(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက် စစ်ကူးပေးရန်တက်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ ကလေး- သိုင်းငင်းလမ်းကြောင်းမှတဆင့် စစ်ယာဉ်တန်းနှင့် အင်အား ၂၀၀ မှ ၃၀၀ ကြား စစ်ကူလာနေသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၂၆ ရက်က ဗာလုံရွာနှင့် Zawngkawng ကျေး ရွာအကြားတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည် သိရသည်။ “သူတို့စစ်ကြောင်းကို ကျနော်တို့ဘက်ကနေ တိုက်တာပါ၊၊ Zawngkawng ကျေးရွား အနီးမှာပါ။ သူတို့ဘက်က သေဆုံး၊ ဒဏ်ရာရတာတော့ များတယ် ။ တိကျတော့ မသိရဘူး။ တနေ့ကတော့ တိုက်ပွဲပြင်းထန်ပါတယ်။ မနေ့ကတော့ မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေက အချိန်မရွေး ဖြစ်နိုင်တဲ့ အခြေအနေ ရှိတယ်” ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း Nai John Kim က ပြောသည်။ စစ်ကော်မရှင်တပ်ကို Zawngkawng ကျေးရွာအနီးတွင် ချင်းပူးပေါင်းတပ်က မိုက်ဆွဲတိုက်ခိုက်ခြင်းအပါအဝင် ကြားဖြတ် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်မှု၊ သေဆုံးမှုများ ရှိသော်လည်း လတ်တလောမှာ အရေအတွက်အတိအကျ မသိနိုင်သေးကြောင်း ဆလိုင်း Nai John Kim နှင့် CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သည် ဒရုန်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာပြီး စစ်ကော်မရှင်တပ်သည်…
Author: Editor
(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခူမီးချင်းအမျိုးသမီးငယ် ၆ ဦးကို အာရက္ခတပ် ULA/AA မှ ဖမ်းဆီးကာ ၎င်းတို့အနက် ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြပြီး ကျန် ၁ ဦးမှာ ယနေ့တိုင် ဖမ်းဆီးခံထားရဆဲဟု လွတ်မြောက်လာသူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ပလက်ဝမြို့နယ် ကျေးရွာ ၄ ရွာမှ လူငယ်အမျိုးသမီး ၆ ဦးသည် ရန်ကုန်သို့ သွားရောက်ရန် ပလက်ဝမြို့ ရိက္ခာရပ်ကွက်နေ ဦးအောင်လင်းနှင့် ဦးလင်းဆန်းအောင်တို့က တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီဖြင့် တာဝန်ယူပို့ဆောင်ပေးခဲ့ရာမှာ မတူပီမြို့နယ်အစပ်ရှိ ULA/AA ဂိတ်တစ်ခုအရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဟု သိရသည်။ ဖမ်းဆီးခံခဲ့ရသူများမှာ ကျီးလေရွာမှ မရွှေခင် (၁၆ နှစ်)၊ မဝင်းပ (၂၁ နှစ်)၊ မခင်မင်ဦး (၁၇ နှစ်)၊ ကြွေသောင်ရွာမှ မကိုးဝင်း (၂၂ နှစ်)၊ ကင်လွဲ့ရွာမှ မနန်းလုံး (၁၇ နှစ်) နှင့် အဘောင်သားရွာမှ မဟန်နာ (၂၂ နှစ်) တို့ ဖြစ်ကြသည်။ ထိုသို့ ဖမ်းဆီးခံရခြင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံရခြင်းဟု သိရသည်။ ဖမ်းဆီးခံရသူ ၆ ဦးအနက် ၅ ဦးမှာ AA တပ်စခန်းတနေရာမှ တောလမ်းအတိုင်း ထွက်ပြေးလာကြပြီး လမ်းတွင် ၂ ရက် ထမင်းငတ်ခဲ့ရကြောင်း၊ လက်ရှိမှာ…
