ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် တပြည်လုံး အတိုင်း အတာဖြင့် လူထုတွေ့  ဆုံးဆွေးပွဲ လုပ်ငန်းကို ယခုလမှစတင် အကောင် အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။ ယင်းလူထုတွေ့ ဆုံပွဲကို ချင်းပြည်နယ် မြောက် ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း စသဖြင့် သက် ဆိုင်ရာ CNF လိုင်စင်ရုံးတာဝန်ခံ များက ဦးစီးပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယမန်နေ့  CNF ၏သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ်တောင်ပိုင်းဖြစ်သည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့ နယ်၊ ရေဇွာနှင့် ဆမီးမြို့ နယ်ခွဲရှိ လူထုများကို မတူပီမြို့ ရှိ CNF လိုင်စင်ရုံး တာဝန်ခံ များမှဦးစီးပြီး လူထုတွေ့  ဆုံဆွေးနွေးပွဲပြုလုပ်ရန်နှင့်ချင်းပြည်နယ် အလယ်ပိုင်းဖြစ် သည့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့  နယ်ရှိ လူထုများကို ထန်တလန် မြို့ CNF လိုင်စင်ရုံး တာဝန်ခံများက ဦးစီးပြီး လုပ်ငန်းအကောင် အထည်ဖေါ် သွား ရန် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
Author: Editor
လာမည့် စက်တင်ဘာလတွင် စတင်လွှင့်ရန် စီစဉ်နေသည့် မြန်မ့ရေဒီယိုနှင့် ရုပ်မြင်သံကြားသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စု ရုပ်သံလှိုင်းတွင် တိုင်းရင်းသား ဘာသာကြီး (၈)ခုအနက် ချင်းဘာ သာစကား (၂)ဘာသာဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ယခုမြန်မာ့ အသံမှ ထုတ်လွှင့်နေသည့် တိုင်းရင်းသားသာသာ စကား (၁၄)ခုကို နံနက် ၆း၀၀ နာရီ မှမွန်းလွဲ ၁၂း၀၀နာရီအထိ တစ်ကြိမ်၊ နေ့ လယ် ၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ခြင်းကို အားဖြည့်သည့်အနေဖြင့် ပြည်ထောင်စု ရုပ်သံလှိုင်းအသစ်တစ်ခု ထပ်မံဆောင် ရွက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။ ယင်းသတင်းစာက တိုင်းရင်းသား ဘာသာကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းဘာသာ (၂) ဘာသာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တိုင်းရင်းသားရေးရာတို့ ဖြစ်ကြောင်း၊ ချင်းဘာသာတွင် ဖလမ်း ဘာသာနှင့် မင်းတပ် ဘာသာစကားဖြင့် ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ ယင်းတိုင်းရင်းသား ဘာသာစကားကို နံနက် ၆း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိ ထုတ်လွှင့် မည် ဖြစ်သည်ဟု သိရသည်။ သို့ သော် တိုင်းရင်းသား ဘာသာတခုက မည်သည့် အချိန်အတွင်း ထုတ် လွှင့်မည်ကိုမူ ဖေါ်ပြခြင်းမရှိပေ။ ပြည်ထောင်စု ရုပ်သံလှိုင်း ထုတ်လွှင့်ပြသနိုင်ရန် ၂၀၁၃ ခုနှစ် မတ်လ တွင် သက်ဆိုင်ရာ ပြည်နယ် အစိုးရများနှင့် ဆွေးနွေးပွဲ…
ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ က မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ နယ် Rawpui ကျေးရွာတွင် သစ်ထမ်း အလုပ်လုပ်ကိုင်ခဲ့သူ ချင်းပါစတာ တဦးအား ရုတ်တရက် သစ်ပင်ဖိမိ၍ ပွဲချင်းသေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးခဲ့သော ပါစတာသည် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ် Phaileng ကျေးရွာမှ Pastor Muanga (၃၁) ဆိုသူဖြစ်ကြောင်း၊ သူသည် Phaileng ကျေးရွာ American Baptist Church တွင် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သည့် ပါစတာသည် မြန်မာနိုင်ငံ မန္တလေးမြို့ တွင် ကျင်းပပြုလုပ်မည့် အသင်းတော် ပါစတာ များ သင်တန်းတွင် တက်ရောက်နိုင်ရန် စီစဉ်လျက် မီဇိုရမ်သို့  သူ့  သူငယ်ချင်း ၄ ဦးနှင့် အတူ သစ်ထမ်း အလုပ် လုပ်ကိုင်စဉ် သေဆုံးခြင်းဖြစ်သည် ဟု ဒေသထုတ် သတင်းစာ တွင် ဖေါ်ပြ ထားသည်။ “မနက် ၉း၀၀ နာရီခန့် က လေအရမ်းတိုက်တဲ့အတွက် ပါစတာတို့  တည်းခိုနေတဲ့ တဲလေးမှာ အနားယူနေချိန် မှာဘဲ တဲအနားရှိ သစ်ပင်ကြီး လဲကျခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုးနှင့် ကြုံတွေ့  ရတယ်” ဟု မီဇိုရမ်ထုတ် The Aizawl Post သတင်းစာတွင် ဖေါ်ပြထားသည်။ သေဆုံးသူ၏ အလောင်းကို သူနှင့်လိုက်ပါခဲ့သည့် သူ…
၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ချင်းပြည် နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် မတူပီ အမျိုးသမီး အသင်း ဖွဲ့စည်း လိုက် ကြောင်း သတင်းရရှိသည်။ ” မတူပီလူငယ်အသင်း (MYA) ကမကထပြု မှုနဲ့ နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ အထိ မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ စုဝေးကြပြီးတော့ ဖွဲ့စည်းလိုက်တာဖြစ်တယ် ” ဟု ပါဝင်သူတဦး က ပြော သည်။
(ဇလပ်ထက်နီ) လူတိုင်းလူတိုင်းမှာ ကိုယ့်အယူအသီးသီးရှိကြသည်။ ကိုယ့်အတွက် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လာမည့် အရာ များအပေါ် အယူ အသီးသီး ဖြင့်ဆွဲတွေးပြီး ပြောဆို ဝေဖန်ပြီး နိမိတ်တွေကောက်ယူတတ်ကြသည်။ စာရေးသူလည်း လူသားထဲက လူသားမို့ ၂၀၁၃ ခုနှစ်သည် ချင်းလူမျိုးများအတွင်း ခါတိုင်းနှစ်နှင့် မတူထူးခြားသည်ဟု နိမိတ်ကောက်ဖော်ပြလိုသည်။ – ချင်းလူမျိုးများသည် ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ရာမှာ တတပ်တအား ပါဝင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု တခုပါ၊ တိုင်းရင်းသားလူမျိုးများ ဥမကွဲသိုက်မပျက် အတူတကွယှဉ်တွဲ နေထိုင်ရေးအပေါ် တစိုက်မတ်မတ်ရပ်တည်လာခဲ့ကြတဲ့ လူမျိုးလို့ပြောရယင် သမိုင်းအထောက်အထားနဲ့ ရှိတာမို့ မလွန် လောက်ပါဘူး၊ သို့သော် မြန်မာနိုင်ငံအစိုးရ အဆက်ဆက် ချင်းပြည်နယ်ရှိ ချင်းပြည်သူများအနေဖြင့် နိုင်ငံတော် ၀န်ကြီး ချုပ်၊ နိုင်ငံတော် သမ္မတဆိုတာ နာမည်သာကြားပြီး မမြင်ဘူးကြပါ၊ ပင်လုံးစာချုပ်အရ ပြည်ထောင်စု ဖွဲ့စည်းတည် ဆောက်ရာမှာ ပါဝင်လာခဲ့တဲ့ ချင်းလူမျိုးများအနေဖြင့် ပြည်ထောင်စု သမ္မတ၊ ၀န်ကြီးချုပ်ဆိုတာ မမြင်ဘူးကြပါ ဆိုတာက ကြားလို့တောင်မကောင်းပါ။ သို့သော် အစိုးရသစ်တက်လာသည့် နောက်ပိုင်း ၂၀၁၃ ခုနှစ်မှာမူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ချင်းပြည်နယ်သို့ လာရောက်ပြီး ပြည်သူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်း ဆောင်များ နှင့် ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့သည်။ ချင်းပြည်နယ်၏ အဓိကလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး နှင့် သောက်သုံးရေ ဖူလုံစွာရရှိ နိုင်ရေးတို့ကို အစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သွားမည်ဟု နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်က ချင်းပြည်သူများထံ…
နေပြည်တော် နယ်စပ်ဒေသ ကုန်သွယ်ရေး ဦးစီးဌာန လက်ထောက်ညွန် ကြားရေးမှူး Major Aung Win ဦးဆောင်မှုဖြင့် ချင်း ပြည်နယ် ထန်တလန်မြို့တွင် ယခုလ ဧပြီလ (၁) ရက်နေ့က နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်လိုက်ကြောင်း သိရ သည်။ “ လောလောဆယ်ဖွင့်လှစ်တဲ့သဘောပါ၊ အခု ရုံးဖွင့်မည့်နေရာတွေ လေ့ လာနေကြတယ်၊ ဘာပဲ ဖြစ်ဖြစ် ချင်းပြည်နယ် အစိုးရနှင့် ထန်တလန်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေ တင်ပြတောင်း ဆိုမှုကြောင့် ဖြစ် လာတာပါ၊ ပြည်သူတွေ လည်း အထူးဝမ်း သာနေကြတယ် ” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် Pu Lal Maung Cung က ပြောသည်။ Major Aung Win နှင့် အတူ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ အခွန်ဦးစီးဌာန၊ ဘဏ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိများ ပါဝင်သည်ဟု သိရသည်။
