ချင်းပြည်နယ်အစိုးရက ချင်းအမျိုးသားတပ်ဦး (CNF) အား ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့များတွင် စီးပွားရေး ရုံးများ တိုးချဲ့ဖွင့်လှစ်ရေး တင်ပြချက်ကို ယခုလ ဇွန် (၉)ရက်နေ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ CNF သည် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ဖလမ်းမြို့နှင့် မင်းတပ်မြို့များတွင် စီးပွား ရေး ရုံး ဖွင့်လှစ် ခွင့်ပြုရေး တင်ပြချက်ကို သက်ဆိုင်ရာပြည်နယ်အစိုးရက စာအမှတ် ၃/၆-၁၆ (ခရ) / ဦး – ၁ ဖြင့် တရား ၀င်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Author: Editor
အိန္ဒိယ-မြန်မာအစိုးရ တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မှန်ကန်သောအချက် အလက်များကို ဒေသခံလူထုထံ ရှင်းရှင်း လင်းလင်း ချပြရန် အိန္ဒိယ၊ မြန်မာအစိုးရ နှင့် ESSAR ကုမ္ပဏီ ကို ကုလားတန် လှုပ်ရှား မှု အဖွဲ့က ယနေ့တောင်း ဆိုလိုက် သည်။
ပြီးခဲ့တဲ့ ဇွန်လ ၀၅ ရက်နေ့က ဖလမ်းမြို့နယ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ် ပြည်သူ့ရဲတပ်ဖွဲ့က တ ဖက်အိန္ဒိယ နိုင်ငံသား မီဇိုလူမျိုး နှစ်ဦးထံမှ ဘိန်းဖြူများ လက်ဆုပ်လက်ကိုင်ဖမ်းဆီးထားသည်ကို အမှုမလုပ်ပဲ ပြန် လွှတ်ပေးခဲ့သည်ဟု သိရသည်။
၂၀၁၃ – ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ်တိုင်းဒေ သကြီးများ စာစစ်ဌာနများတွင်ဇွန်လ(ရ)ရက်နံနက်အချိန်တွင် ထုတ်ပြန်ကြေငြာလိုက်ပြီး ချင်းပြည်နယ်၏အောင်ချက်မှာ ၈.၀၇ ရာခိုင်နှုန်းသာရှိသည်။ ချင်းပြည်နယ်မှ ၂၀၁၃ -၂၀၁၄ စာသင်နှစ်အတွင်း ၁၀ တန်းဖြေဆိုသူပေါင်း ၁၀၁၀၂အနက်၊ ၈၇၂၁ ဖြေဆိုကြပြီး ၇၀၄ ဦးအောင်မြင်ကြသည်။ ၉ မြို့နယ် စာစစ်ဌာနမှအကောင်းဆုံးမှာ ဖလမ်းမြို့နယ် စာစစ်ဌာန (၁၂. ၁၅{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ) ဖြစ်ပြီး အညံ့ဆုံးမှာထန်တလန်မြို့နယ်စာစစ်ဌာန (၂.၆၈{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}) ဖြစ်သည်။
ပြီးခဲ့တဲ့ ဇွန်လ ၀၂ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်၊ မတူပီမြို့နယ် မရာဒေသ အတွင်း နံ့သာနီသစ် သယ်ဆောင် လာသည့် ဟိုင်မွာလ် ဂျစ်ကား တိမ်းမှောက်ပြီး သစ်ပိုင်ရှင် ပွဲချင်းသေဆုံးသွားသည်ဟု သိရသည်။ အဆိုပါကားသည် ရေဇွာမြို့မှ တဆင့် ဆန်အိတ်များကို မရာဒေသ အတွင်း ဖြန့်ဝေရန် ကားပိုင် Rominthang မှ သယ်ဆောင်လာခြင်းဖြစ်ပြီး အပြန်ခရီး ဒါရ်လင်း နှင့် စပေါ်ကျေးရွာအကြား ချောင်းအနီးတွင် တိမ်းမှောက် သွား ခြင်း ဖြစ်သည်ဟု စပေါ်ရွာသား တဦးက ပြောသည်။
