(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသမှာ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား ယနေ့ နေ့လယ်ပိုင်းက ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂ ခွဲခန့်ကစ၍ Satawm ၊ Lianhna နှင့် Tuichirh ကျေးရွာတို့တွင် နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောဆိုသည်။ “CNO/CNDF က ကျွန်တော်တို့ကို နယ်မြေကျူးကျော်ပြီး ဒရုန်းနဲ့ အရင်လာချတဲ့အတွက်ကြောင့် ထိတွေ့မှု ဖြစ်သွား တာပါ” ဟု CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ CNDF တပ်ဖွဲ့က Satawm နဲ့ Lianhna ကျေးရွာကို ဒရုန်းများဖြင့် စတင်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ CDF-Hualngoram ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်အရ CNO/CNDF တပ်ဖွဲ့များသည် ယခင်လက ၎င်းတို့ထိန်းချုပ် ထားသော နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ စခန်းသစ်များ တည်ဆောက်လာခြင်းကြောင့် နှစ်ဘက်တပ်အကြား တင်းမာမှုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “CNO/CNDF က CDF-Hualngoram နယ်မြေထဲကို ကျူးကျော်ပြီး Post (စခန်း) အသစ်တွေ လာဆောက်ကြတယ်။ ပြီးခဲ့တဲ့လကနေ မနည်းတိုးလာတာပေါ့နော်။ ကျွန်တော်တို့ လက်နက်မသုံးအောင် အများကြီး ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ဘက်က အရင် သေနတ်မဖောက်ဖို့ပေါ့နော်။ ဒါနဲ့သူတို့က အင်အား တိုးချဲ့လာတယ်။ အခုလို ထိတွေ့မှုကတော့ မဖြစ်သင့်တဲ့ဟာပေါ့နော်၊ ကိုယ့်နေရာနဲ့ကိုယ် နေကြဖို့ပဲ၊ အရင်ကတည်းက ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ သူတို့က…
Author: Editor
ကလေး- ဂန့်ဂေါကြား စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲဆက်ဖြစ်နေ (006SV) ကလေး- ကဘော်-ဂန့်ဂေါဒေသတွင် စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – KKG သည် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲ ၄ နှစ်တာအတွင်းမှာ ရဲဘော် ၇၃ ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါပေးဆပ်သူနှင့် ဒဏ်ရာရှိသူ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။ CDF – KKG ၏ ကျဆုံးရဲဘော်များတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပြီး ဇူလိုင် ၁ ရက်တွင် ကျရောက်သည့် CDF – KKG ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတည်ဆောင်မှု ၄ နှစ်ပြည့်တွင် ယင်းအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အသိပေးလာခြင်းဖြစ်သည်။ “ကျဆုံးရဲဘော် ၇၃ ယောက်အတွင်းမှာ အမျိုးသမီးရဲဘော် ၂ ယောက် ပါဝင်ပါတယ်။ ကျဆုံးရဲဘော်တွေကတော့ စစ်ကောင်စီနဲ့ တိုက်ခိုက်ရင်း ကျဆုံးတာ အများစုပါ။ ပြီးတော့ လက်နက်ခဲယမ်း မပြည့်စုံ မကောင်းမွန်မှုကြောင့် ထုတ်လုပ်တဲ့ လက်နက်တွေ၊ ခဲယမ်းတွေကြောင့် ကျတာလည်း အနည်းအပါးရှိပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ရင်း ကျန်းမာရေးကြောင့် ကွယ်လွန်သူလည်း တစ်ယောက်စ နှစ်ယောက်စရှိသလို၊ ရရှိထားတဲ့ ဒဏ်ရာတွေကို ကုသနေစဉ်အတွင်း ကျဆုံးသူတွေလည်း ရှိပါတယ်” ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကိုယ်လက်အင်္ဂါဆုံးရှုံးရသော ရဲဘော်များသည် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များတွင် သင့်လျော်သော တာဝန်၊ ထမ်းဆောင် နိုင်သော တာဝန်များကို ထမ်းရွက်တိုက်ပွဲဝင်နေကြပြီး ယင်းရဲဘော်များသည် ခြေတု၊ လက်တုများ စသဖြင့်…
