Author: Editor

(006SV) မင်းတပ်မြို့နယ်တွင် အရပ်သားပြည်သူများအနေဖြင့် လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များထံ မတ်လ ၁၅ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်လာသည်။ ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိခြင်းကြောင်း လက်နက်ခဲယမ်းများ အပ်နှံရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု CDM – မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်သည်။ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ မတ်လ ၁၅ ရက်မှာ နောက်ဆုံးထား၍ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဆုကြေးနှင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို တန်းဖိုးထုတ်ပေးမည်ဟု သိရသည်။ သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု CDF – မင်းတပ်က ဆိုသည်။ အရပ်သားပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတနည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ CDF – မင်းတပ်ထံ အပ်နှံရမည်ဟု သိရသည်။ CDF – မင်းတပ်သည် မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး ၂ လနီးပါးခန့်တွင် မင်းတပ်မြို့နယ်အတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင် ရေးအတွက် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု နားလည်ရပြီး CDF မင်းတပ်တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းထားသော်လည်း ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းအထိ မရရှိသေးပါ။ ဖေဖော်ဝါရီလ ၁၁…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြကြောင်း သိရသည်။ ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော Senthang Revolution Force- SRF နှင့် CDF– Hakha ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးသည် MA 1 သေနတ် -၂ လက်နှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ထံအလင်းဝင်ရောက်လာကြောင်း Senthang Revolution Force- SRF က ယမန်နေ့တွင် ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများကို ငွေသား လက်ဆောင်များချီးမြင့်ပေးသည့်အပြင် အခြားသောအဖိုးတန်ပစ္စည်းများကိုလည်း ချီးမြှင့်‌ေပးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော ရဲဘော်အားလုံးကိုလည်း အလင်းဝင်လာကြရန် အမြဲတမ်းကြိုဆိုကြောင်း SRF က ဖိတ်ခေါ်ထားသည်။ အလားတူ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့သည်ဟု Chinland Defense Force – Hakha ကလည်း ယမန်နေ့တွင်ထုတ်ပြန်သည်။ ယခုကဲ့သို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြဲကြိုဆိုပြီး ဆုငွေများ ချီးမြှင့်‌သည့်အပြင် နောက်နောင် အလင်းဝင်လိုသူများကို လည်း ကြိုဆိုကြောင်း၊ ၎င်းတို့ကို လွတ်မြောက်နယ်မြေ ရောက်သည်အထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း…

Read More

(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကို ဒေသတွင်းအာဏာပိုင်းများက UN ကဒ် ကိုင်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးမှုများ ရှိနေသည်။ ဖေဖော်ဝါရီလ ၂၃ ရက် တနဂ်နွေနေ့ မနက်ပိုင်းက နယူဒေလီမြို့၊ ဘိုဒဲလားရပ်ကွက်ရှိ Burmese Christian Association- BCA အသင်းတော် ဝတ်ပြုခြင်းအစီအစဉ်တွင် အိန္ဒိယရဲများက ကြိုတင်သတင်းပေးခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားပြီး UN card ကိုင်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည်ဟု BCA အသင်းသားတစ်ဦးက ပြောသည်။ “UN card တွေကို ပြခိုင်းတယ်၊ ပါတဲ့သူက ကဒ်ပြ၊ မပါတဲ့သူက ဖုန်းနဲ့ ဓါတ်ပုံပြကြတယ်။ မနေ့က ဖမ်းတာတော့မရှိဘူး။ ရဲ ၂ ယောက် ၃ ယောက်လောက်က လာစစ်တာ၊ သူတို့ ဝတ်စုံတောင် မဝတ်ကြဘူး။ ကျွန်တော်တို့တွေရော၊ ရိုဟင်ဂျာတွေရော စစ်တာ၊ အစိုးရက permit မရှိတဲ့သူ၊ UN card မရှိတဲ့သူတွေကို ဖမ်းဖို့တဲ့၊ ဖမ်းပြီးရင်တော့ မြန်မာကို ပြန်ပို့ဖို့လို့တော့ သိရတယ်။ စိုးရိမ်စရာကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကဒ်ရှိဖို့တော့ လိုတာပေါ့“ ဟု BCA အသင်းသားတစ်ဦးက ပြောသည်။ BCA ဘုရားကျောင်းအပြင် GBCF ဘုရားကျောင်းနှင့် အချို့ အဆောက်အအုံများတွင်လည်း ဝင်ရောက်စစ်ဆေးခြင်းများရှိသည်ဟု သိရသည်။ လက်ရှိ နယူးဒေလီရောက် မြန်မာနိုင်ငံသားများအနေဖြင့် အစိုးရ သို့မဟုတ် UNHCR ၏ အသိအမှတ်ပြုသည့် ကဒ်တစ်ခုခု ကိုင်ဆောင်ကြောင်း ပြသနိုင်ပါက စိုးရိမ်လွန်ခြင်းမရှိဘဲ…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ယခုတပတ်တိုက်ပွဲများအတွင်း CDF – မင်းတပ်မှ ရဲဘော် ၁ ဦးနှင့် PDF – Zoland မှ ရဲဘော် ၁ ဦးတို့ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးသည် လက်ရှိတွင် သုံးလကျော် ရှိလာပြီး မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားကာ နောက်ဆုံး ကျန်ရှိသည့် ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းနိုင်ရန် ထိုးစစ်ဆင်နေချိန်မှာ ချင်းရဲဘော်တချို့ ထိခိုက်သေဆုံးမှုများ ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဖလမ်းကတော့ လေကြောင်းပစ်ခတ်မှုတွေက နေ့တိုင်းရှိတယ်။ တိုက်ပွဲကလည်း ပြင်းထန်တဲ့အခြေအနေမှာ ရှိပါတယ်။ ရဲဘော်ကျဆုံးတွေက‌တော့ ဟုတ်ပါတယ်။ စစ်ပွဲဆိုတာကတော့ အဲလိုပါပဲ ရှိပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ CDF – မင်းတပ်၊ တပ်ရင်း ၆ က တပ်စုမှူး ဆလိုင်းလိန်းထန်းကီးသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်နေရာ ဖေဖော်ဝါရီလ ၂၁ ရက်က စစ်ကောင်စီ၏ စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ ကျဆုံးသွားသည့် ဆလိုင်းလိန်းထိန်းကီး၏ ရုပ်အလောင်းကို ဇာတိမင်းတပ်မြို့သို့ ပြန်လည်သယ်ယူရန် ခက်ခဲသောကြောင့် ဖလမ်းမြို့နယ် တနေရာမှာ သဂြိုလ်မည်ဟု သိရသည်။ တိုက်ပွဲအတွင်း နောက်ထပ်ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာတချို့ ရရှိပြီး ဆေးကုသနေရသည်ဟု သိရသည်။ PDF- Zoland မှ ရဲဘော်တဦးဖြစ်သည့် Lian Hau Sum သည်လည်း ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင် နေမှုအတွင်း…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးသည် လွန်ခဲ့သည့် ၁ လခွဲခန့်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ယနေ့မနက်ပိုင်းကစပြီး ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး မီးလောင်နေသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့ပြီး ယင်းဖြစ်စဉ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားသောဖြစ်ရပ်မဟုတ်ဘဲ လွန်ခဲ့သည့် တစ်လခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကပြောသည်။ “ဖလမ်းဆေးရုံးမီးလောင်တာက ကြာပါပြီ။ ဒါပေမယ့်အခုမှ ဗီဒီယိုက ပြန့်သွား (leak) တာပါ။ တလခွဲ၊ နှစ်လလောက်တောင် ရှိတော့မယ်။ ဖလမ်းဆေးရုံးနဲ့ တပ်ကုန်းက ခြေလျင်နဲ့ သွားမယ်ဆိုရင် တမီနစ်၊ နှစ်မီနစ်လောက်ပဲကြာတယ်။ တော်တော်လေး နီးပါတယ်။ ဆိုတော့ တကယ့်စစ်ပွဲဖြစ်တဲ့နေရာ အနားမှာ ရှိတဲ့အတွက် ဂျက်ဖိုက်တာတွေ ၃ကြိမ်၊ ၄ကြိမ် ပစ်ခတ်တဲ့အတွက် ကြောင့် မီးလောင်ပျက်စီးသွားတာပါ။ စကစက သိတဲ့အတိုင်းပဲ ဆေးရုံးတို့၊ ဘုရားကျောင်းတို့ကို ပစ်မှတ်ထားပြီးတော့ အမြဲတမ်း လုပ်တယ်။ အဲဒါကြောင့်ပျက်စီးသွားတာပါ” ဟု ဆလိုင်းတင်မီက ပြောသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်နှင့် မဟာမိတ်တပ်များက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ကာ တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ရာတွင် ဖလမ်းဆေးရုံကြီး မီးလောင်ပျက်စီးသွားခြင်းဖြစ်ပြီး မီးလောင်သည့် နေ့ရက်အတိအကျကိုတော့ ဆလိုင်းတီမီက ပြောဆိုခြင်းမရှိခဲ့ပေ။ လက်ရှိတွင် ဖလမ်းမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရေး ချင်းတော်လှန် ရေးပူးပေါင်းတပ်များ ဆက်လက်တိုးစစ်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီသည် ဇန်နဝါရီလထဲက တပ်ရင်းကုန်း လက်မလွတ်ရရေးအတွက်…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဟာသာကျေးရွာကို စစ်ကောင်စီက ယမန်နေ့မှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက် ဒါဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။ Halta ကျေးရွာဒေသခံများသည် ကလေး-ဂန့်ဂေါကြားတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ သောကြာနေ့က နေရပ် ပြန်လာကြပြီးနောက် ဖေဖော်ဝါလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်မှာ ဗုံးကြဲခံရခြင်းဖြစ်သည်ဟု သိရသည်။“ဒေသခံတွေက ကလေး-ဂန်‌ေဂါကြားက တိုက်ပွဲကြောင့် သူတို့ စစ်ဘေးရှောင်ကြတာ သောကြာနေ့ကမှ ပြန်လာကြတာ၊ မနေ့က ဗုံးမကြဲခင်အထိတော့ ကျွန်မတို့အိမ်နဲ့ ကောင်းကောင်း ပြောဖြစ်သေးတယ်။ သူတို့ကတောင်မှ ဘာမှမဖြစ်ဘူး ငြိမ်တယ်၊ အဆင်ပြေတယ် လို့တောင် ပြောသေးတာ။ အခုတော့ အားလုံး စစ်ဘေးရှောင်ကြမှာ၊ ဘယ်သူမှ နေရဲကြမှာ မဟုတ်တော့ဘူး။ အခု ဘယ်သူနဲ့မှ အဆက်အသွယ်လဲမရဘး” ဟု မြေပြန့်ရောက် Halta ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးကြဲခံရမှုကြောင့် ဦး တိာလ်အုပ်နှင့် ဦး ဒေါသ့်အုပ်တို့ နေအိမ်များ ပျက်ဆီးခဲ့ကြောင်း သိရပြီး၊ ဒါဏ်ရာရရှိသူများထဲတွင် ဦး ဒေါသ့်အုပ်တို့ မိသားစုဝင် ၄ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါ ထိခိုက် ဒါဏ်ရာရရှိသူများသည် အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။ လွန်ခဲ့သော ၂ ပါတ်ခန့်က ကလေး- ဂန်‌ေဂါကြား တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့…