အယ်ဒီတာခင်ဗျား ကျေးဇူးပြုပြီး ယခု ပေးစာကို ဂျာနယ်မှ တဆင့် သက်ဆိုင်သူတွေကို အသိပေးစေလိုပါတယ်၊ ချုံ့ပြောရယင် ယနေ့ကာလဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ပြောင်းလဲဆဲကာလလို့ ပြောရမှာပါ၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပြီလို့ အစိုးရက ပါးစပ်ကနေ ပြောနေပေမဲ့ သူတို့ရဲ့လက်တွေ့ လုပ်ရပ်တွေဟာ ယခင် စစ်အစိုးရ လုပ်နည်း လုပ်ဟန်အတိုင်းပဲရှိနေပါသေးတယ်၊ ဘာမှ ပြောင်းလဲမှုမရှိဘူးလို့ပဲ ပြောချင်ပါတယ်၊ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ အစိုးရအိမ်ယာ အဆောက်အဦး ထူထောင်စရာတွေ၊ ဆောက်လုပ်စရာတွေ တပုံကြီးရှိနေပါတယ်၊ လုပ်ငန်းစီမံကိန်းရရှိဖို့ အတွက် ကုပ္မဏီ အသီးသီးက လျှောက်လွှာ တင်ကြတယ်၊ အဓိက ချင်း နှင့် ဗမာတိုင်းရင်းသား ကုပ္မဏီပိုင်ရှင်တွေက လျှောက်ထားကြတာပါ၊ ချင်း ၀န်ကြီးအ များစုက ဒေသခံ ချင်းကုပ္မဏီတွေကို ပိုပြီး ဦးစားပေး ရရှိစေချင်သော်လည်း ပြည်နယ်ဝန်ကြီးချုပ်က ၄င်းနှင့် ပိုမိုရင်း နှီးသူ ဗမာကုပ္မဏီတွေကို ဦးစားပေးနေရတယ်၊ ပြောချင်တာက ယခင် စစ်အစိုးရ လုပ်နည်းလုပ်ဟန်ကို ကျင့်သုံး နေပြီး အဲဒီ အပေါ် ချင်းဒေသခံလူကြီးတွေ အင်မတန် စိတ်ပျက်နေကြကြောင်း ထပ်ပြောချင်ပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင်ရဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ရပ်တွေဟာ လူထုအပေါ် အထူးသဖြင့် ဌာနေ ချင်းလူမျိုး တွေအပေါ် စေတနာကင်းမဲ့နေသည်ဟု ယူဆရပါသည်၊ မကြာခင်မှာ ဆောက်လုပ်တော့မည့် ၀န်ကြီးအိမ်ယာ ၁၄ ခု အတွက် ၄င်းနှင့် ရင်းနှီးသူ အသိမိတ်ဆွေများဖြစ်ကြတဲ့ ဗမာ ကုပ္မဏီတွေကို ဆောက်လုပ်ခွင့်ပေးမှာဖြစ်ကြောင်း…
ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် Chin National Democratic Party ကိုယ်စား ချင်းပြည်နယ် ဟားခါးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် Pu SiangMang အား ရွေးချယ်အတည်ပြုကြသည်ဟု သတင်းရရှိသည်။ ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် ၁၆၀ ခန့် တက်ရောက်သည့် ဟားခါးမြို့နယ် လုံးဆိုင်ရာ CNDP ပါတီညီလာခံက ၄င်းတို့ပါတီမှ ပြည်ထောင်စု ၀န်ကြီး ခန့်အပ်ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Pu Ngun Maung နေရာတွင် ယှဉ်ပြိုင်ရန် Pu SiangMang အား ရွေးချယ်အတည်ပြုကြခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတရပ်ကို ချင်းပြည်နယ်၏ မြို့တော် ဟား ခါးမြို့ Carson ခန်းမ၌ ဇွန်လ ၂ ရက်နေ့က ကျင်းပပြု လုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ်ဝန်ကြီး ချုပ်ဦး ဟုန်းငိုင်က ပွဲမိန့် မပေးခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇော်လ်မြို့၊ Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးကို အလိုမတူ စော် ကားသော မြန်မာနိုင်ငံသာ တစ်ဦးကို ဥပဒေမှ ပြစ်ဒဏ် နာနာပေး ရန် ရပ်ကွက် NGO များဦးဆောင်ပြီး တရားရုံးရှေ့ တွင် မေ ၂၉ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။
