ခရစ်ယာန်ဘာသာဝင်တွေအများစု နေထိုင်သော မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်တွင် ဘာသာရေး ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဘာသာရေးအခွင့် အရေးချိုး ဖောက်မှု အနည်းဆုံး ၁၃ မှု ဖြစ်ပွားခဲ့သည်ဟု ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO) က ပြောဆိုလိုက်သည်။
Author: Editor
အစိုးရက မနက်ဖြန်မှ စတင်ဖြန့် ဖြူးရောင်းချရန် စီစဉ်ထားသည့် တန်ဖိုးနည်း မိုဘိုင်း Sim card ကို ချင်းပြည်နယ် အများပြည်သူအသုံးပြုနိုင်ရန် ၃၀၀ နှင့် သက်ပြည့်ပင်စင်စား အငြိမ်းစား ၀န်ထမ်းဟောင်းများ အတွက် ၇၀၀ စုစုပေါင်း ၁၀၀၀ ဖြန့် ဖြူးရောင်းချမည်ဖြစ်သည်ဟု သိရသည်။ တနိုင်ငံလုံး၌ CDMA 800 MHz, GSM နှင့် WCDMA စုစုပေါင်း ၃၅၀၀၀၀ ဖြန့် ဖြူးရောင်းချမည့် အစီအစဉ်တွင် ကယားပြည်နယ်နှင့် ချင်းပြည် နယ်နှစ်ခုတွင် WCDMA ကိုသာ ရောင်းချမည်ဖြစ်ပြီး တန်ဖိုးနည်း မိုဘိုင်းဖုန်း Sim card တခုကို ကျပ်ငွေ ၁၅၀၀ ဖြင့်ရောင်းမည်ဖြစ်ကြောင်း ယမန်နေ့  အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြထား သည်။
လာမည့် မတ်လတွင် တနိုင်ငံလုံးအတိုင်အတာဖြင့် ကောက်ခံမည့် သန်းခေါင် စာရင်းကိစ္စနှင့် ပတ်သက်ပြီး ခူမီး(ချင်း) မျိုးနွယ်စုများက ၎င်းတို့သဘောထား တရပ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်။ ခူမီးချင်းမျိုးနွယ်စုဖိုရမ်၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် ပလက်ဝမြို့နယ် လူမှုရေး အသင်း (ရန်ကုန်)တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဂျီတီအိုင်ရုံးတွင် ဇန်န၀ါရီ ၂၀ ရက်နေ့ က သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပကာ ၎င်းတို့သဘောထားကို ထုတ်ပြန်ခဲ့ကြခြင်းဖြစ် သည်။
ခူမီးချင်းမျိုးနွယ်စုများ၏ အနာဂါတ်ခြေလှမ်းများ အတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှု များပြုလုပ်နိုင်ရန် ခူမီးမျိုး နွယ်စု လုံးဆိုင်ရာ ဖိုရမ်တခုကို ချင်းပြည်နယ် တောင် ပိုင်း ပလက်ဝမြို့တွင် လာမည့် မတ်လ အတွင်း ကျင်းပ သွားမည် ဟုသိရသည်။ ခူမီးဖိုရမ်ကျင်းပရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဂျီတီအိုင် ရုံးတွင် ယခုလ ၁၆ ရက်နေ့ က ခူမီး ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်) က အစည်းအဝေးတခုကျင်းပခဲ့ပြီး ယခုလို ခူမီးဖိုရမ်ကျင်းပ ရန် ဖြစ်ကြာင်း ဖြစ်မြောက်ရေးကော်မတီ မှ ဆလိုင်းအိုင်ဇက်ခင်က ယခုလိုပြော ဆိုသည်။
မီဇိုရမ်ပြည်နယ်ရောက် မြန်မာယက္ကန်းသမားများအကြား မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာပြီး အထူးသဖြင့် မူးယစ် ဆေးဝါးသုံးစွဲသူ အမျိုးသမီးများ သိသိ သာသာများပြား လာတယ်လို့ Burmese Woman Union (BWU) အိုက်ဇောလ် တာဝန်ခံ Maneihi က ပြောပါတယ်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လူကို မူးယစ်စေ တတ်သောချောင်း ဆိုးပျောက်ဆေး အရည်၊ ပြီးတော့ ဆေးပြား စသည့် မူးယစ်ဆေးဝါးများ သုံးစွဲမှု များပြားလာတယ်၊ ယင်းမူးယစ် ဆေး ၀ါးကြောင့် မလိုလားအပ်တဲ့ပြသာနာ များလည်း အကြိမ်ကြိမ်ကြုံတွေ့ဖြေရှင်းနေရကြောင်း မြန်မာနိုင်ငံသားတဦးထံမှ ၀ယ်ယူနေကြကြောင်း ယခုလို ဆက်ပြော ပါတယ်။
၂၀၁၄ ဇန်န၀ါရီလ ၇ ရက်နေ့ နံနေ့ ၁၀ နာရီတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဟီလောင်းကျေး ရွာ အခြေခံမူလတန်းကျောင်းဘော်လုံးကွင်းတွင်ရေအား လျှစ်စစ်ဓာတ်အားဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ သည်။ ယင်းအခမ်းအနားတွင် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနိန်နိုင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထန်လိန်း၊ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးတို့က ဖွင့်လျစ်ပေးခဲ့ကြ သည်။ ဓာတ်အားဖွင့်ပွဲတွင်ရေအား လျှစ်စစ်ဓာတ်အားထုတ်ယူခြင်း