Read More

ရခိုင်-မကွေး အစပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နည်းမျိုးစုံဖြင့် ဆက်သွယ်လက်နက်ချနိုင်ဟု CDF နှင့် PDF ပူးပေါင်းထုတ်ပြန် (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်လာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ယာဉ် ၂ စီးပျက်စီးကာ ထိခိုက်သေဆုံးမှုများပြားကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF–Asho) ထံမှ သိရသည်။ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီခန့်တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်များ တင် ဆောင်လာသည့် စစ်ယာဉ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ကို တိုက်ခိုက်ရာ တိုက်ပွဲမှာ တနာရီဝန်းကျင်ခန့် ဖြစ်ပွားသည်ဟု CDF – အရှို့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးရှင်းက ပြောသည်။ “ဆုတ်ခွာလာတယ်ဆိုတာက တစခန်းလုံး ဆုတ်ခွာလာတာ မဟုတ်ပဲနဲ့ လက်နက်ခဲယမ်းတွေကို မြေပြန့်ဘက်က တပ်ရင်းတွေကို ရွေ့တာမျိုးလို့ ယူဆရပါတယ်။ အခုက တိုက်ပွဲဖြစ်ပြီးတဲ့ နေရာအဝန်းအဝိုင်းရော၊ နတ်ရေကန်လမ်းဟောင်း တလျှောက်လုံး မှာရော နေရာတော်တော်များများမှာ စကစတွေက တပ်စွဲထားပြီးမှ လမ်းကြောင်းမှာ လုံခြုံရေးအခိုင်အမာ ယူထားပြီးမှ လက်နက်ခဲယမ်းတွေကို ရွေ့ပြောင်းနေတာ ဖြစ်ပါတယ်” ဟု ဆလိုင်းရိုးရှင်းက ပြောသည်။ ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန် လမ်းဟောင်းတွင် စစ်ကောင်စီယာဉ် တန်းကို ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာများ များပြားသည်ဟု သိရသည်။ စစ်ကောင်စီစစ်ယာဉ်တန်းမှ စစ်ကား ၂…

Read More

ရေး – Salai Vakok “အိန္ဒိယဘက်ကို ပို့တာ၊ ကုန်သည်တွေက ဒီကို လာဝယ်ကြတယ်” ချင်းမြောက်ပိုင်း၊ ဘိန်းခင်းတွေမှ ဘိန်းဆီတွေကို ဝယ်သူတွေအကြောင်း တီးတိန်မြို့နယ်ထဲက ခိုနူမ်းသုန်းရဲ့ သတင်းရင်းမြစ်တဦးက ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင်တဲ့ နွေဦးတော်လှန်ရေးရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ တွန်းဇံနဲ့တီးတိန်ကြား၊ ဘိန်းစိုက်ပျိုးမှု သိသိသာသာများလာပြီး တတိယနှစ်နဲ့ စတုတ္ထနှစ်တို့မှာ ဧကရာချီပြီး တရှိန်ထိုးမြှင့်တက်သွားပါတယ်။ အရင်က လူသူအရောက်အပေါက် နည်းတဲ့ ဒေသမှာ တနိုင်တပိုင်စိုက်ပျိုးကြပေမယ့် ခုချိန်မှာ ငွေကြေးတတ်နိုင်သူတွေက မြေယာငှားရမ်းပြီး အလုပ်သမားတွေနဲ့ပါ ဘိန်းစိုက်ကြတယ်လို့ ဒေသခံနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။ “အရင်တုန်းက မပေါ်, တပေါ်၊ ဘယ်မှာ ရှိသလဲဆိုတာ မသိရဘူး။ အခုက တနေရာကနေ ကြည့်ရင်တောင် တောင်ကြောနီးပါးတခုလုံးကို တောင်ယာခုတ်သလိုပဲ ခုတ်လာကြတာဆို‌တော့ တော်တော်များတယ်” လို့ တီးတိန်မြို့ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ တွန်းဇံနဲ့ တီးတိန်ကြားက ဧကရာချီတဲ့ ဘိန်းခင်းတွေထဲ ဘိန်းခင်း ၃ ဧကကို CDF CDM စီယင်းတပ်ဖွဲ့က ၂၀၂၄ ဒီဇင်ဘာလက ဖျက်စီးခဲ့ပြီး ဘိန်းခင်းများကို တခင်းပြီးတခင်း ဖျက်သိမ်းသွားဖို့ စီစဉ်နေပါတယ်။ # ဧက ထောင်ချီရှိလာတဲ့ ချင်းပြည်က ဘိန်းခင်းများ ၂၀၂၄ မှာ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC)က ထုတ်ပြန်ထားပါတယ်။ ပြည်မထဲက မူးယစ်ဆေးဝါး တွေလည်း ချင်းပြည်ကို ဖြတ်ပြီး…

