Author: Editor

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရူပီးသိန်း ၆၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားကို ဒေသခံအာဏာပိုင်များက  ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံသို့ တင်ပို့မည့် Pseudoephedrine စိတ်ကြွဆေးပြား အလုံးရေ(၁၅) သိန်း၊ တန်ဖိုး အားဖြင့် ရူပီးငွေသိန်း (၆၀) ခန့်ရှိ မူးယစ်ဆေးဝါးကို ပိုင်ရှင်ဟု ယူဆရသူ အသက် (၃၅) နှစ်အရွယ် Lalrintluanga နှင့်အတူ မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Superintendant Police (SP) လက် အောက် District Special Branch မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More

နိုင်ငံတော်အစိုးရမှ စီစဉ်လျက်ရှိသော ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမည့် ကိစ္စတွင် ချင်းလူမျိုး အပါအ၀င် တိုင်း ရင်းသားလူမျိုးများအတွက် ထိခိုက်နစ် နာနိုင်ဖွယ်ရာများ ပေါ်ထွက်လာနိုင် သည် ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုအဖွဲ့ က နိုင်ငံတော် သမ္မတ ထံ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စာရေးသားပေး ပို့လိုက် သည်။

Read More

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Zuangtui ရပ်ကွက် တွင် နေထိုင်အလုပ်လုပ် ကိုင်နေ ကြသော မြန်မာ ယက္ကန်းသမားများနေထိုင်သည့် ယက္ကန်းရုံမီးရှို့ ခြင်း၊ ဓားပြများက ပစ္စည်း လုယက်ခြင်းများ ဖြစ်ပွားခဲ့ သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ဒေသခံမီဇိုးလူငယ်မှ မြန်မာ ယက္ကန်းသမား များနေထိုင်အလုပ် လုပ်ကိုင်နေသည့် ယက္ကန်းရုံကို မီးရှို့ ခဲ့တယ်လို့သိရပါတယ်။ အဆိုပါမီးကို အချိန်မှီငြိမ်းသတ်နိုင် ခဲ့ကြောင်းနဲ့ တရားခံလူငယ် ၃ ဦးကို အာဏာပိုင်များက လာရောက်ဖမ်းဆီးခဲ့တယ်လို့ ယက္ကန်း သမားတဦးက ပြော တယ်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်မှ လေး ခရိုင်အတွင်း ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေး ၀ါးမှု ၁၅၈ မှု ဖော် ထုတ်နိုင်ခဲ့ကြောင်း သိရ သည်။ ယခုလ ဖေဖော်ဝါရီ (၅) ရက်နေ့က ကလေး၊ တမူး၊ ဖလမ်း၊ မော်လိုက်ခရိုင် အသီးသီးမှ တာဝန်ရှိ များက မူးယစ် ဆေး ၀ါးတားဆီး နှိမ်နင်းရေး ညှိနှိုင်းအစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ ကြ ပြီး ဖော်ထုတ်သည့် အမှုကို အတည်ပြု ကြခြင်း ဖြစ်သည်။ ကလေးခရိုင် ကလေးမြို့နယ်တွင် ယခင်နှစ်များထက် မူးယစ်ဆေးဝါးများကို ပိုမိုဖမ်းဆီးနိုင် ခဲ့ကြောင်း လေးခရိုင် အတွင်းဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးဝါးအမှု အများဆုံးမှာဘိန်းဖြူ မှုဖြစ်ကြောင်းသိရပြီး ၂၀၁၂ ခုနှစ်တွင်လည်း မူးယစ်ဆေးဝါးမှု (၁၀၄) မှုကို ဖော်ထုတ်နိုင် ခဲ့ကြောင်း သိရသည်။ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများမှာ မီဇီုရမ်နယ်စပ်၊ မဏိပူနယ်စပ်တို့မှ မှောင်ခိုတင် သွင်းနေခြင်း ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဆေးဝါးသုံးစွဲမှု များပြား လာကြောင်း ကလေးမြို့ တက္ကသိုလ် ကျောင်းသား လူငယ်ခေါင်းဆောင်တဦးက ပြောသည်။ အဆိုပါ လေးခရိုင်အနက် ကလေး နှင့် တမူး ခရိုင်သည် အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသောကြောင့် မူးယစ်ဆေးဝါး အပါအ၀င် တခြား တရားမ၀င် မှောင် ခိုပစ္စည်းများ ပိုမို ဖြတ်သန်းသည့် နေရာဖြစ် သည်။

Read More

ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာနှင့် လိုင်လင်းပီကြားတွင် ယမန်နေ့ ၀၆၊ ၀၂၊ ၂၀၁၄ နေ့က ဂျစ်ကား တစ်စီး ဘရိတ် ပေါက် တိမ်းမှောက်မှုဖြစ်ပြီး  ခရီးသည် နှစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်။ ဖြစ်ပုံမှာ မတူပီမြို့၊ စံပြရပ်ကွက်နေ  ပူး ခိုင်လောင်း ( Khai Lau) သည် ၄င်း တာဝန်ယူ ဆောက် လုပ်နေသော စပေါ် ကျေးရွာရှိ မူလတန်းလွန်ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် စပေါ်ရွာမှ ရေဇွာမြို့သို့ အသွား စပေါ်ကျေးရွာနှင့်ရွာမန်းကျေးရွာ အကြား အတက်လမ်းတွင် တိမ်းမှောက်ပြီး ယဉ်မောင်းနှင့် ဦးခိုင် လောင်းတို့ နှစ်ဦး သေဆုံး ခဲ့ခြင်းဖြစ် သည်။ “အရမ်းဆိုးရွားသောလမ်းဖြစ်တယ်၊ ဆိုင်ကယ်နှင့် သွားရမှာပင် အန္ဒရာယ်များတယ်၊ အတက် အဆင်း ကြမ်းသော လမ်းဖြစ်တယ်” ဟု ခိုနုမ်းထုန် သတင်းထောက် ဘီးဆိုက ပြောသည်။ ရေဇွာ-လိုင်လင်းပီလမ်းသည် စစ်အစိုးရ လက်ထက် ၂၀၀၇ – ၂၀၀၈ ခုနှစ်ကတည်းက လူထုလုပ် အားသုံးစွဲပြီး ဖောက် လုပ်လာခဲ့သော လမ်းဖြစ်ကြောင်း မရာဒေသခံများ ရေဇွာ – ဟားခါး – မတူပီ မြို့သို့သွားလာရာတွင် အဓိက အသုံးပြု သော လမ်းဖြစ်သည်။ ၂၀၁၄ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဘတ်ဂျက်စီမံကိန်းတွင် ရေဇွာ – လိုင်လင်းပီ ကားလမ်းပြုပြင်ရေး ကို Canaan Development Co.Ltd…

