လုံး နှင့် ရူပီးငွေ ၆ သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။ မီဇိုရမ်ထောက်လှမ်းအရာရှိတစ်ဦး၏ပြောဆိုချက်အရ အဆိုပါလက်နက်များသည် မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည် နယ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ တင်ပို့ရောင်းချရန်ဖြစ်သည်ဟု သိရ သည်။

Read More

အဆင့်မြင့်ပညာကဏ္ဍ အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိုးသား ငွန်လျန်ဆန်းက ကျပန်း စကားပြော ပြိုင်ပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ဆိုင်ကယ်အစီးပေါင်း ၂၀ နီးပါးခန့် ခိုးယူခဲ့သော အသက် (၂၄) နှစ်၊ ကားဝပ်ရှော့ လုပ်သား ဂရုဏာလမ်းသွယ်၊ ကျောက္ကာလမ်း မုံရွာမြို့နေ တေဇာလင်း (ခေါ်) အငယ်လေး ဆိုသူကို ကလေးမြို့ ရဲတပ်ဖွဲ့မှ သြဂုတ်လ ၂၅ ရက်နေ့ က ဖမ်းမိခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်မှ ယခုနှစ်အထိ ကလေးမြို့နယ်တွင် ဆိုင်ကယ်အစီးပေါင်း ၁၉ စီးကို ခိုးယူခဲ့သည်ဟု အငယ်လေးက ရဲစခန်း တွင် ထွက်ဆိုထားပြီး ယင်းအထဲမှ HONDA CLICK နှင့် HIBOBO CZI 125 ဆိုင် ကယ်အမျိုးစား ၂ စီးမှာ ကလေးမြို့ ရဲတပ်ဖွဲ့မှ ပြန်လည်ရရှိထားပြီဟုသိရသည်။ “ ခိုးတဲ့ ဆိုင်ကယ်အမျိုးအစား၊ ခိုးတဲ့နေရပ်လိပ်စာ၊ ခိုးတဲ့နေ့ရက်တွေပါ ရဲစခန်းမှာ ထွက်ဆိုထား တယ်၊ ဒါကြောင့် ဆိုင် ကယ်ပျောက်ဆုံးတဲ့သူတွေအနေနဲ့ ကိုယ့်ဆိုင်ကယ်ပါမပါ သွားရောက် ကြည့်ရှူ သင့်တယ်၊ ကျနော်လည်း သွားကြည့် တော့ သူထွက်ဆိုတဲ့စာရင်းထဲမှာ ပျောက်သွားတဲ့ ကျနော့ဆိုင်ကယ်တော့ ပါမလာဘူး’’ ဟု ကလေးဒေသခံ ကပြောသည်။ တေဇာလင်း(ခေါ်) အငယ်လေးကို ကလေးမြို့ရဲစခန်းမှ ရာဇ၀တ်မှုပုဒ်မ ၃၇၉/ ၅၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။ ကလေးမြို့နယ်တွင် ယနေ့ချိန်ထိ ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိ သည် ဟု ဒေသခံ များကပြောသည်။

Read More

ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်မည့် နေ့ စားလပေး ကျောင်းဆရာ/မ (၃၀) ကျော်သည် ယနေ့ ချိန်အထိ ၎င်းတို့  တာဝန်ကျ သည့် ဒေသ သို့ ရောက်ရှိ နိုင်ခြင်းမရှိသောကြောင့် လာမည့် စက်တင်ဘာလအတွင်း ယင်းနေရာများအတွက် အလုပ် ပြန်လည် ခေါ် ယူမည်ဖြစ်သည်။

Read More

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (Mizoram Excise & Narcotics Department, Anti-Narcotics Squad) မှ ချင်းအမျိုး သမီးတဦးအား ရှုပီးငွေ ၆၆ သိန်းကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းခဲ့သည်။ အလုံးရေ ၃၈၀၀၀ ရှိသည့် အဆိုပါ စိတ်ကြွဆေးပြားသည် မြန်မာနိုင်ငံဘက်မှ သယ်ဆောင် လာခြင်းဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ရှုပီး ၆၆၅၀၀၀၀ ရှိကြောင်း၊ ဆေးပြားနှင့်အတူ ဖမ်းဆီးခဲ့ သည့် ကလေးမြို့  တာဟန်း (A) ရပ်ကွက်နေ Lalhmangaiha ၏သမီး Lalhnuni (45) အား ဖမ်းဆီးခြင်းဖြစ်ကြောင်း ယနေ့  ဒေသထုတ်သတင်းစာ ဖြစ်သည့် The Aizawl Post တွင် ဖေါ်ပြ ထားသည်။ အဆိုပါသတင်းစာတွင် ဖေါ်ပြချက်အရ သြဂုတ်လ (၂၄) ရက်နေ့ ၌ Lahnuni ထံမှ စိတ် ကြွဆေးပြား အလုံးရေ ၂၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ အာဏာပိုင်များက အဖမ်းခံအမျိုးသမီးကို ဆက်လက် စစ်ဆေးမေးမြန်းခဲ့ရာမှ သြဂုတ်လ ၂၅ ရက်နေ့မနက် ၁ နာရီအချိန်ခန့်တွင် အလုံးရေ ၁၈၀၀၀ ကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဖမ်းဆီးခံ ချင်းအမျိုးသမီးကို NDPS Act, 1985 အရ သက်ဆိုင်ရာ အာဏာပိုင်များက အမှုဖွင့် တရားစွဲ ဆိုခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ဇူလိုင်…

Read More

၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ခွင့်ပြုလိုက်သော ချင်းဒီမိုကရေစီအဖွဲ့ ချုပ် Chin League for Democracy (CLD) ၏ ရုံးဖွင့်လှစ်ပွဲ အခန်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့  ရန်ကုန်မြို့ ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

Read More

၁၉၉၉ ခုနှစ်က ကျင်းပခဲ့ သည့် ချင်းပြည်နယ် ထန်တလန်မြို့ အနှစ် (၁၀၀) ပြည့် ခရစ်ယာန် ရာပြည့်နှစ် ပွဲတော်၏ ဒေသအတွင်း အရက်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ပုဒ်ကို Than Tlang Christian Fellowship (TCF)  က ပြန်လည်အသက်သွင်းပြီး လက်တွေ့ အကောင်အ ထည်ဖေါ်ဆောင်မည်ဟု သိရသည်။ Thantlang Baptist Church, Jubilee ခန်းမတွင် ယခုလ သြဂုတ် ၁၆ ရက်နေ့က ကျင်းပပြုလုပ် သည့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံစုရပ် TCF အစည်း အဝေးကြီးက ဒေသအတွင်း အရက်ရောင်းသူ များ ကို ထန်တလန်မြို့ မှ မောင်းထုတ် ရေး ဥပဒေ ချမှတ်ရေး လူထု ဆန္ဒရယူရန် ဆုံးဖြတ်ချက်အရ လူထု ဆန္ဒ ကောက်ခံ နေကြောင်း ယနေ့ ထုတ်ဟားခါးပို့  စ် တွင် ဖေါ်ပြထားသည်။

Read More