(002MG) ဟားခါးလူထုသပိတ်ခေါင်းဆောင်း CDF-Hakha တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင် ရုတ်တရက်ကွယ်လွန် သွားခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်များ၊ တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း (CDF-Paletwa ) က ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ဆလိုင်းငွန်ဆန်းအောင်သည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချင်းအမျိုးသားရေးတွင် တက်ကြွစွာ ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးကာလတွင်လည်း ဟားခါးလူထုသပိတ်တပ်ဦးမှ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ကွယ်လွန်ချိန်အထိ ချင်းအမျိုးသားရေးနှင့် လူထုတော်လှန်ရေး လမ်းကြောင်းပေါ်တွင် မမှိတ်မသုန် ရပ်တည်နေသူတစ်ဦးဖြစ်သောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံးအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း CDF Paletwa က ထုတ်ပြန်သည်။ ဆလိုင်းငွန်ဆန်းအောင်သည် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရုတ်တရက်မူးလဲရာမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ညနေပိုင်းအချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဆလိုင်းငွန်ဆန်းအောင်သည် စစ်တပ်အာဏာသိမ်းမှုမဖြစ်ပွားခင်တွင် သတင်းသမားတစ်ဦးဖြစ်ခဲ့ပြီး ဟားခါးမြို့အခြေစိုက် The Chinland Post သတင်းဌာနတွင်လည်း အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ၏ ဟားခါးမြို့ လူငယ်ဥက္ကဌတဦးဖြစ်သည်။
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သော Carmel တောင် (ဆုတောင်းတောင်) ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့) က တောင်တက်လူငယ်တစ်စုနှင့် တောင်စောင့်မှူးတို့ အငြင်းပွားရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံးတွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ဖြစ်စဉ်မှာ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် လူငယ် ၄၊ ၅ ယောက်ခန့် Carmel တောင်ပေါ်သို့ တက်ရောက်ခဲ့ကြရာ တောင်ထိပ် မရောက်မီ နားနေဆောင်အရောက်တွင် တောင်စောင့်မှူးနှင့် အချေအတင် စကားများရာမှ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဟု ဆိုသည်။ “ တနင်္ဂနွေနေ့မှာ လူငယ်တွေကတောင်တက်တော့ တောင်စောင့်တဲ့ဦးလေးက နင်တို့ဘာလို့ တနင်္ဂနွေနေ့ကြီး တောင်လာ တက်ကြတာလဲ။ ဘုရားကျောင်းမသွားကြဘူးလားလို့မေးတယ်တဲ့။ ဒါနဲ့ လူငယ်တွေနဲ့ စကားများကြပြီး အဲလူငယ်တွေက တောင်စောင့်ဦးလေးကို ဝိုင်းရိုက်ကြတော့ အဲဒီဦးလေးကလဲ သူ့ဓါးထုတ်ပြီး ခုတ်မိရာခုတ်လိုက်တာနဲ့ အဲလိုဖြစ်သွားကြ တာ။” ဟု ကလေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် လူငယ်များဘက်မှ ထွက်ဆိုချက်အရ တောင်စောင့်အမျိုးသားသည် ဆေးသုံးထားသလားဟုပင် ယူဆကြောင်း၊ ၎င်းက ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ လူငယ်တစ်ဦးမှာ ပါးစောင်းတွင် ၆ ချက်နှင့် လက်တွင် ဓားဒဏ်ရာများ ရရှိခဲ့ပြီး၊ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ဓားဒဏ်ရာ ၅ ချက်ခန့် ရရှိခဲ့ကြောင်း ဆိုသည်။ သို့သော် တောင်စောင့်မှူးနှင်း နီးစပ်သူများ ဖော်ပြချက်အရ အချင်းချင်း…