(004SS) မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် ဇွန်လ ၂၇ ရက်နေ့တွင် တတိယအကြိမ်မြောက် အရေးပေါ်လှူဒါန်းမှုများ ဆောင်ရွက်ခဲ့သည်ဟု ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ သိရသည်။ ကာကီစခန်းရှိ စစ်ဘေးရှောင်များအတွက် ဆန် ၁၀၇ အိတ်၊ လောင်းပဆူးစခန်းသို့ ဆန် ၂၅ အိတ်နှင့် တွီဒင်းစခန်းသို့ ဆန် ၁၀၇ အိတ် စုစုပေါင်း ဆန် ၂၃၄ အိတ်၊ ဆား ၁၀၀ အိတ်နှင့် ဆီ ၈၄ ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။ လုံးဝပျက်စီးသွားသည့် နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်လျှင် ရူပီး ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း ရူပီး ၂၅၅၀၀၀ ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်ဟုသိရသည်။ သို့သော် နေအိမ်ပြန်လည်တည်ဆောက်ရန် သစ်ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ဆက်လက်လိုအပ်နေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် Salai Soe Than ကို +91 92336 76151 ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ စစ်ဘေးရှောင်နှင့် ရေဘေး သင့်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်ပိုက် ၁၀၀ အပါအဝင် အခြေခံလိုအပ်ချက်ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ပြီးဖြစ်သည်။ အလားတူ ဇွန်လ ၇…
(002MG)စစ်ကိုင်းတိုင်း ကလေးမြို့၊ အ.ထ.က (၈) ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၄ နှစ်မှ ၂၁ နှစ်ရှိ ကျောင်းသား ၆ ဦးကို ကျန်းမာစွာဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ပျောက်ဆုံးသည့် မိသားစုဝင်တစ်ဦးက ပြောသည်။ “သူတို့ပျောက်ကတည်းက မိသားစု (၃) စုလုံးလိုက်ရှာကြတယ်၊ပြီးရင် Post လဲတင်ထားတယ်ဆိုတော့ လာပြီးတော့ လည်း ဆက်သွယ်ပေးကြတယ်။ သူတို့အားလုံးကို ဘေးကင်းကင်းနဲ့ပြန်တွေ့ပါတယ်။ အခုအားလုံး အိမ်ရောက်နေ ကြပါပြီ” ဟု ပြောသည်။ပြီးခဲ့သည်ဇွန်လ ၁၉ ရက်နေ့က ဦးအောင်သိုက် ၏သား မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်း မြင့်နိုင် (၁၇ နှစ်)၊ ဦးကျော်လွင်၏ သား မောင်ကျော်ဇင်ဖြိုး (၁၅ နှစ်)၊ မောင်မားဟုန် (၁၇ နှစ်)၊ ဦးစန်း လွင်ဦး ၏သား မောင်ဇော်သူလင်း (၁၅ နှစ်) နှင့် ဦးငွန်အုပ်ထန်၏ သား မောင်ဘွေထချွ(၁၄ နှစ်) တို့သည် ကျောင်းတက်ရန်သွားခဲ့ကြသော် လည်း ကျောင်း သို့ ရောက်ရှိခြင်းမရှိသကဲ့သို့ အိမ်သို့ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ ၆ ဦးစလုံးကို ပျောက်ဆုံးပြီး တပတ်ခန့်အကြာတွင် ကောင်းမွန်စွာပြန်လည်တွေ့ရှိကြပြီး ဖြစ်စဉ်အသေးစိတ်ကို တော့ မိသားစုဝင်များက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။စစ်ကောင်စီ၏ စစ်မှုထမ်းရန်အတွက် လူငယ်များဖမ်းဆီးမှုများထဲတွင် ပညာသင် ကြားနေဆဲ ကျောင်းသားလူငယ်များ ပါဝင်ပါက ကျောင်းသားကဒ်ရှိထားမည်ဆိုလျှင် ကျောင်း ဆရာ၊ ဆရာမများအား အကြောင်းကြားခြင်းဖြင့် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။လက်ရှိ ကလေးမြို့ပေါ်တွင်စစ်ကောင်စီသည် စစ်မှုထမ်းရန်အတွက်…