မရနိုင်သောကြောင့် မင်းတပ်မြို့မှ သယ်ဆောင်ခဲ့သည့် မီးစက်ဖွင့်ပြီး မီးအလင်းရောင်ပေးကာဟန်ပြဖွင့်လှစ်ပေးကြသည်။ မင်းတပ်မြို့  မှ ၁၅ မိုင်ခန့် ကွာဝေးသည့် ဟီလောင်းကျေးရွာရေအား လျှစ်စစ် ဓာတ်အား ကို နိုင်ငံတော်၏ ဘဏ္ဍာငွေ ကျပ်သိန်း (၄၀) ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည် ။ ဟီလောင်းကျေးရွာသားများအနေဖြင့် လျှပ်စစ်မီး မရရှိကြဘဲ ဖွင့်ပွဲအခန်းအနား အတွက် နွားနောက် တစ်ကောင်၊ ခေါင်းအို(၃)လုံး၊ ဘိယာ(၂)ဖါ၊ ဆန်တစ်အိတ်၊ အရက်ပြင် (၁)ဖာနှင့် လုပ်အားခအပါအ၀င် အကျွှေး ကျပ် ၅၀၀၀၀၀သိန်းခန့်  ကျေးရွာသားများက တင်ရှိတင်လျက်ရှိပြီး မီးမရကြသဖြင့်ရေအား ထက်ငိုအားသန်နေကြရပါကြောင်း နိုင်ငံတော်အကြီအကဲမှသိရှိပြီး ကောင်းမွန်စွာ ပြန်လည်ပြုလုပ်ပေးပါရန် ဤစာအားဖြင့် တင်ပြတောင်း ဆိုအပ်ပါသည်။ ဒေသခံလူထုရင်ဖွင့်စာ မင်းတပ်မြို့ 
အစိုးရက မြန်မာနိုင်ငံအတွင်း ချင်းလူမျိုး ၅၃ မျိုးရှိသည်ဟု ဖော်ပြထားရာမှာ ချင်းပြည်နယ်တောင် ပိုင်းတွင် နေထိုင်ကြသော ရင်ဒူးဒါး(ရ်) မျိုးနွယ်စုများက ဒိုင် (ရင်ဒူး)ဟု ဖေါ်ပြသည့် အပေါ် မကျေ မနပ်ဖြစ် နေကြောင်း သိရသည်။ ၂၀၁၄ ဇန်န၀ါရီလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပင်လောင်း အုပ်စု ပင်လောင်း ကျေးရွာတွင် ကျင်းပပြု လုပ်သော (၈)ကြိမ် မြောက် ရင်ဒူးဒါး(ရ်)စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မီတီ သင်းလုံးကျွတ်အစည်း အဝေးကြီး၏ ဆုံးဖြတ်ချက်အရ ၂၀၁၄ခုနှစ် တွင် ပြုလုပ်သွားမည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင် စာရင်းကောက် ယူရာတွင် နိုင်ငံတော် အစိုးရမှ လူမျိုးနွယ်စုတစ်ခု အဖြစ် ပြန်လည် သတ်မှတ်ပေးသွားရန်အတွက် နိုင်ငံတော် သမ္မတ ကြီးနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရုံးချုပ် သို့ပေးပို့ သွားမည်ဖြစ်ကြောင်း မလေးရှား ရောက် Yinduu Daa Social Organization (YDSO) ဥက္ကဌ Kauktu Naing Mana က အင်တာနက်မှတဆင့် ခိုနုမ်းသုန် သတင်းဌာန ကိုပြောကြား ခဲ့သည်။
ချင်းပြည်နယ်အတွင်း လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထန်တလန် – အိုင်ဘူရ် – နှာရိန် – မတူပီ လမ်း) ပြည်ထောင်စုလမ်းမကြီး အခြေ အနေကို ချင်းပြည်နယ် ၀န်ကြီးချူပ် ပူးဟုန်းဟိုင်း က ကွင်းဆင်းလေ့လာခဲ့ သည်။ ဇန်န၀ါရီ ၁၄ မှ ၁၅ ရက်နေ့အထိ ကွင်းဆင်းလေ့လာသည့် ယင်းခရီးစဉ်တွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ကားလမ်း ဖောက်လုပ်ရာတွင် ပြည်သူများ အတွက် ရေရှည်တည်တံ့ခိုင်မြဲသော လမ်းကြောင်းကိုသာ ရွေးချယ်ဖောက် လုပ်သွား ရမည်ဖြစ်ကြောင်း မည်သူ့မျက်နှာကို မှ ထောက်စရာမလိုကြောင်း ပြော ဆိုခဲ့သည်။
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ်တွင် ၂၄ နာရီအတွင်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုလ ၁၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကလေးမြို့ သို့  မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွင်း ကြိုးစားဆောင် ရွက်နေကြောင်း မြို့ နယ် အထောက် အကူပြုကော်မီတီ ထံမှ သိရကြောင်း ဖေါ်ပြ ထားသည်။
နိုင်ငံတော်အစိုးရမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ခံ မည့်ကိစ္စအပေါ် အနီး ကပ်လေ့လာ စောင့်ကြည့်ရန် ချင်းနိုင်ငံရေးပါတီများ နှင့် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး “၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ” ကို ဖွဲ့စည်းလိုက်ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုးရေးပါတီ နှင့် ချင်းလူမှုအဖွဲ့အစည်းများက ဇန်န၀ါရီလ ၁၄ ရက်နေ့ ၌ ရန်ကုန်မြို့ ညီနောင် တိုင်းရင်းသားများ ဖယ်ဒရယ်ရေးရှင်းရုံးတွင် အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ပြီး ယခုကဲ့သို့ ဖွဲ့စည်း လိုက်ကြခြင်းဖြစ်သည်။