(004SS) အာဏာသိမ်းစစ်ကော်မရှင်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ချင်းပြည်နယ်လွှတ် တော်ရုံးအား လာမည့်မတ်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဟားခါးမြို့ရှိ လွှတ်တော်အဆောက်အအုံတွင် ကြိုတင်ပြင် ဆင်မှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကော်မရှင်ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် ဟားခါး မြို့ရှိ ပြည်နယ်လွှတ်တော်ရုံးသို့ သွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမ၊ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌရုံးခန်းများအပြင် လွှတ်တော်ပိုင်မန်းထားရိပ်သာ၏ အဆင်သင့်ဖြစ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ လွှတ်တော်ရုံး ပြင်ဆင်မှုများနှင့် ပတ်သက်၍ ဟားခါးမြို့ဒေသခံ အမျိုးသားတစ်ဦးက “ပြင်ဆင်မှုတွေ ဘာလို့ လုပ်တာလဲဆိုတော့ ဒီမတိုင်ခင်ကဆို တခြားဌာနက အထက်အရာရှိတွေ အဲဒီလွှတ်တော်ရုံးမှာ ရုံးတက်တယ်၊ နေခဲ့တယ် ပေါ့နော်။ အခုကျတော့ သူတို့ရွေးကောက်ပွဲက အနိုင်ရလို့ အသစ်ခန့်မယ့်ဝန်ကြီးတွေ/အမတ်တွေ ရုံးတက်ရ တော့မှာမို့လို့ ပြန်ပြီးဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့သဘောပါ” ဟု ပြောသည်။ ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်ဆက်)ကဲ့သို့သော အချို့ဌာနဆိုင်ရာမှ အထက်အရာရှိများသည် ၎င်းတို့လုံခြုံရေးအကာအကွယ်ယူရန်အတွက် လွှတ်တော်ရုံးအတွင်း နေထိုင်ခြင်း၊ ရုံးတက်ခဲ့ခြင်းများ ရှိခဲ့သည်ဟုသိရသည်။ ကညနရုံးကဲ့သို့သော အချို့ရုံးမျာတွင်မူ စစ်ကော်မရှင်တပ်သားများက နေရာယူတပ်စွဲထားမှုကြောင့် ဝန်ထမ်း များသည် ခရိုင်စုပေါင်းရုံးတွင် ပြောင်းရွှေ့ရုံးတက်နေရခြင်းများလည်း ရှိသည်။ ချင်းပြည်နယ်တွင် စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ဟားခါးနှင့်…
(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့က လူထုသပိတ် ဦးဆောင်ခဲ့သူလည်းဖြစ် CDF-Hakha ၏ တွဲဖက်အတွင်းရေးမှူးတဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်သည် ကျန်းမာရေးကြောင့် ယမန်နေ့ညက ကွယ်လွန် သွားသည်ဟု သိရ သည်။ ဆလိုင်းငွန်ဆန်းအောင်သည် ဇန်နဝါရီ ၂၅ ရက်နေ့လယ်ပိုင်းက ရုတ်တရက်မူးလဲရာမှ ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “သူက အရင်ကတည်းက ကျန်းမာရေးလဲ သိပ်မကောင်းဘူး၊ ပြီးခဲ့တဲ့အပတ်တုန်းကဆို သူ့အဖေလဲ ဆုံးတယ်၊ အဲဒါ တွေကြောင့်လည်းပါမယ်၊ တကယ်စိတ်မကောင်းဘူး၊ သူက ရိုးသားပွင့်လင်းပြီးစိတ်သဘောထားကောင်းတဲ့သူပါ၊ တော်လှန်ရေးအတွက်လည်း အားထားရတဲ့ ချင်းလူငယ်တစ်ဦးဖြစ်ပါတယ် တကယ်စိတ်မကောင်းဖြစ်ရပါတယ်” ဟု သူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဆလိုင်းငွန်ဆန်းအောင်သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်မှာ သတင်းမီဒီယာသမားတစ်ဦးဖြစ်ခဲ့ပြီး ဟားခါမြို့အခြေစိုက် The Chinland Post သတင်း ဌာနမှာလည်း အယ်ဒီတာတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီရဲ့ ဟားခါးမြို့ လူငယ်ဥက္ကဌ ဖြစ်သည်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟုအကြောင်းပြကာ အာဏာသိမ်းလိုက်သည့်နောက်ပိုင်း နွေဦး တော်လှန်ရေးလူထုဆန္ဒပြမှုပေါ်ပေါက်လာသည့်အချိန်တွင်လည်း ဆလိုင်းငွန်ဆန်းအောင်သည် ဟားခါးမြို့က လူထုသပိတ်ကို ဦးဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ယင်းနောက် လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်ကာ CDF-Hakha တပ်ဖွဲ့တွင် ယနေ့ချိန်ထိ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ကာ တိုက်ပွဲပေါင်းများစွာမှာပါဝင်ခဲ့သည်ဟု သိရသည်။ ဆလိုင်းငွန်ဆန်းအောင်တွင် ဇနီးနှင့် သမီးတယောက်ကျန်ရစ်ခဲ့သည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည် အထိနာနေပြီး ကလေးမြို့မှ တစ်ဆင့် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်ခန့်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍ စစ်ပြင်ဆင်နေကြောင်း သိရသည်။ ဖလမ်းမြို့သို့ သိုင်းငင်း- ဖလမ်း နှင့် ဝေဘူလ – ဖလမ်းလမ်းကြောင်းတို့မှတဆင့် စစ်အင်အား ၈၀၀ – ၁၀၀၀ ကြား အသုံးပြုပြီး လေကြောင်း ပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်သည် သုံးလနီးပါးအကြာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်း၊ စစ်သုံ့ပန်းဖြစ်ခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းတို့ကြောင့် အထိနာမှုများနေရာ ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အင်အား ရာချီ ထပ်မံဖြည်းတင်သည်ဟု သိရသည်။ “တိုက်ပွဲက ၃ လပြည့်တော့မယ်။ အဲဒီမှာ သူတို့စတင် တက်ချိန်က အင်အားက ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်ပေါ့နော်။ အဲဒီထဲမှာ အလင်းဝင်တဲ့ လူတွေရယ်၊ ပြေးတဲ့ လူတွေလည်း ရှိတယ်။ ဆိုတော့ တော်တော်များများက ကျနော်တို့ ဖမ်းတာလည်းရှိတယ်။ အလင်းဝင်တာလည်း ရှိတယ်။ သေဆုံးမှုရောဆိုတော့ စစ်ကြောင်းရဲ့ လူတော်တော်များများ ပြုတ်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် သူတို့ကလည်း ဖလမ်းရဲ့ ၁၃ မိုင်/ ၁၅ မိုင်ပတ်ဝန်းကျင်မှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ အခြေပြန်ချတဲ့ အခြေ အနေမှာ ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်မှာ မဆို၊ ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ဘက်ကလည်း မတိုးနိုင်သေးဘူး။ ကျနော်တို့ ဘက်ကလည်း တားဆီးနိုင်တဲ့…
(006SV) ကလေး- ကဘော်- ဂန့်ဂေါအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – KKG ၊ တပ်ရင်း ၃ သည် ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသော ရဲဘော်များအား ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ရန် ကြေညာလိုက်သည်။ ခွင့်လွန်၊ ခွင့်မဲ့နေသော ရဲဘော်များအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားပြီး တပ်ရင်းသို့ လူကိုယ်တိုင် လာရောက်၍ ပြန်လည်တာဝန်ထမ်းဆောင်ကြပါရန် CDF – KKG တပ်ရင်း ၃ က ဇန်နဝါရီလ ၂၅ ရက်မှာ ခွင့်လွန်၊ ခွင့်မဲ့ ရဲဘော်များနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ သတ်မှတ်ကာလအတွင်း တပ်ရင်းသို့ ပြန်လည်တာဝန်ထမ်းဆောင်ခြင်း မရှိသော ရဲဘော်၊ ရဲမေများကို တပ်ပြေးအဖြစ် သတ်မှတ်မည်ဟု CDF – KKG တပ်ရင်း ၃ က ထုတ်ပြန်သည်။ တပ်ပြေးအဖြစ် သတ်မှတ်ခံရပါက ရောက်ရာအရပ်အထိ လာရောက်ဖမ်းဆီးကာ တပ်ရင်းမှ ချမှတ်ထားသော ပြစ်ဒဏ်အတိုင်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ CDF – KKG ၏ တော်လှန်ရေး ၄ နှစ်တာတွင် ကလေး- ကဘော်- ဂန့်ဂေါဒေသမှာသာမက အခြားဒေသများတွင်လည်း တိုက်ပွဲဝင်လျက်ရှိရာ တိုက်ပွဲပေါင်း ၄၀၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ CDF – KKG Major Operation ကို ၂၀၂၅ နှစ်ဆန်းပိုင်းက မဟာမိတ်တပ်များနှင်းပူးပေါင်းဖော်ဆောင်ခဲ့ရာ ကလေး – ဂန့်ဂေါအကြားရှိ…