Read More

ယခုနှစ် ၂၀၁၄ ခုနှစ် ဇန္န၀ါရီ ၂၄ – ၂၆ အထိ ချင်းပြည်နယ် ဖလမ်းခရိုင်အပိုင် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ထန် တလန် (၅) မြို့နယ်မှ အထက်တန်းအဆင့် အဌမတန်း၊ န၀မတန်း၊ ဒသမတန်း ကျောင်းသားများ လူရည်ချွန် ဖြေဆိုရာမှာ အညံ့ဆုံး ၁၀ တန်း ကျောင်းသားတဦးကို ဘုတ်အဖွဲ့မှ ရွေးခဲ့ကြပါတယ်၊ အမှန်မှာ အမှတ် အများဆုံးကျောင်းသားဟာ ဟားခါးမြို့ အမှတ် (၁) အ ထ က မှ ၁၀ တန်းကျောင်း သားဖြစ်ပြီး အခုအရွေး ခံရသူဟာ အင်္ဂလိပ်စာမှာ ၅ မှတ်သာရရှိပြီး ရှူံးနိမ့်သူဖြစ်ပါတယ်၊ အမှတ် အများဆုံးကျောင်းသားနဲ့ အမှတ် ပေါင်း ၁၀၀ ကွာခြားပါတယ်၊ လူရည်ချွန်ရွေးရာမှာ အတန်းတတန်းအသီးသီးစီမှ ကျား နှင့် မ တဦး နှစ်ဦးစီရွေးရမှာဖြစ်ပြီး အခု ၁၀ တန်းအဆင့်မှာ  အမျိုးသမီးရွေးတာက ကျေနပ်စရာဖြစ်သော် လည်း ယောင်္ကျားလေး ရွေးတာ ကျတော့ ပွင့်လင်းသန့်ရှင်းမှု မရှိ ကြောင်းပါ၊ ယခင်နှစ် ဟားခါးမှာ ပြုလုပ်တဲ့ လူရည်ချွန်ပြိုင်ပွဲမှာလည်း ယခုနှစ်ပုံစံဖြစ်ခဲ့ပါတယ်၊  နိုင်ငံတော် အစိုးရက ဂုဏ်ပြုလက် ဆောင်အပြင် မြန်မာပြည်အတွင်း အထင်ကရနေရာများ ကို လေ့လာမှုပြု လုပ်ပေးလေ့ရှိတယ်၊ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာက အရေးယူပေးစေလိုပါတယ်၊ ပညာရေး ၀န်ထမ်းတဦး ဖလမ်းမြို့

Read More

နိုင်ငံတော်အစိုးရက ချမှတ်ပေးထားသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာငွေဖြင့် မြန်မာနိုင်ငံ ချင်းပြည် နယ်မြို့ တော် ဟားခါးမြို့ နယ် ကျေးလက် ဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဘတ်ဂျက်ငွေ ချထားပေး ပြီဖြစ်ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံတွင် တတိယ အမြင့်ဆုံး ကုန်သွယ်ရေးလမ်းဖြစ်သည့် အိန္ဒိယ- မြန်မာ နယ်စပ်မှတဆင့် စီစီ ၁၀၀၀ အောက်ရှိ အိန္ဒိယ ထုတ်ကားများ တင်သွင်း ခွင့် ပြုတော့မည် ဖြစ်ကြောင်းသိရသည်။ ဇန်န၀ါရီလ ၂၉ ရက်နေ့  စစ်ကိုင်းတိုင်း၊ တမူးမြို့ တွင် ပြုလုပ်သည့် ကုန်သည် များနှင့် တွေ့ ဆုံပွဲတွင် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယင်းကဲ့သို့  ပြော ကြား ခဲ့ကြောင်း ကလေးမြို့ နယ် အင်တာနက် စာမျက်နှာ တွင်ဖေါ်ပြထားသည်။

Read More

၂၀၁၃ခုနှစ် နိုဝင်ဘာလ မှ၍ ချင်းပြည်နယ်အစိုးရက ထန်တလန်မြို့ ရှိ တာဝန်ရှိသူများကို အသိပေးခြင်း မရှိဘဲ ဟားခါးမြို့ ရှိ ကုမ္ပဏီများကိုသာ တင်ဒါခေါ်ယူခြင်းအပေါ် မကျေမနပ်ဖြစ် ကြသောကြောင့် တင်ဒါ အသစ်ပြန် လည်ခေါ်ယူပေး ရန် တောင်းဆိုထားခြင်းကို မလိုက်လျောပေး ပါက ဆက်လက် ဆန္ဒဖေါ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ တွင် စိုက်ပျိုးရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ များတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

Read More