(005MK) မီဇိုရမ်ပြည်နယ် Sairang/Sihhmui မှ အိန္ဒိယ-မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်းဖောက်လုပ်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီးစီးပြီဟု မီဇိုရမ်အထက်လွတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။ မီဇိုရမ်အထက်လွတ်တော်အမတ် Pu K. Vanlalvena သည် ပြည်နယ်၏ မြို့တော်အနီး Sairang/Sihhmui ရထား ဘူတာမှတဆင့် မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်း ဖောက်လုပ်ရန် အိန္ဒိယဗဟိုအစိုးရထံ ယခင်ကတည်းကတင်ပြတောင်းဆိုချက်ကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးကို မကြာသေးခင်ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။ ထိုသို့တွေ့ဆုံရာမှာ ရထားပို့ဆောင်ရေးဝန်ကြီးက Sairang/Sihhmui မှ Zorinpui အထိ ရထားလမ်းဖောက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပဏမစစ်တမ်းကောက်ယူမှုပြီးဆုံးပြီဖြစ်ကြောင်း၊ သို့သော်လည်း မြေပုံကိုတော့ နောက်ဆုံး အတည်ပြုချက်မရသေးကြောင်း ပြောဆိုခဲ့သည်ဟု Pu K. Vanlalvena ကပြောသည်။အဆိုပါ ပဏာမစစ်တမ်းကောက်ယူချက်အရ Sairang/Sihhmui ရထားဘူတာ မှ မြန်မာနယ်စပ် Zorinpui အထိ ကီလိုမီတာ ၂၂၃ ရှည်လျားမည့် ရထားလမ်း ဖောက်လုပ်ရမည်ဟုသိရသည်။ ရထားလမ်းဖောက်လုပ်ပြီးစီးပါက မီဇိုရမ် ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့ ထိုမှတဆင့် ခရိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဆက်သွယ်နိုင်မည့် Kaladan Multi-Modal Transit Transport Project (KMMTTP) အတွက်လည်း များစွာအကျိုးရှိမည်ဟုသိရသည်။ ယခုလက်ရှိတွင် အိန္ဒိယပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်နိုင်မယ့် Sairang/ Sihhmui ရထားလမ်းစီမံကိန်းမှာ ပြီးစီးပြီဖြစ်ကာ ဇူလိုင်လ ၃၁ ရက်မတိုင်ခင်…
မြို့နယ်တခုလုံးရှိ တော်လှန်ရေးအဖွဲ့များ စုစည်း၍ မတူပီကောင်စီ ဖော်ဆောင်မည်ဟု Global Matu Supporting Committee ထုတ်ပြန် (006SV) မတူပီမြို့ကို စစ်ကောင်စီ လက်အောက် ပြန်လည်မရောက်ရှိစေရန် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီး CDF – မတူပီ ကိုလည်း လုံခြုံရေးနှင့် ကာကွယ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။ မတူပီမြို့သိမ်း ၁ နှစ်ပြည့်တွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF- မတူပီ)တို့က ဇွန်လ ၂၉ ရက်က ထုတ်ပြန်သည်။ မတူပီမြို့ကို စစ်ကောင်စီ လက်အောက် ပြန်လည် မရောက်ရှိစေရန် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော တပ်ပေါင်းစုများ၊ ပြည်တွင်းပြည်ပရောက် ပြည်သူများအပေါ် အထူးကျေးဇူးတင်ရှိသည်ဟု MRO/ CDF – မတူပီအဖွဲ့က အသိပေးသည်။ လက်ရှိတွင် MRO/ CDF – မတူပီအနေဖြင့်လည်း လုံခြုံရေးနှင့် ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်ခြင်း၊ မြို့ ရွာ ပြန်လည်တည်ဆောက်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နေသည့်ကာလဖြစ်သည်ဟု သိရသည်။ မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးနောက်ပိုင်း မြို့ပြန်လည်တည်ဆောက်ရေး၊ မိုင်းရှင်းလင်းရေး၊ ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟု သိရသည်။ ချင်းညီနောင်စစ်ဆင်ရေး – မတူပီ အမည်ဖြင့် မတူပီမြို့ရှိ စစ်ကောင်စီအခြေချ စစ်ဗျူဟာ၊ ခလရ – ၁၄၀ နှင့် ခမရ – ၃၀၄ တို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုက ၂၀၂၄ ခုနှစ်…
