ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း CNF ပါတီစည်းရုံးရေးဌာနနှင့် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများနှင့် သွားရောက်တွေ့ ဆုံခဲ့သည်ဟု သိရသည်။
Author: Editor
မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် Burmese Social Welfare Association (BSWA) မြန်မာလူမှု ရေးအသင်း ဦးဆောင်မှုဖြင့် Leadership Training ကို စက်တင်ဘာ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့ သည်။
စက်တင်ဘာ ၂၉ ရက်နေ့က ဒေသခံ တဦးအား လူ ၅ ဦးက ခြိမ်းခြောက်သည့် အမှု တရားလိုက တိုင်ကြားသည့်အပေါ် ဒေသခံ ရဲက ၄င်းတို့ကို တညသာ ချုပ်ထားပြီး ပြန်လွှတ်ပေးလိုက်သည့် အပေါ် ဒေသခံ လူငယ် တွေ မကျေနပ်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆုံးရှူံးသွားသည်ဟု သိရသည်။
စက်တင်ဘာ ၂၁ ရက်နေ့က ဟားခါးမြို့တွင် CNF က လူထုတွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ Organizing Committee ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့ အထက်တန်း ကျောင်းအုပ်ဆရာကြီး U Htay Aung က အလယ် တန်းပြဆရာ ဆရာ Lian Cung နှင့် ဆရာ PaChung တို့အား စာသင်မခိုင်းပဲ လက်သမား ခိုင်းစားနေကြောင်း သိရသည်။
( ခွါနင်း လေသောင်၊ ဇလပ်နီ)၂၀၁၀ အစိုးရသစ် တက်လာပြီး မကြာခင်တွင် ချင်းပြည်နယ် အစိုးရသည် ချင်းပြည်နယ်၏ ၇၃ ရာ ခိုင်နှုန်းကျော်သော မိသားစုသည် ဆင်းရမွဲတေ မှုအောက်ရောက်နေကြောင်း၊ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ် ကြောင်း ယူအဲန်ဒီပီ၏ အစီရင်ခံစာကို အသုံးချပြီး ဆင်းရဲ မွဲတေမှုပပျောက်ရေး ထောက်ပံ့ငွေကို ပါတီစည်းရုံးရေး အ တွက် အသုံးချနေပြီဟူသော ပြည်သူ့ အသံများ ညံစပြုလာနေပြီ။ ထို့အပြင် ဗဟိုအစိုးရမှ ထောက်ပံ့ခဲ့ပြီးသော ဘတ် ဂျက်ငွေများစီးဆင်း မှုအပေါ်မယုံကြည်သံများလည်း ကြားနေကြရမှာပါ။
CNF က ယခုလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ် လိုက်ကြောင်း၊ ဆက်ဆံ ရေး ရုံးယာယီတာဝန်ခံ အဖြစ် ပူး ဂို ခဲန် နန် အား ခန့်အပ်လိုက် ကြကြောင်း သတင်း ရရှိသည်။
မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း အစီအစဉ်ဖြင့် ပထမဆုံး အကြိမ် NGOs Consultation Meeting ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ် မြို့တော် ဟားခါး အခြေစိုက် Rual U အဖွဲ့မှ ချင်းပြည်နယ်အတွင်း OB အရက် ပပျောက်ရေးအတွက် CNF မှ တာဝန်ယူ သင့်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က အကြံပြုတောင်းဆိုလိုက်သည်ဟု သိရသည်။
