(004SS) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် အရေးပေါ်ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ ဇွန်လ ၁၄ ရက်နေ့တွင် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ စစ်ဘေးရှောင်နှင့် ရေဘေး သင့်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်ပိုက် ၁၀၀ အပါအဝင် အခြေခံလိုအပ်ချက် ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ဒီတစ်ခေါက် ဒုတိယအကြိမ်အနေနဲ့ ရေဘေးသင့်ပြည်သူတွေတွက် အဖွဲ့အစည်းတွေ အလှူရှင်တွေရဲ့ အကူအညီတွေကို သွားရောက် ဖြန့်ဖြူးတာဖြစ်ပါတယ်။ ပစ္စည်း ၃ မျိုးကို camp leader တွေဦးဆောင်ပြီး စာရင်းဇယားနဲ့ မျှမျှတတပေးသွားမှာပါ။ ဒီတစ်ခေါက်တော့ ဆန်ရယ်၊ မိုးကာရယ်၊ အိမ်သာသုံးပိုက်ရယ် ဖြန့်ဖြူးပေးတာပါ။ အခုကပြန် လည်ထူထောင်ရေးအတွက် အမိုးရပြီဆိုတော့ အဖွဲ့အစည်း၊ အလှူရှင်တွေအနေနဲ့ အကာအတွက် လိုအပ်နေသေး တယ်ဆိုတာ ပြောပြချင်ပါတယ်။ အလှူရှင်များအားလုံးအပေါ် ကျေးဇူးတင်ပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်ပြန်လည်တည်ဆောက်ရန် သစ်၊ ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေဆဲဖြစ်သည်။ ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းနိုင်ရန် ခန့်မှန်းခြေကုန်ကျစရိတ်များကိုလည်း ဖော်ပြထားပြီး အိမ်တစ်လုံးတန်ဖိုး – အိန္ဒိယရူပီး ၂၀,၀၀၀ မှ ၂၅,၀၀၀ ၊ အိမ်သာတစ်လုံးတန်ဖိုး အိန္ဒိယရူပီး ၂,၅၀၀ မှ…
Author: Editor
(006SV) ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်အတူ ACDF ပူးပေါင်းတိုက်ခိုက်နေရာ စစ်ကောင်စီမှ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ရဲမှူးအပါအဝင် တပ်သားအများအပြား သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ မီနစ် ၂၀ ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ – ၁ နှင့် ပျူစောထီးပါတို့၏ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ ၄၅ မီနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းက ဇွန်လ ၁၇ ရက် ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီက အထိနာ၍ ပြန်ဆုတ်သွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲတွင် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်ခံ PDF တပ်ရင်းများဖြစ်သည့် သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ခွဲ (၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) တပ်ဖွဲ့ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခန့်တွင်လည်း ရန်ကုန်- ပြည်လမ်းပိုင်း၊…
ပလက်ဝအရေး စားပွဲဝိုင်းပေါ် အဖြေရှာရမည်ဟု ချင်းညီနောင်ပြော (006SV) အာရက္ခတပ်တော် ULA/AA က သိမ်းပိုက်ထိမ်းချုပ်ထားသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားသည်ဟု ချင်းညီနောင် – CB က ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဇွန်လ ၁၈ ရက်တွင် အွန်းလိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ “အရှင်းလင်းဆုံး ပြောချင်တာက ကျနော်တို့ ချင်းညီနောင် အကုန်လုံးက ပလက်ဝသည် ချင်းပြည်ဆိုတာကို ကျနော်တို့ အကုန် လုံးက တညီညွတ်ထဲ ယုံကြည်ကြတယ်၊ လက်ခံပါတယ်၊၊ ဒါက ညီနောင်တခုထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလည်း သိပါတယ်။ ဒီလိုပဲ ရပ်တည်လာတာပေါ့နော်၊၊ တဆက်ထဲမှာပဲ ULA / AA ဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်တယ်။ အိမ်နီးချင်းကောင်း ထက်ပိုတဲ့ တကယ့် ရဲဘော်ရဲဖက်တွေ ဖြစ်တယ်၊၊ ဒီလိုမျိုး တော်လှန်ရေးကာလမှာ တချို့ဟာတွေကို အချင်းချင်း နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ သဘောမျိုးနဲ့ ဒါမှမဟုတ် လူမျိုးရေး မုန်းတီးမှုတွေ ပွားနေအောင် ဆွတဲ့ အပိုင်းတွေကို ဒီကာလမှာ သတိထားရမယ်” ဟု ချင်းညီနောင်အဖွဲ့ နှင့် မင်းတပ်- ပအဖ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ ယခင်က သတင်းမီဒီယာများတွင်လည်း အာရက္ခတပ်တော် ULA/ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ဖြေကြားဖူးကြောင်း၊…
(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း ဒေသခံပြည်သူများအပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် အင်တာ နက်တပ်ဆင်အသုံးပြုမှုများကို ကန့်သတ်လိုက်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် ကြေညာသည်။ လောက်တူနယ်ဒေသတွင် နေထိုင်သော ပြည်သူများအနေဖြင့် ဆက်သွယ်ရေးစက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်း၊ လူမှုကွန် ယက်အသုံးပြုခြင်းနှင့် စပ်လျဉ်ပြီး တော်လှန်ရေးဆိုင်ရာ သတိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ကန့်သတ်ချက်များ ကျယ်ပြန့်သော အချက် ၈ ချက်ကို လောက်တူနယ်ဒေသပအဖက ထုတ်ပြန်သည်။ ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သော မည်သည့်လှုံ့ဆော် ရေးသားခြင်းမျှ မပြုလုပ်ရန်၊ တော်လှန်ရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာမျှ ရေးသားဖြန့်ဝေခြင်း မပြုရန်တို့ကို ထုတ်ပြန်သည်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲ ကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ် လုပ်ငန်းအတွက် ဖြစ်စေ WiFi ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းကို ခွင့်မပြုကြောင်း၊ မိမိကိုယ်ရေး ကိုယ်တာ အသုံးအတွက် တပ်ဆင်ထားသည့် WiFi ဆက်သွယ်ရေး စက်ပစ္စည်းများကို လောက်တူပအဖအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီသာ တပ်ဆင်သုံးစွဲရမည်ဟုဆိုသည်။ မည်သည့်အဖွဲ့အစည်း၊ ဌာနများ၏ ရုံးစာများကိုဖြစ်စေ၊ ၎င်းတို့ လုပ်ငန်းကိစ္စနှင့်စပ်လျဉ်းသော အခြားမှတ်တမ်းဓါတ်ပုံများကို ဖြစ်စေ၊ သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းမှလွဲ၍ ဖြန့်ဝေခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။ လုံးခြုံရေးဆိုင်ရာ ထိပါးစေနိုင်သော အချက်အလက်၊ မှတ်တမ်းဓါတ်ပုံနှင့် တည်နေရာများကို ဖော်ပြရေးသားခြင်း၊ ဖြန့်ဝေးခြင်း မပြုလုပ်ရဟု စည်းကမ်းသတ်မှတ်ပြီး ကန့်သတ်တားမြစ်ထားသော နေရာများတွင် မှတ်တမ်းဓါတ်ပုံ ရယူခြင်း၊ အသံဖမ်းယူခြင်း၊ ဗီဒီယိုရိုက်ယူခြင်းများ မပြုလုပ်ရဟူ၍လည်း…
(006SV) မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက တရားမဝင် အထောက်အထားမဲ့ နေထိုင်ကြသည့် မြန်မာနိုင်ငံသား ၃၂၀ အပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု သိရသည်။ ကွာလာလမ်ပူမြို့ ဧရိယာ တစ်ခုထဲတွင် မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံက နိုင်ငံခြားသားများကို မလေးရှားလူဝင်မှု ကြီးကြပ် ရေးက ယခုနှစ်ပိုင်းတွင် ဖမ်းဆီးရမိထားမှုများကို ယနေ့ဇွန်လ ၁၆ ရက်တွင် ပြည်နှင်ဒဏ် ပေးခြင်းဖြစ်သည်ဟု မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူ ဦးအိုက်လွင်က ပြောသည်။ “မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဧရိယာတစ်ခုထဲမှာပဲ အဖမ်းခံရတဲ့ လူတွေပေါ့နော်။ အဲဒါက ဒီမှာ ရှိတဲ့ လဝကတွေက ဖမ်းပြီးမှ ပြည်နှင်ဒဏ်ပေးတာပါ။ ဒီမြို့နယ်တခုထဲကိုမှ မြန်မာနိုင်ငံသား ၃၂၀ ဦး ပါတယ်။ အဲဒီမှာ ကျနော်တို့ ချင်းတွေလည်း အများကြီး တော့ ပါမယ်၊၊ ဒါပေမယ့် စာရင်းဇယားနဲ့ ပြောဖို့တော့ ခက်လိမ့်ယ်” ဟု ဦးအိုက်လွင်က ပြောသည်။ မြန်မာနိုင်ငံသား ၃၂၀ ဦး၊ အင်ဒိုနီးရှား ၆၆၁ ဦး၊ ဘင်္ဂလားဒေရှ့် ၃၀၉ ဦး၊ ထိုင်း ၁၂၀ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၀၃ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံပါက ဖမ်းဆီးခံရချိန်တွင် ၁၄ ရက် ရမန်ယူကာ တရားရုံးတင်ကြောင်း၊ တရားရုံးမှ ထောင်ဒဏ်များ ချမှတ်၍ ပြစ်ဒဏ်ခံယူပြီးပါက လူဝင်မှုကြီးကြပ်ရေး…
(004SS) ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်စွာလည်ပါတ်နိုင်ရန်နှင့် ပြည်သူများ ပိုမိုလုံခြုံ မှုရှိစေရန် HPO/CDF-Hualngo ram က ဟွာလ်ငိုးရမ်ဒေသကို State of Emergency အဖြစ် ယနေ့ကြေညာလိုက်သည်။ ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့တွင် HPO/ CDF- Hualngoram ၏ Office Bearer အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဟွာလ် ငိုးရမ်း၏ လက်ရှိအခြေ အနေကို ဆွေးနွေးသုံးသပ်ပြီးနောက် State of Emergency ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “အဓိကကတော့ CNO/ CNDF ဘက်က ထိုးစစ်ဆင်လာတာတွေများနေလို့။ “ရိ”အပေါ်ကရွာ Khawthlir ရွာမှာ CNO/ CNDF က ဂိတ်အသစ် ဖွင့်လာတော့ ပြီးခဲ့တဲ့ တစ်ပါတ်လုံးမှာ ပြည်သူတွေကို အသွားအလာစီစစ်တာတွေ လုပ်နေ တယ်။ ဈေးသွားဈေးလာလုပ်နေတဲ့ သူတွေကို အရင်က စစ်ကောင်စီလိုမျိုး ဖုန်းတွေကို ဖွင့်ကြည့်ပြီး စစ်တာတွေများနေတော့ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဟွာလ်ငိုးရမ်ဒေသထဲမှာ ဒီလိုဖြစ်နေတာ HPO/CDF-Hualngoram အနေနဲ့ ဘာမှ မလုပ်တော့ဘူးလား။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ ဖြေရှင်းပေးပါ ဆိုတော့ ကျွန်တော်တို့ အနေနဲ့လဲ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လိုအပ်သလိုအရေးယူလို့ရအောင် State of Emergency ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဤကြေညာချက်ကို ဇွန်လ ၁၆ ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ အကြုံးဝင်မည်ဟု သိရသည်။ Khuathlir ကျေးရွာရှိ…
(004SS) ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဒုက္ခသည်များ၏ အခွင့်အရေးများ တောင်းဆိုရန် နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်များက ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်မည်ဟု ချင်းဒုက္ခသည်ကော်မတီ (CRC) ၏ ကြေညာချက်အရ သိရသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပွဲကို ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီတွင် နယူးဒေလီမြို့၊ ဂျန်တားမန်တားရပ်ကွက်၌ ကျင်းပကြမည်ဖြစ်ပြီး ဒုက္ခသည် အဖြစ်အသိအမှတ်ပြုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး အထောက်အပံ့များ တိုးမြှင့်ပေးရေးတို့အပါအဝင် ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုသွားမည်ဟု ချင်းဒုက္ခသည်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အရင်နှစ် refugees Day တွေမှာ ဒုက္ခသည်တွေက သူတို့ဟာသူတို့ နေထိုင် စားသောက်ရေးအဆင်ပြေနေပါပြီ။ သူတို့က တတိယနိုင်ငံလဲ သွားစရာမလိုတော့ဘူး။ သူတို့ဟာသူတို့ လုပ်နိုင်ပြီဆိုပြီး recommendation တွေကောင်းကောင်း ပြုစုခဲ့ကြတယ်လေ။ ဒီမှာကျတော့ တစ်ချို့က ရာသီဉတုမခံနိုင်တာကအစပေါ့ ငွေရေးကြေးရေးမှာ ဖြစ်စေ၊ ကျန်းမာရေး ပညာရေးမှာ အခက်အခဲ များစွာရှိတယ်။ ဒါပေမဲ့ အထက်လူကြီးတွေရဲ့အမြင်မှာကျတော့ ဒုက္ခသည်တွေက အဆင်ပြေကြ တယ်။ သူတို့ရဲ့ လိုအပ်ချက်မှန်သမျှ Bosco ဖြစ်စေ၊ UN partners တွေက အကုန်ဖြည့်ဆည်းပေးတယ်လို့ မြင်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှာ ဖြစ်တယ်” ဟု CRC New Delhi မှ တာဝန်ရှိသူက ပြောသည်။ ၁၉၅၁ ခုနှစ်မှစတင်၍ ကမ္ဘာ့ဒုက္ခသည်များနေ့သည် ယခုနှစ်တွင် ၇၄ နှစ်ပြည့်သော်လည်း၊ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်…
(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာနေထိုင်သော မြန်မာစစ်ဘေးရှောင်တစ်ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာလေ့ရှိသည့်အတွက် နေရပ်ပြန်ရန် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက်သည်ဟု သိရသည်။ နယူးကျန်ဖိုင်းမြို့၊ Helipad ရပ်ကွက်တွင်နေထိုင်သူ Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာလေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။
(006SV) အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းအမျိုးသမီးရဲဘော် ၁၅ ရာခိုင်နှုန်း ပါဝင်တက်ရောက်ခဲ့သည်ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် အရှိုချင်းကာကွယ်ရေးတပ်၏ နောက်တန်းလေ့ကျင့်ရေးကွင်းမှာ အပတ်စဉ် ၆ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ “ဒီသင်တန်းမှာက မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်တွေ တက်ရောက်ပါတယ်။ အမျိုးသမီးကတော့ ၁၅ ရာခိုင်နှုန်းတော့ ရှိမယ်။ အရှိုချင်းတိုင်းရင်းသားတွေပါပဲ ။ ကျနော်တို့ဆီကို ချိတ်ဆက်ပြီး ACDF ကို ဝင်လာကြတာပါ။ ကျနော်တို့ အရှိချင်း ကာကွယ်ရေးတပ် (ACDF) က ကျနော်တို့ သွားမဲ့လမ်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သွားနေပါတယ်လို ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းရဲဘော် ၈၀ ဝန်းကျင်း တက်ရောက်ခဲ့သည်ဟု ACDF ၏ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို အရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ACDF တပ်မှူးများနှင့် ဖိတ်ကြားထားသော မဟာမိတ်ကိုယ်စားလှယ်များ အသီးသီးတက်ရောက်ချီးမြှင့်သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ်သည် မကွေးတိုင်းဒေသထဲက ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းဒေသများနှင့် ပဲခူးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ၍ အရှင်ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေး တပ် – အရှို (CDF – Asho) ထံမှ သိရသည်။ မကွေး- ရခိုင်အစပ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီး မီတာ ၁၅၀၀၀ ပတ်လည် နတ်ရေကန် လမ်းဟောင်း ဖြတ်တောက် တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၃ ဦးကို ဇွန်လ ၈ ရက်မှ ၁၂ ရက်တာအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ “နိုင်ငံတကာ စစ်သုံပန်း ဥပဒေအတိုင်းပဲ ထိန်းသိမ်း ထားပါမယ်ဗျ။ သူတို့က တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမျိုးတော့ မရှိဘူး။ ပြေးလာရတဲ့အချိန်မှာ တောထဲမှာ ၂ ညနေ၊ ၃ ညနေ၊ ၄ ညနေ အဲလို နေလာရတာတွေ ရှိတော့ ခန္ဓာကိုယ်တွေ နာကျဉ်နေတာတွေ ရှိမယ်။ ပြီးတော့ ငှက်ဖျားရောဂါ ဖြစ်လာကြတာတွေ ပါမယ်။ အဲလိုရောဂါတွေ ကုသပေးနေရတာတော့ ရှိပါတယ်” ဟု CDF – အရှိုမှ ဆလိုင်းရိုးချင်းက ပြောသည်။ စစ်ကောင်စီ စစ်သုံ့ပန်းများနှင့်အတူ MA – 1 သေနတ် ၅ လက်၊ MA…