(004SS) ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ နယူးဒေလီမြို့က ချင်းဒုက္ခသည်ကော်မတီ (CRC) ရဲ့ ဦးဆောင်မှုဖြင့် ဒုက္ခသည်အခွင့်အရေးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒဖော်ထုတ်မှုမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ထံ အဓိက တောင်းဆိုခဲ့ကြပါတယ်။ နယူးဒေလီမြို့မှာ ခိုလုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်အများစုကို UNHCR ကဒုက္ခသည်အဖြစ် အသိအမှတ်မပြုတာကြောင့် ဒုက္ခသည်အခွင့်အရေးများ ဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်။ နယူးဒေလီမြို့က မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ချင်းဒုက္ခ သည်ကော်မတီ၊ နယူးဒေလီ (CRC) ဥက္ကဋ္ဌ Ma Su Htwe Awng ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။မေး။ ဇွန်လ ၂၀ ရက်နေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ချင်းဒုက္ခသည်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ နယူးဒေလီမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာတွေ့ရပါတယ်။ ဘယ်လိုကြောင့် ခုလိုဆန္ဒဖော်ထုတ်ရတာပါလဲ? ဖြေ။ ဟုတ်ကဲ့၊ ကျွန်မတို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်လိုက်တာပေါ့နော်၊ ဒုက္ခသည်တွေအားလုံးရဲ့ စိတ်ထဲမှာ ဒီနေ့ဟာ ကိုယ့်နေ့ ဆိုတဲ့ဟာကို ကောင်းကောင်းသိစေချင်တယ်။ နောက်တစ်ခု အရေးကြီးဆုံးအချက်က ပုံမှန် လုပ်တာကတော့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒီလိုပဲ ပျော်ပွဲရွှင်ပွဲလုပ်ပြီးတော့ ပြီးသွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကမ္ဘာ့ဒုက္ခသည်များနေ့ရဲ့ အနှစ်သာရလဲရှိစေချင်တယ်။ ပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံက ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူတွေက ကိုယ့်ရဲ့အသက်ဘေးကနေလွတ်ဖို့ ကိုယ်နဲ့ အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ လာရောက် ခိုလုံကြတယ်။…
ချင်းပြည်ကောင်စီ ဒုတိယ ဥက္ကဌ Salai Bawi Kung နှင့် ဆက်သွယ်မေးမြန်းချက (006SV) ချင်းလဲန်းကောင်စီဟာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ချင်းပြည်အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးစတဲ့ မဏ္ဍိုင် ၃ ရပ်ကို လည်ပတ်နေတာ ၁ နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ဒီမဏ္ဍိုင် ၃ ရပ်ရဲ့ အခြေအနေက ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေပါသလဲ။ မကြာသေးခင်ရက်ပိုင်းကလည်း ချင်းလဲန်းကောင်စီဟာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ရဲ့ အရေးပါတဲ့ ပုဒ်မတချို့ကို ပြုပြင် ပြောင်းလဲပြီး ချင်းတော်လှန် ရေးအင်အားစု ကြားက နှစ်ဖွဲ့ကွဲနေတဲ့ ICNCC/CB တို့နဲ့လည်း ပြန်လည်ပေါင်း စည်းနိုင်ရေးအတွက် ချင်းအမျိုး သားကောင်စီ ဖွဲ့စည်းနိုင်ရေး ခြေလှမ်းစတင်လာနေပါတယ်။ ဒါတွေနဲ့အတူ ချင်းလဲန်းကောင်စီရဲ့ ပလက်ဝအရေးကိစ္စ၊ CDM မူဝါဒအရေးကိစ္စတွေ ပေါ်မှာ ဘယ်လိုသဘောထား ရှိသလဲဆိုတာကို ချင်းလဲန်းကောင်စီ၊ ဒုတိယဥက္ကဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – တော်လှန်ရေး ၄ နှစ်ကျော်ကာလနဲ့ ချင်းပြည်ကောင်စီ ဖွဲ့စည်း ထူထောင်ပြီး တနှစ်ကျော်အကြာမှာ ချင်းပြည်ကောင်စီဟာ လက်ရှိမှာ ဘာတွေ ဆောင်ရွက်နေပါသလဲခင်ဗျာ။ ဖြေ – ချင်းပြည်ကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ကောင်စီက မူဝါဒ ချမှတ်တယ်။ အစိုးရက အုပ်ချုပ်ရေးကို အကောင်အထည်ဖော်တယ်။ တရားလွှတ်တော်ချုပ်က တရားစီရင်ရေးကို ဆောင်ရွက်တယ်။ လွှတ်တော်ကတော့ ဥပဒေ ပြုတယ်။ ကျနော်တို့ ကောင်စီက မူဝါဒနဲ့ လမ်းညွှန်ချက်ပေးတယ်။ မဏ္ဍိုင်ကြီး…
(002MG)စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များ ဖမ်းဆီးမှုဆက်ရှိနေပြီး ယခင်ထက် အဖမ်းအဆီးပိုကြမ်းလာသည့်အပြင် ငွေကြေးဖြင့် ပြန်ရွေးယူ၍မရတော့ကြောင်း သိရသည်။ ယခု ဇွန်လဆန်းပိုင်း ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့မတိုင်ခင် ရက်ပိုင်းကတည်းက ကလေးမြို့ပေါ်တွင် အဖမ်းအဆီးပိုများခဲ့ပြီး တစ်ပတ်တစ်ပတ်ကို လူငယ်အယောက် ၃၀ ဝန်းကျင်ခန့် ဖမ်းဆီးခံရနေရသည်ဟု ကလေးမြို့က စစ်ကောင်စီအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။”ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်ခင်ကတည်းက အဲ့နောက်ပိုင်းကနေ အဖမ်းအဆီးက တော်တော်ကြမ်းနေတာ။ ခြင်းလုံးဝိုင်းတွေလည်း ဝင်ဆွဲတယ် အဲ့လိုမျိုး တအား အဖမ်းအဆီးကတော့ ပိုကြမ်းတာပေါ့။ တပတ်အတွင်းမှာ (၃၀၊ ၄၀) လောက်ရှိတယ်။ သိတာတွေရော၊ မသိတာတွေလည်းရှိတယ်။ အဓိက, ကတော့ ရဲတွေလိုက်ဖမ်းတာ အိမ်စီးကားတွေနဲ့ လှည့်နေတာ ကား (၃၊ ၄) စီးလောက်နဲ့။ စုပေါင်းရုံးလို့ခေါ် တဲ့ အရှေ့ရဲစခန်းရုံးကို ပို့တယ်။ နောက် သူတို့ရဲ့စစ်တပ်စစ်ဆေးရုံ ကုတင် (၁၀၀) မှာ ဆေးစစ်ချက်တွေယူတယ်၊ မိသားစုဝင်ကနေ ပြန်ပြောပြတာက ဆေးကျအောင်လုပ်ပေးလို့ရတယ်၊ သိန်း (၂၀) ပေးရမယ်လို့ပြောတယ်။ ဒါတောင်မှ ဆေးစစ်ချက်ပဲရှိသေးတယ်။ ဆေးကျရင် ပြန်ရွေးရဖို့နဲ့ တခြားဟာတွေနဲ့ဆိုရင် ဆယ်ယောက်မှာ တစ်ယောက်လောက်တောင် ပြန်ရွေးရဖို့က မလွယ်ဘူး။ တချို့ဆိုရင် လေယာဉ်အခေါက်နဲ့ကြုံရင် တခါတည်းတန်းပို့ပစ်တာ၊ စစ်ကိုင်းတို့၊ တခြားမြို့တွေကို ပို့ပစ်တာ” ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကားများဖြင့် ကလေးမြို့ရပ်ကွက်တွေထဲ လှည့်လည်ပြီး ကားဂိတ်၊ အလုပ်ရုံ၊ အရက်ဆိုင်၊ စားသောက်ဆိုင်များအထိ ဝင်ရောက်ဖမ်းဆီးမှုရှိသည်ဟု သိရသည်။ မေလကုန်ပိုင်းကလည်း တာဟန်းရပ်ကွက်တွင် နေထိုင်သူ လူလတ်ပိုင်းအမျိုးသားတဦးသည် အလုပ်ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့က…
ဆလိုင်းတင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်း သားများဖြစ်ကြသော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့တွင်မွေးဖွား သော သား/သမီးများအနက် အကြီးဆုံးသားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေး အခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ် သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေး အခင်း လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ် ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင်…
