(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲကို မဲပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပနေချိန်တွင် ချင်းပြည်နယ်က ဟားခါးမြို့နှင့် တီးတိန်မြို့တို့ရှိ လမ်းမများပေါ်တွင် လူသွားလူလာ ကင်းမဲ့နေပြီး မဲပေးသူ အနည်းငယ်သာ တွေ့ရှိရသည်ဟု သိရသည်။ “CDF ဟားခါးကောင်စီကလည်း ဒေသခံတွေကို အပြင်မထွက်ဖို့ ၊ အသံတိတ်သပိတ်မှာ လုပ်ဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ဒေသခံတွေက ပူးပေါင်းပါဝင်ကြပါတယ်။ အများစုက အပြင်မထွက်ကြပါဘူး။ ဟားခါးမှာ မဲပေးသူက မရှိသလောက် နည်းပါးပါတယ်။ ဝန်ထမ်းတွေအပါအဝင် မဲပေးသူ အနည်းငယ်ပဲ ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၂၆ ရက်က ဟားခါးမြို့က စစ်ကော်မရှင်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်သော တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့က မြို့ပေါ်တွင် လူငယ်များကို စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု သိရသည်။ ဟားခါးမြို့ပေါ်ရှိ လမ်းများတွင် လူသူ ကင်းရှင်းနေပြီး ဈေးဆိုင်များလည်း မဖွင့်ကြကြောင်း၊ ယနေ့ တနင်္ဂနွေနေ့ ဘုရားကျောင်းပင် သွားရောက်သူ နည်းပါးကြောင်း သိရသည်။ ဟားခါးပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသရန် ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မိမိတို့ နေအိမ်၌သာ နေထိုင်၍ အသံတိတ်သပိတ် ဆင်နွှဲကြရန် CDF…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တစ်နေရာကို ယနေ့ ခရစ္စမတ်နေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူနေ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်း ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများတွင် လူစုလူဝေးဖြင့် ပွဲလမ်းသဘင် ကျင်းပခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်က အသိပေးထုတ်ပြန်ထားသည်။
(004SS) စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး သည် မဖြစ်မနေ မဲပေးကြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ဝန်ထမ်းတိုင်း ကိုယ်တိုင် မဲပေးကြရန်နှင့် မဲပေးရန် ပျက်ကွက်ပါက နောက်ဆက်တွဲပြသနာများကို ကာယကံရှင် ဝန်ထမ်းများကသာ ဖြေရှင်းရမည်ဟု လူမှု ကွန်ရက်တွင် ပျံ့နှံ့လာသော တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရုံးအမိန့်စာတွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မဲပေးသည့်အခါ မိမိတို့၏ မှတ်ပုံတင်မူရင်း (ဝန်ထမ်းကဒ်) များကို မဖြစ်မနေ ယူဆောင်လာရန်နှင့် “အလေးအနက်” ထားကာ မဲပေးကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။ မဲပေးရန် ပျက်ကွက်သူများအား အကာအကွယ်ပေးမည်မဟုတ်ဘဲ ဥပဒေကြောင်းအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ ကြုံတွေ့လာရမည့် ကိစ္စရပ်များကို ကယကံရှင်ဝန်ထမ်းကိုယ်တိုင် ဖြေရှင်းရမည်ဟု ပါရှိသည်။ တီးတိန်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီလိုစာထုတ်တာ ဟုတ်ပါတယ်။ ဒါကတော့ ဆေးရုံဝန်ထမ်းတွေ အတွက်ပေါ့နော်။ တခြား ဌာနဆိုင်ရာအားလုံးလည်း မဖြစ်မနေ မဲပေးရမယ်လို့ သိရတယ်။ ပြည်သူတွေအတွက်တော့ အခြေအနေ မသိရသေးပေမဲ့ ရုံးတိုင်းကတော့ ပေးရမယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။ လက်ရှိတွင် ဝန်ထမ်းများကို အဓိကပစ်မှတ်ထား၍ မဲပေးရန် ဖိအားပေးမှုများ ရှိနေသော်လည်း မြို့ပေါ်ရှိ အရပ်သား ပြည်သူများအား မဲပေးရန် တိုက်ရိုက်ဖိအားပေးမှုမျိုးတော့ ယနေ့အထိ မရှိသေးကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအကြိုကာလအဖြစ် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်…
(006SV) ချင်းညီနောင် (CB) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ထံ စေလွတ်ထားသော ကိုယ်စားလှယ်တချို့ကို ယာယီရုပ်သိမ်းကြောင်း သိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်ထဲတွင် ပြုလုပ်သော ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအစည်းအဝေးတွင် ရှေ့လုပ်ငန်း စဉ်များ ဆွေးနွေးခြင်းနှင့်အတူ CB နှင့် ICNCC တွင် ကိုယ်စားလှယ်ရုပ်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။ “CB ရယ်၊ ICNCC ရယ် ကိုယ်စားလှယ်တွေက မြို့နယ်ညီလာခံကနေ တာဝန်ပေးခြင်း ခံထားရသူတွေ ဖြစ်တယ်။ အဲဒီကနေ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားပြီးမှ ICNCC၊ CB မှာ ပါဝင်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ်တွေကို တချို့တွေကို အစည်းအဝေးနဲ့ ရုပ်သိမ်းတာတော့ ရှိမယ်။ ICNCC ကနေ ချင်းညီနောင်ကနေ ကျနော်တို့ နှုတ်ထွက်တာတော့ မဟုတ်ပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းပီတာသန်းရွှေက ပြောသည်။ ချင်းညီနောင် (CB) နှင့် ICNCC တို့တွင် ကန်ပက်လက်အခြေစိုက် CDF – ကန်ပက်လက်က နုတ်ထွက်ခြင်း မရှိကြောင်း၊ တော်လှန် ရေး အရွေ့ခရီးပေါက်ရန် ယခုထက် ပိုအားကောင်းသည့် တပ်ပေါင်းစု ဆက်လက်ဖွဲ့စည်းပြီး ရပ်တည်ရန် လိုအပ်ကြောင်း ဆိုသည်။ CDF – ကန်ပက်လက်သည် CB နှင့် ICNCC မှ နုတ်ထွက်သည်ဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းသည် သတင်းမှားသာဖြစ်ကြောင်း CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။…
(006SV) ချင်းပြည်နယ်အလယ်ပိုင်း ZZLMS ဒေသဟုခေါ်ဆိုသော ဇိုတုန်၊ ဇိုဖေ၊ လောက်တူ၊ မရာနှင့် ဆဲန်ထန်းဒေသရှိ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်လူရွယ်အားလုံးသည် ၎င်းတို့နယ်မြေပြင်ပသို့ ခရီးသွားလိုပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ခံစာနှင့်သာ ခရီးသွားလာရန် ZZLMS ညီနောင်အဖွဲ့က ကြေညာသည်။ “တော်လှန်ရေး အားကောင်းလာဖို့အတွက်လည်း ပါသလို နယ်မြေချင်းဆက်စပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်း ကြား အပြန်အလှန်လေးစားသမှု အနေနဲ့လည်း လုပ်ဆောင်တာဖြစ်ပါတယ်” ဟု CDF – Zophei မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ZZLMS နယ်မြေ ဧရိယာအတွင်းရှိ လူငယ်လူရွယ်များသည် ၎င်းတို့ နယ်မြေပြင်ပသို့ အရေးပေါ် အကြောင်းကိစ္စရှိ၍ ခရီးသွားလိုပါက သက်ဆိုင်ရာ နယ်မြေရှိ ZZLMS ကာကွယ်ရေးတပ်ဖွဲ့ထံမှ ထောက်ခံစာ ရယူပြီး ထောက်ခံစာနှင့်သာ ခရီးသွားလာကြရန် ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်သည်။ ZZLMS ညီနောင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ် လူရွယ်များ အားလုံးသည် ထောက်ခံစာနှင့်သာ ခရီးသွားလာခွင့် ပြုတော့မည်ဟု စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါး ရှိလာချိန်တွင် ထုတ်ပြန် လာခြင်းဖြစ်သည်။ လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော ကာလဖြစ် သောကြောင့် အနယ်နယ်အရပ်ရပ်ရှိ ZZLMS လူငယ် လူရွယ်မှန်သမျှ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ထမ်းဆောင်ရန် ZZLMS ညီနောင်အဖွဲ့ က ဖိတ်ခေါ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့်…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အရွယ် ရောက်ပြီးသူ လူငယ်များကို ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်း ကန့်သတ်လိုက်ကြောင်း သိရသည်။ CDF – ပလက်ဝ ထိန်းချုပ်ဒေသတွင်းရှိ လူငယ် လူရွယ်များ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များမှအပ အရွယ်ရောက်ပြီးသူ လူငယ်များကို ပလက်ဝဒေသ ပြင်ပသို့ ထွက်ခွားခြင်းကို ဒီဇင်ဘာလ ၂၀ ရက်မှ စတင်၍ ကန့်သတ်ကြောင်း CDF – ပလက်ဝက ကြေညာလိုက်သည်။ “လူငယ်တွေကို ပြင်ပထွက်ခွာခွင့် ကန့်သတ်လိုက်တာက လတ်တလောအခြေအနေမှာ ဒေသတွင်း လူငယ်တွေက ဒေသအပြင်ဘက်ကို အလုံးအရင်းနဲ့ ထွက်ခွာသွားတာတွေ ရှိတယ်။ အဲဒါကြောင့် အသွားအလာ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုကန့်သတ်တာက ကျန်းမာရေး ကောင်းမွန်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို ကန့်သတ်တာဖြစ်ပါတယ်။ ကျောင်းတက်ဖို့ သွားတဲ့ လူငယ်တွေ၊ ဆေးကုသဖို့ သွားတဲ့ လူငယ်တွေကို သွားခွင့်ပြုထားတာ ရှိပါတယ်။ ပြီးတော့ ဒီကာလမှာ ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတရပ်လုံးနဲ့အတူတူ ကျနော်တို့လည်း တတပ်တအား ပါဝင်ဖို့ အရေးကြီးတယ်” ဟု ခူးမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ဥက္ကဌ ဆလိုင်းစောမြက ပြောသည်။ ဒေသခံ ချင်းလူငယ်များအနေဖြင့် တော်လှန်ရေးထဲတွင် ယခုထက်မက ပိုပါဝင်လာနိုင်ရန် ရည်ရွယ် လုပ်ဆောင် ခြင်းဖြစ်ပြီး လက်ရှိ တော်လှန်ရေးသည် ပြည်သူ့ တော်လှန်ရေးဖြစ်သည့်အတွက် နေရာစုံ၊…
004SS ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့် လမ်းပိုင်းများကို စစ်ကော်မရှင်တပ်က မြေထိုးစက် JCB ဖြင့် ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ယခုဒီဇင်ဘာလအတွင်း နှီလ်လှောန်းရွာသစ်လမ်းကို စတင်ဖျက်ဆီးခဲ့ပြီးနောက်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဟားခါး မြို့ပတ်လမ်းရှိ ဖိုင်ရွာလမ်းနှင့် ခွါဘဲရွာဘက်သို့ သွားသည့်လမ်းများကိုပါ စစ်ကော်မရှင်တပ်က