အဓိပ္ပါယ် ဖွင့်ဆိုချက်။ (ပူးလော်မာ) မိခင်ဘာသာစကားဆိုရာ၌ သား အမိကြား၊ မိသားစုအတွင်းပြောဆို သုံးစွဲ သောဘာသာ စကား ဟုလွယ်ကူစွာ အဓိပ္ပါယ် ဖွင့်ဆိုပါက များစွာမှားယွင်းလိမ့်မည် မထင်ပါ။ သို့သော် ပညာရှင်များ ၏အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုး လေ့လာ သိရှိခြင်း အား ဖြင့်ပို မိုနားလည် သဘောပေါက်ပြီး ၊ပိုမို အကျိုးရှိစွာလက်တွေ့ ကျင့်ကျန်သုံးစွဲနိုင်မည်ဟု ယူဆပါ သည်။ ပညာရှင် များ၏အ ဓိပ္ပါယ်ဖွင့် ဆိုချက်များစွာမှအချို့သောအခက်အလက်ပေါ်အခြေခံပြီးအနည်းငယ် တင်ပြလိုပါသည်။ ၁။ မွေးရာပါဘာသာစကား ရှေးခေတ်ပညာရှင်များသည် မိခင်ဘာသာစကားအား မွေးရာပါ ဘာသာစကား၊ ဘုရားပေးသော အရာ အဖြစ် လက်ခံခဲ့ကြပါသည်။ သို့သော်လူသားများမွေးဖွားသန့်စင်ချိန်၌ မည်သည့်စကားမျှ တတ်မြောက်ပြီး မွေးဖွါးလာခြင်းမရှိကြပါ။ မိမိနေထိုင်သော လူ့အဖွဲ့ အစည်းအသိုင်း အဝန်း၏ပြော ဆိုသုံးစွဲသောဘာသာ စကားအား လေ့လာ ကျင့်သုံး ပြောဆို ကျင့်သုံး လာခြင်းသာဖြစ်သည်။ ထို့ကြောင့် ဘာသာစကားသည် မိမိနေထိုင်သော လူမျိုး၏ ယဉ်ကျေးမှု (Culture) သို့မဟုတ် လူ့အဖွဲ့အစည်း (Society) မှ ပေးအပ်လာသော အရာ သာဖြစ်ပါသည်။ ဥပမာ- ဗမာမိဘနှစ်ပါး မှ မွေးဖွါးလာသော မွေးကင်းစ ကလေးငယ်တစ်ဦးအား လူမျိုးခြားတိုင်း တစ်ပါး၌ ခေါ် ယူမွေးစား ခဲ့ပါက ၎င်း ကလေးငယ်သည် ဗမာစကား ကို ပြော မည်မဟုတ်ပဲ မိမိနေထိုင်သော လူ့အဖွဲ့အစည်း သုံးစွဲသော ဘာသာစကား ကို ပြောဆို မည်ဖြစ် ပါသည်။ ထိုကြောင့် ဘာသာစကားဟူ…
ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းသဲရွာတွင် ယခုလ ဧပြီ ၉ ရက်နေ့ နံနက် ၃း၀၀ နာရီခန့်က အိမ်ထောင်ရှင်မ Pi Cheda ( ၄၅ နှစ်) ဆိုသူ အား လူငယ် တဦးက ထိုးသတ်လိုက်သည်။ တရားခံသည် တခါတလေ စိတ်ဖောက်ပြန်တတ်သူ စဘောင်းပီရွာသား Chithah ဆိုသူဖြစ် ပြီး သေ ဆုံးသူ ၀မ်းဗိုက်တွင် ကတ်ကြေးဖြင့် သုံးချက်တိတိ ထိုးခဲ့ကြောင်း အမှုဖြစ်ပွားပြီး နံနက် ၉ နာရီခန့် တွင် သေဆုံး သွားခြင်းဖြစ်ကြောင်း ပြောကြသည်။ “တရားခံက အရက်ကြောင့် စိတ်ဖောက်လေ့ရှိတယ်၊ အခု အမှုမကျုးလွန်ခင်မှာ သူ့ကို လာသတ် မည့် သူတွေကို ပြန်သတ်မယ်ဆိုပြီး ယခုလို ထိုးသတ်လိုက်တာပါ” ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံးသူ Pi Cheda သည် စဘောင်းပီတွင် အိမ်ထောင်ကျပြီး စဘောင်းသဲ ရွာတွင် ဆေးကု သခံနေသူ ၄င်း၏ဆွေမျိုးထံ သွားရောက် ကြည့်ရှုစဉ် ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ ရခြင်းဖြစ်ကြောင်း တရားခံ Chithah သည်လည်း ၄င်း၏ စိတ်ဖောက်ပြန်နေသည့် အပေါ် ဆေးဝါး ကုသရန် စဘောင်းသဲတွင် ရောက်ရှိစဉ် ယခုလို ပြစ်မှု ကျုးလွန်ခဲ့ခြင်းဖြစ်သည်။ တရားခံအား လိုင်လင်းပီ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း နှင့် မှုခင်း စစ်ဆေးရန်အတွက် မတူပီမြို့နယ် ဆရာ ၀န်၊ မြို့နယ်ပြည်သူ့ရဲမှူးကိုယ်တိုင် မှုခင်း ဖော်ထုတ်ရန် စဘောင်းသဲရွာသို့…
ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှ ၁၄ မိုင်အကွာတွင် ကားတစီးတိမ်းမှောက်ခဲ့ရာ ဟားခါးမြို့နေ၊ ဆတ္တားဇာတိ ဖြစ်သူ ကားပိုင် ဒရိုင်ဗာ Heinawnkio ( 38) သေဆုံးပြီး ခရီးသည် ၁၄ ဦး ဒါဏ်ရာရရှိသည်ဟု ကြားသိရသည်။ ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ ည ၈း၀၀ နာရီခန့်က ဟားခါးမြို့မှ ဆတ္တားရွာသို့ သွားသည့် ၀ ဥ တင်ဆောင်သော ဒေသအခေါ် Haimual Jeep ကားတစီးသည် ကားလမ်းပေါ်တွင် ယုန်ကို တွေ့ပြီး ရှောင်ရာမှ ကားလမ်းအောက် သို့ ထိုး ကျခဲ့ခြင်းဖြစ်ပြီးသည်။ The Hakha Post သတင်းအရ ဒရိုင်ဗာသည် ဟားခါးဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်းခုလပ်တွင် သေဆုံးသွားသည်။ လူနာများမှာ ဟားခါးမြို့နယ် ဖိုင်ဇောင်းရွာမှ Pu Siang Tum၊ Pu Lian Kham၊ Pi Ni Men Zing နှင့် ၄င်း၏ ကလေးငယ်၊ ခွါပီးရွာမှ Pu Tin Cung၊ Pu Zung Ki၊ Pu Tha Peng၊ အမျိုးသမီးငယ် Far Hlei Sung၊ Pi Tial Sam၊ Pu Cung Lian၊ Pi Ni Ci ၊ Pi Thla Sui, ဆူးရ်ခွါး ရွာမှ Dawt Cin Sung…
ယခုလတွင် ချင်းပြည်နယ်ပညာရေးဌာနအတွက် လူပေါင်း ၅၀၀၀ ခန့် အရည်အချင်း စစ်စာမေး ပွဲဖြေဆိုကြသည်ဟု သတင်းရရှိသည်။ ဧပြီလ ၉ ရက်နေ့က ဟားခါးမြို့ပေါ်မှာ ပြုလုပ်သည့် ပညာရေးဝန်ထမ်း အရည်အချင်းစစ် စာမေးပွဲ တွင် လူဦးရေ ၆၈၂ ဦး ဖြေဆိုထားကြောင်း The Hakha post တွင် ဖော်ပြထားသည်။ မူလတန်းပြဆရာအတွက် ဘွဲ့ရ ကျား ၄၅၊ မ ၁၄၅ဦး၊ မူလတန်းပြဆရာဆင့် ဆယ်တန်းအောင် ကျား ၃၁၊ မ ၉၈ ဦး ၊ ဓါတ်ခွဲခန်းအတွက် ဘွဲ့ရ ကျား ၄၊ မ ၉ ဦး၊ အထွေထွေလုပ်သားအတွက် ကျား ၁၆ ဦး စာရေးအဆင့် (၁) အတွက် ကျား ၃၁၊ မ ၁၂၀ ဦး အောက်တန်းစာရေးအတွက် ကျား ၅၉၊ မ ၁၂၄ဦး စုစုပေါင်း ၆၈၂ ဦး ဖြေဆိုကြကြောင်း ထပ်မံဖော်ပြထားသည်။ လေ့လာချက်များအရ ၀န်ထမ်းနေရာ ဘယ်နှစ်ရာ ရာထားသည်ကို သက်ဆိုင်ရာက အသေးစိပ် မကြော်ငြာကြောင်း ဟားခါးမြို့နယ် ပညာရေးဌာနတွင် ၀န်ထမ်းလစ်လပ်နေရာမရှိကြောင်း ပညာရေး ၀န်ထမ်းတဦးက ဆိုသည်။ နိုင်ငံတော်အစိုးရမှ ၀န်ထမ်းလစာ တိုးပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အစိုးရ၀န်ထမ်းတာဝန် ကို ဒေသခံများပိုမို စိတ်ဝင်စားလာကြသည်ဟု ပြောကြသည်။ ချင်းပညာတတ်လူငယ်များသည် ၀န်ထမ်းအလုပ်လက်မဲ့ ပြသနာကြောင့်၎င်း၊ ၀န်ထမ်းလစာ နည်းပါးမှုကြောင့်၎င်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြပြီး…