Read More

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီလ (၃၁) ရက်နေ့ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တောင်ပိုင်းဒေသမှာ အရပ်သားပြည်သူ ၂၀ နီးပါးသေဆုံးခဲ့ရသလို အနည်းဆုံးကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော်တို့ဟာ အရေးပေါ်စစ်ဘေး တိမ်းရှောင်ခဲ့ကြရပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေဆဲဖြစ်သောကြောင့် ဒေသခံ ပြည်သူများ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေထဲမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြရပါတယ်။ မသန့်ရှင်းသော ရေတွေသောက်သုံးမှုကြောင့်လည်း ရာနဲ့ချီသော စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ စတဲ့ ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ကလေးတောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လက်ရှိ နေထိုင်မှု ၊ စားနပ်ရိက္ခာ လိုအပ်မှု အပါအဝင် ကျန်းမာရေး အခြေအနေတွေနဲ့ပက်သက်ပြီး စစ်ဘေးရှောင်များကို မြေပြင်မှာအကူအညီပေးနေတဲ့ ကလေးစစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားပါတယ်။# မေး- ကလေးတောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု နဲ့တိုက်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင် နေကြရတဲ့ ရွာပေါင်းက ဘယ်လောက်ရှိသွားပြီလဲ။ လူဦးရေအားဖြင့် ဘယ်လောက်ရှိသွားပြီလဲ?ဖြေ- စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်မို့လို့ ကျေးရွာတော်တော်များများ အများဆုံး (၁၅) ရွာလောက်က ဘေးကင်းအောင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်နေ ကြရတဲ့ပြည်သူတွေကတော့ တစ်သောင်းကျော်တော့ ခန့်မှန်းထားပါတယ်။# မေး- စစ်ဘေးရှောင်တွေက အဓိက ဘယ်နေရာမှာတွေတိမ်းရှောင်ကြရတာလဲ ။ တောတောင်တွေထဲမှာ ပဲနေကြတာလား။ ဘယ်လိုပုံစံမျိုးနဲ့နေထိုင်ကြတာပါလဲ။ဖြေ- ကလေးတောင်ပိုင်းစစ်ရှောင်တွေကြတော့ အတိကျတော့ဖော်ပြလို့မရဘူး။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီရဲ့ ယုတ်မာမှုတွေက အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်တာတွေဖြစ်တော့လေ အတိအကျ ပြောလို့မရဘူး။ နေရာ…

Read More

(006SV) မရာလူမျိုးအချင်းချင်းကြား ပဋိပက္ခကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ဆောင်ရွက်မည်အပါအဝင် မရာပြည် သူ့ညီလာခံမှ ဘုံသဘောတူညီချက် ၆ ချက် ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း MTC/MDF က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အထိ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို ကျင်းပခဲ့ရာ လိုင်လင်းပီမြို့အပါအဝင် မရာကျေးရွာ ၄၃ ရွာမှ ပြည်တွင်းပြည်ပ လူထုကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ မဟာမိတ်မှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများအပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။ မရာမျိုးနွယ်စုအကြား စည်းလုံးညီညွတ်ရေးအတွက် တခုတည်းသော အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ တည်ဆောက် နိုင်ရေးကို အခြေခံမူအပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဖြစ်ပွားနေသော အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုမည်ဟု သိရသည်။ မရာနယ်မြေလုံခြုံရေးအတွက် နယ်မြေကျူးကျော်မှုနှင့် ရန်လိုဗိုလ်ကျမှုကို တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မရာလူမျိုးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နိုင်ငံရေးနည်းလမ်းဖြင့် အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းမည်ဟု ညီလာခံက ဆုံဖြတ်သည်။ မရာနယ်မြေအတွင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းများကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မရာဒေသန္တရအစိုးရနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ကို အပြည့်အဝအပ်နှင်းသည်ဟု ညီလာခံက ဆုံးဖြတ်သည်။ တတိယအကြိမ်မြောက်ညီလာခံတွင်လည်း MTC/ MDF အဖွဲ့သည် မရာမျိုးနွယ်စုကို ကိုယ်စားပြုသော တော်လှန်ရေးအဖွဲ့ အစည်းအဖြစ် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ လက်ရှိနွေဦးတော်လှန်ရေးမှာ မရာချင်းမျိုးနွယ်စုတွင် ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော CDF – မရာ နှင့် ချင်းညီနောင်နှင့်…

Read More