(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ် ပြီးနောက် မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ဦး ကျဲအိုနှင်းထန် (Pu Ceu Hnin Thang) သည် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (Pi Ni Cer Hnem – ၃၄ နှစ်) နှင့် သမီးဖြစ်သူ ပါအီယန်း (Par Iang – ၁၂ နှစ်) တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဟု သိရသည်။ “ သူကစိတ်ဝေဒနာ ခံစားနေရတာပါ။ သူ့မိန်းမကို သေနတ်နဲ့ ပစ်၊ သူ့သမီးကိုလဲ ပစ်ပြီးမှ သူ့ကိုသူ လဲအဆုံး စီရင် သွားတာ။ အဲဒီအိမ်က အဖို့းနဲ့ ညလာအိပ်တဲ့သူတွေက ချက်ချင်းလိုက်သွားပြီး သေနတ်ကို လုယူဖို့လုပ်ပေမဲ့ သူက သေနတ်မောင်းတံ ကို ခြေမနဲ့ နင်းပြီး သူ့ရဲ့မေးကို ပစ်ခတ်ပြီး သူ့ကိုသူ အဆုံးစီရင်သွားတယ်။ သူက သူ့ဇနီးနဲ့ သားသမီးတွေကို အရမ်းချစ်တာ။ မလေးရှားသွားဖို့ ပြောတဲ့အခါတိုင်းလည်း သူ့မိသားစုမပါရင် မသွားဘူး၊ ခွဲမနေနိုင်ဘူးလို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ…
(004SS) အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူများသည် “မိသားစုပြန်လည်ပေါင်းစည်းရေး လမ်းညွှန်မှုအကူအညီပေးရေးအစီအစဉ် (FRUN)”ကို လျှောက်ထားနိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR India) က ထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်ကို UNHCR India နှင့် ADRA India တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တတိယနိုင်ငံရောက် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် လိုအပ်သော ဥပဒေကြောင်းအရ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို အခမဲ့ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် ဇနီး သို့မဟုတ် ခင်ပွန်း၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များ (အချို့နိုင်ငံများတွင် ၂၁ နှစ်အထိ) နှင့် တတိယနိုင်ငံရှိ အရွယ်မရောက်သေးသည့် ကလေး၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများ အဓိက အကျုံးဝင်မည် ဖြစ်ကာ အချို့နိုင်ငံများ၏ စည်းမျဉ်းအရ အရွယ်ရောက်ပြီးသား သားသမီး၊ မိဘနှင့် မောင်နှမအရင်းများလည်း ပါဝင်နိုင် သော်လည်း လုပ်ငန်းစဉ် ကြာမြင့်နိုင်ကြောင်း သိရသည်။ မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီတောင်းခံလိုသူများသည် မိမိ၏ အမည်၊ UNHCR နံပါတ်၊ လက်ရှိ နေရပ်၊ ဖုန်းနံပါတ်၊ တတိယနိုင်ငံရှိ မိသားစုဝင်၏ အချက်အလက်နှင့် တော်စပ်မှုအထောက်အထားများဖြစ်သည့် မွေးစာရင်း သို့မဟုတ် အိမ်ထောင်စုစာရင်းတို့ကို ပြည့်စုံစွာဖော်ပြ၍ ADRA India ၏ အီးမေးလ် frindia@adraindia.org သို့ ပေးပို့ရ မည်ဖြစ်ပြီး UNHCR ၏ အီးမေးလ် indnecpt@unhcr.org ကိုလည်း မိတ္တူ…
