Author: Editor

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် တတိယအကြိမ်မြောက် ဇို မျိုးနွယ်စုများ ပြန်လည် သွေးစည်းညီညွတ်ရေး ညီလာခံ (Third World Zo Re-unification Convention) တရပ်ကို ယခုလ အောက်တိုဘာလ ၄ ရက် နေ့က ကျင်းပခဲ့ကြသည်။

Read More

ချင်းပြည်နယ်ပလက်ဝမြို့ နယ် တွီကင်းဝကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး Pu Yan Aung အား အုပ်ချုပ်ရေး မှူးတာဝန်မှ ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော် တည်ဆဲဥပဒေလုပ်ထုံး လုပ်နည်းအရ ထိရောက်စွာအရေးယူရန် ကျေးရွာလူထုများမှ ယခုလ ၂၇ ရက်နေ့က သက်ဆိုင်ရာသို့ လက်မှတ်ရေးထိုး တိုင်တန်းခဲ့ကြောင်း သိရသည်။ Pu Yan Aung အား အောက်ပါ အချက် (၅)ချက်ပါ လုပ်ရပ်များအတွက် ဒေသခံတွေက တိုင်ကြားခြင်းဖြစ်သည်။

Read More

နိုင်ငံတော်အစိုးရအစီစဉ်ဖြင့် ချပေးလျက်ရှိသော တန်ဖိုးနည်းဖုန်းများ ချင်းပြည်နယ်တွင် ချပေးရာ၌ မြို့နယ် တချို့ မှာသာ ကွက်ကြား ဖြန့်ဝေခြင်းမဟုတ်ဘဲ အများပြည်သူများ အသုံးပြုနိုင်ရန် ညီတူညီမျှခွဲဝေချပေးရန် တီးတိန်မြို့ မိမြို့ဖ ကော်မတီက တောင်းဆိုလိုက်သည်။ ယင်းကိစ္စကို တီးတိန်မြို့မိမြို့ဖ ကော်မတီအဖွဲ့က ဆယ်သွယ်ရေးစာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ထံ ယခုလ ၁၆ ရက်နေ့က စာရေးသားတောင်းဆိုလိုက်ခြင်းဖြစ်သည်။

Read More

ယခုလ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် နွားလှည်းပေါ် တွင်ဖွက်ထားသော ကျပ်ငွေ (၃၆၄၂) သိန်းတန်ဘိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းဆီးရမိတယ် လို့ သိရပါတယ်။ သတင်းအရ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား (၂၀၂၂၀၀၀) ကို သက်သေများနှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More

မြန်မာပြည်အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီရေအားလျပ်စစ်စီမံ ကိန်းကြောင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းခံခဲ့ရသော ကျေးရွာသားများက အိန္ဒိယနှင့် မြန်မာအစိုးရကို မိမိတို့၏ဆုံးရှုံး မှုများအတွက် နစ်နာကြေးပေးရန် တောင်းဆိုလိုက်ကြသည်။

Read More

တီးတိန်မြို့နယ် ဘုတ်ဖိရ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ် အတည်ပြုခြင်းအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြဌာန်း ထားသော ရပ်ကွက် (သို့)ကျေးရွာအုပ်စု ရွေးချယ်မှု ဆိုင်ရာ ဥပဒေ နှင့် ဆန့်ကျင်သည်ဟု ဆိုပြီး ဒေသခံတွေက စီတန်းလှည့်လည် ဆန္ဒပြရန် စီစဉ်နေကြ သည် ဟု သိရသည်။

Read More

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) မှ ရွေးချယ်သော အသက် ၃၀ အောက် ကမ္ဘာ့အလားအလာအရှိဆုံး နိုင်ငံရေးသမား ၃၀ ဦးထဲတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားတဦးပါဝင်သည်။

Read More

ယခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မဏိပူရ်အခြေစိုက် THESANGAI EXPRESS က Chin National Conference ခေါင်း စဉ်ဖြင့် “Chin and Zomi will never come together under one roof anymore” ချင်း နှင့် ဇိုမီးသည် အမိုး တခု အောက်မှာ မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်ရန် မဖြစ်ပါ” ဟု CNF မှ ပြောကြောင်း ရေးသားချက်ကို ယနေ့ ယခုလ ၂၁ စက်တင်ဘာတွင် တုံ့ပြန်လိုက်သည်။ စီအဲန်အက်ဖ်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်အရ ချင်းအမျိုးသားညီလာခံကို ယခုနှစ် နိုဝင်ဘာ ဒုတိယပတ်တွင် ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပရန်ပြင်ဆင်နေသည်။

Read More

ချင်းပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း လူမှောင်ခိုကုန်ကူးမှု ကာကွယ်တိုက်ဖျက် ပညာပေးရေး ရှင်းလင်း ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ဟားခါးမြို့တော် ခန်းမတွင်ပြုလုပ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပြည်နယ် ၀န်ကြီးချုပ် Pu Hung Ngai နှင့် ၀န်ကြီးများ၊ ပြည်နယ် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလူကြီး များ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စသဖြင့် အင်အား ၃၀၀ ကျော် ပါဝင်တက် ရောက်ကြသည်။

Read More

မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများအများစုနေထိုင်သော Saikhumphai ကျေးရွာကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ် စပ် ကုန်သွယ်ရေးစင်တာအဖြစ်ပြုလုပ်ရန် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က  ပြည်နယ်ဝန်ကြီး Lalrinlianna Sailo, Minister of Trade & Commerce မှ သဘောတူညီမှုကျောက်တိုင်စိုက်ထူခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ၀န်ကြီးမှ Saikhumphai ကျေးရွာလူကြီးများနဲ့ Vaphai Village Council တွေကို ခေါ်ပြီး နှစ်ဖက်အကြားရှိခဲ့သော ပဋိပက္ခများကိုချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာနဲ့စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြား ခဲ့သည်။

Read More