ထပ်မံဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဟားခါးမြို့ ဒေသခံတစ်ဦးက “လမ်းတွေကို ဘယ်သူမှ သွားလို့မရအာင် ရေပြွန်တူးသလိုမျိုး JCB နဲ့ တူးပစ်တာ။ ခွါဘဲ ဘက်ဆိုရင် ဆိုင်ကယ်တောင်မသွားနိုင်ဘူးလို့ ပြောတယ်။ နှီလ်လှောန်းဘက်ကတော့ ဆိုင်ကယ်တစ်စီးစာလောက် ချန်တော့ သွားလို့ရတယ်။ ပြောရရင်တော့ စစ်တပ်က သူတို့ ဂိတ်ရှိတဲ့ ဟားခါး-ဂန့်ဂေါ လမ်း၊ ဟားခါး-မတူပီလမ်းနဲ့ ဟားခါး-ကလေးလမ်းက ၆ လမ်းဆုံမှာ သူတို့ဂိတ်ချတယ်လေ။ အဲဒီလမ်းတွေကိုတော့ ဖွင့်တာပေါ့နော်။ ကျွန်တော် ထင်တာကတော့ ပြည်သူတွေက စစ်တပ်ဂိတ်ကို ရှောင်ပြီးတော့ တခြားလမ်းတွေ သုံးတယ် အဲဒါကြောင့် သူတို့ဂိတ်ကို ဖြတ်ပြီးပဲ ဝင်စေချင်လို့ ဖြစ်မယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဂိတ်ကြးတွေလဲ မြင့်တယ်လေ” ဟု ပြောသည်။ အဆိုပါ ဖျက်ဆီးခံရသည့် လမ်းများသည် ဖလမ်း၊ ကလေး နှင့် ဂန့်ဂေါ မြို့များသို့ သွားလာရာတွင် အသုံးပြုနေသော ရှောင်ကွင်းလမ်းများလည်းဖြစ်သည်ဟု သိရသည်။ နှီလ်လှောန်းရွာလမ်းနှင့် ဖိုင်ရွာလမ်းတို့မှာ ကလေးမြို့ဘက်သို့ ဆက်သွယ်နိုင်ပြီး၊ ခွါဘဲရွာလမ်းမှာ မိအေဒေသနှင့် ဇိုခွါဘက်မှတစ်ဆင့် ဂန်ဂေါသို့ ပေါက်သည့်လမ်းဖြစ်သည်။ သို့သော် လမ်းကျဉ်းကာ ပြုပြင်မွမ်းမံခြင်းမရှိတာကြောင့် ကားလေး၊…
(006SV) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်ကော်မရှင် စစ်စခန်းကို တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များနှင့် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်မှ ဒုရဲအုပ်အပါအဝင် ၁၈ ဦး သေဆုံးသည်ဟု သိရသည်။ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်စခန်းတစ်ခုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက် ခြင်းဖြစ်သည်ဟု ACDF က ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည်။ တိုက်ပွဲတွင် ဆင်တလင်းစခန်းကို ဦးစီးသော ဒုရဲအုပ်အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။ MA1 ၄ လက်၊ MA3 ၆ လက်၊ G3 ၁ လက်၊ ခြောက်လုံးပြူ ၁ လက်၊ ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၂၁ ခု၊ အတိုကျည် ၅ တောင့်၊ ဦးထုပ် ၇ လုံး၊ ၅.၅၆ ကျည် ၂၁၉ တောင့်၊ အီကွေးမန့် ၃ ခု၊ Vest ၁ ခု၊ မိုဘိုင်းဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။ အဆိုပါတိုက်ပွဲကို…
(006SV) မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည့်အပြင် မရာနိုင်ငံ ရေးကို ဦးဆောင်ရန်အတွက် နိုင်ငံရေး ဦးဆောင်ကော်မတီ (PSC) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ မရာနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သော မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ ယခုနှစ် ဒုတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးမှာ အခြားသောအဆို၊ ဥပဒေများနှင့်အတူ အတည်ပြုနိုင်ခြင်းဖြစ်သည်။ “လိုင်လင်းပီမြို့အုပ်ချုပ်ရေး အက်ဥပဒေက အရင်က ပထမကောင်စီတုန်းက