Author: Editor

ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် Chin National Democratic Party ကိုယ်စား ချင်းပြည်နယ် ဟားခါးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် Pu SiangMang အား ရွေးချယ်အတည်ပြုကြသည်ဟု သတင်းရရှိသည်။  ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် ၁၆၀ ခန့် တက်ရောက်သည့် ဟားခါးမြို့နယ် လုံးဆိုင်ရာ CNDP ပါတီညီလာခံက ၄င်းတို့ပါတီမှ ပြည်ထောင်စု ၀န်ကြီး ခန့်အပ်ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Pu Ngun Maung  နေရာတွင် ယှဉ်ပြိုင်ရန် Pu SiangMang အား ရွေးချယ်အတည်ပြုကြခြင်းဖြစ်သည်။

Read More

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတရပ်ကို ချင်းပြည်နယ်၏ မြို့တော် ဟား ခါးမြို့ Carson ခန်းမ၌ ဇွန်လ ၂ ရက်နေ့က ကျင်းပပြု လုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ်ဝန်ကြီး ချုပ်ဦး ဟုန်းငိုင်က ပွဲမိန့် မပေးခဲ့ကြောင်း သိရသည်။

Read More

မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇော်လ်မြို့၊ Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးကို အလိုမတူ စော် ကားသော မြန်မာနိုင်ငံသာ တစ်ဦးကို ဥပဒေမှ ပြစ်ဒဏ် နာနာပေး ရန် ရပ်ကွက် NGO များဦးဆောင်ပြီး တရားရုံးရှေ့  တွင် မေ ၂၉ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Read More

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။

Read More

လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် KHUMI (KHAMI) NATIONAL PARTY ( KNP ) ခေါ် ချင်းနိုင်ငံရေးပါတီဖြစ်သည့် ခူမီးအမျိုးသားပါတီအား တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ပြုလိုက်ကြောင်း သိရ သည်။ ၂၅/၁၁/၂၀၁၃ ရက် စွဲဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်(နေပြည်တော်) သို့ လျှောက်ထားချက်ကို စာ အမှတ်၊၂/နငရ-မပဘ(၁)/ကမရ အရ ၂၀၁၄ ခုနှစ် မေလ(၂၃)ရက်နေ့ တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မ ရှင် က တရားဝင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Read More

အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံမှ အကောင်အထည်ဖော်နေသည့် ချင်းပြည်နယ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန် ကျမည့် ကုလားတန် ဖက်စုံဖွံ့ဖြိုးရေး စီမံကိန်း ကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ဒေသခံများ လုပ်ကိုင်ခွင့်ဆုံး ရှူံးသွား သည့် ကမ်းမြေ ဧက (၁၆) အတွက် ယနေ့ထိ လျှော်ကြေး မရသေးကြောင်း သိရသည်။

Read More

ချင်းသတင်းသမားများအနေဖြင့် သတင်းရေးသား တင်ဆက်ရာတွင် ကိုယ်လိုရာစွဲပြီး တဖက်သတ် သတင်းရေးသားမှုများ ရှိနေသည်ဟု ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောင်ခင်းခမ်က ပြောသည်။

Read More

ချင်းအမျိုးသားတပ်ဦး၊ သတင်းပြန်ကြားရေးဌာန မှ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်စွဲဖြင့် ၄င်းတို့၏ ဥက္ကဌ ဟောင်း၊ လက်ရှိ Chin Progressive Party(CPP) ဥက္ကဌ Pu NoThangkap အား အချက် (၈)ချက်ပါ စွပ်စွဲချက်နှင့် ပါတ်သက်ပြီး ရှင်းလင်းထုတ်ပြန်ချက်အပေါ် CPP ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ယခုလ မေ (၁၃) ရက်နေ့ ထုတ်ပြန်ချက် နံပါတ်စဉ် (၄) အပေါ် CNF ၏ ဥက္ကဌ ဟောင်း Dr. Za HLeithang က ယနေ့ တုံ့ပြန် လိုက်သည်။

Read More

ယခုလ မေ ၁၅ ရက်နေ့က ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြည်နယ်အဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေမှုပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဆိုင်ရာ NLD ဥက္ကဌ အပါအ၀င် ပြည်နယ်ဗဟိုအလုပ်အမှု ဆောင်ကော်မီတီဝင်များ၊ ချင်း ပြည်နယ် (၉) မြို့နယ်မှ မြို့နယ်အဆင့် ဥက္ကဌများ၊ ဟားခါးမြို့နယ်အဆင့် ဗဟိုအလုပ် အမှုဆောင်ကော်မီ တီဝင်များ စုစုပေါင်း (၅၀) ခန့်တက်ရောက်ကြသည်ဟု ထပ်မံ သိရသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ စံသာသုသာန်နေရာတွင် အထကကျောင်းတည်ဆောက် သွားမယ့် စီမံချက်နှင့် ပါတ်သက်ပြီး  မေလ ၂၀ရက်နေ့က သာရေးခေါင်းဆောင် များက သတင်းစာ ရှင်းလင်းပွဲတရပ် Agape ဘုရားရှိခိုး ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။

Read More