အတည်မပြုနိုင်ခဲ့ဘူး။ အဲဒီတုန်းက အချိန်မရ လိုက်ဘူးပေါ့နော်။ ဒီတစ်ခေါက် ကောင်စီအစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့တယ်။ အသစ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီကတော့ ကျနော်တို့ နောက်ပိုင်းသွားတဲ့အခါမှာ မိတ်ဖက်မဟာမိတ်တွေနဲ့အတူ ကောင်းကောင်းမွန်မွန် လှမ်းနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးတွေက ပိုကျယ်ပြန်လာတယ်၊၊ ပိုလေးနက်လာတဲ့အတွက် ဒီတစ်ခေါက်မှာပဲ သေချာဖွဲ့ဖြစ်တယ်။ အရင်တုန်းကတော့ ရှိပြီးသားလို့ ပြောရင်လည်း မမှားဘူး။ နာမည်သတ်ပြီး မရှိဘူးပေါ့၊၊ ဒီတစ်ခေါက်ကတော့ စနစ်တကျလေ ဖွဲ့စည်းဖြစ်တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မရာပဋိညာဉ်ကို မြေပြင်နှင့်ထပ်တူ ပို၍ လက်တွေ့ကျသော ပဋိညာဉ်ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြင်ဆင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။အက်ဥပဒေ ၃ ခုကို ပြင်ဆင်ရေးနှင့် အက်ဥပဒေကြမ်း ၁ ခုကို တင်သွင်းဆွေးနွေးခဲ့ရာ ကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်ခဲ့ပြီး လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ကျန်အက်ဥပဒေ ၂ ခုကို ဥပဒေမူကြမ်းကော်မတီထံ လွှဲအပ်ခြင်းတို့ ဆောင်ရွက်သည်ဟု…
(006SV/ 004SS) မြန်မာနိုင်ငံရဲ့ အနောက်ဘက်စွန်း၊ ကုလာတန်းမြစ်ကမ်းဘေး လောင်တလိုင်ခရိုင်ထဲက ကော့ဆွန်းရွာ စစ်ဘေးရှောင် စခန်းမှာ ကိုဆလိုင်းတို့ မိသားစု ၃ ဦးဟာ တခြားစစ်ဘေး ရှောင်တွေနဲ့အတူ ဒုက္ခအဖုံဖုံကြား နေရပ်စွ့န်ခွာနေထိုင်ရတာ ၅ နှစ်နီးပါး ရှိလာပါပြီ။ ကော့ဆွန်းရွာမှာ ကိုဆလိုင်းတို့လို ပလက်ဝမြို့က စစ်ဘေးလာရှောင်တဲ့ ပြည်သူတွေ ၂၅၀ ခန့်နေထိုင်ပြီး စစ်ဘေးရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဘဝတွေဟာ တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေပါတယ်။ စစ်ဘေးရှောင်နေအိမ်တွေရဲ့ မီးဖိုချောင်းမှာ နေ့စဉ်စားဖို့ ဆန်မပြတ်လပ်ရေးကလည်း ပိုမိုအကြပ်တွေ့လာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှု နည်းပါးခြင်းက ချင်းစစ်ဘေးရှောင်တွေကို အရှိန်ပြင်းပြင်းနဲ့ ပိုရိုက်ခတ်လာနေပါတယ်။ ဒီလို ရိုတ်ခတ်မှုတွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစပ်မှ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်ထဲရှိ ကုလာတန်းမြစ် ကမ်းဘေးက ကော့ဆွန်းရွာ စစ်ဘေးရှောင်တွေကိုလည်း သက်ရောက်မှု ကြီးပါတယ်။ “စားဝတ်နေရေးက ကျနော်တို့ ဆန်ရှိရင် ရတယ်၊၊ နေ့စဉ် စားဖို့ ဆန် ရှိဖို့ကို ခက်ခဲကြပါတယ်။ အသီးအရွက် တွေက အိမ်အနီးမှာ ဟင်းခင်းကနေ ချက်စားလို့ ရတာပေါ့။ ပညာရေး၊ ကျန်းမာရေးတွေဟာလည်း ကျနော်တို့အတွက် အင်မတန်မှ အခက်အခဲ ရှိနေတယ်။ ကူနိုင်သူတွေ ရှိရင် ကျနော်တို့ လိုအပ်နေပါတယ်။ လက်ရှိမှာ အခက်အခဲတွေ ရှိနေတာပေါ့နော်” လို့ ကိုဆလိုင်းက ပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေ စတင်ပြီး စစ်ဘေးရှောင်စဉ်က မီဇိုရမ်က ဒေသခံတွေဟာ…
