|| ချင်းပြည်သစ်ကွန်ဂရက်ပါတီခေါင်းဆောင် ဦးဘွာလ်ဆိုင်လိုဆိုတာ ဘယ်သူလဲ? (006SV) စစ်တပ်မှ အရာရှိအငြိမ်းစားဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဖလမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ USPD အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသော ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်မည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ပြုပြီးနောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုက်ပြီဟုသိရသည်။ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC) က ပါတီတည်ထောင်ခွင့် ပြုသည့် နေရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထောင် ရွေးကောက်ပွဲကော်မတီက ယမန်နေ့ ဇွန်၉ ရက်က ကြေညာသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးဘွာလ်ဆိုင်လိုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက ပါတီနိုင်ငံရေးလှုပ် ရှားမှု မရှိသော ဖလမ်းမြို့နယ်သား တပ်မတော်ဆေးတပ်ဖွဲ့က ဗိုလ်ကြီး (ငြိမ်း)ဖြစ်သည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက သိရသည်။ “သူက တပ်မတော်ဆေးတပ်ဗိုလ်ကြီး(ငြိမ်း) တဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖလမ်းမဲဆန္နနယ်ကနေ ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ်ပြိုင်ပြီး ရှုံးဖူးတယ်။ ကြံ့ဖွံ့ပါတီနဲ့ အမတ်လောင်းပြိုင်ဖူးတဲ့ ဗိုလ်ကြီးဘွာလ်ဆိုင်လိုက ပါတီခေါင်းဆောင် နာမည်မှာ…
Author: Editor
|| ZRA မှ ရဲဘော် ၂ ဦးကျဆုံး၊ ဒရုန်း ၂စီး၊ သေနတ် ၄လက်၊ ကား ၁စီး၊ ဆိုင်ကယ် ၇ စီး သိမ်းပိုက်ရရှိဟု ဆို (006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက မွာလ်ကွေး (Muelkawi) တွင် CDF-Tonzang နှင့် ဇိုမီးတော်လှန်ရေးတပ် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီး ZRA-EC မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု CDF – Tonzang ထံမှ သိရသည်။ ဇွန်လ ၉ ရက်က ဇိုမီးတော်လှန်ရေးတပ် ZRA – EC ၏ မွာလ်ကွေးရွာ စစ်စခန်းကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ဇိုမိုးမုန် စစ်ဆင်ရေးအမည်ဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စခန်းကို သိမ်းပိုက် ရရှိသည်ဟု သိရသည်။ တိုက်ပွဲတွင် ZRA – EC တပ်သား အလောင်း ၂ လောင်း ရရှိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက် နှင့် ကျည်ဆန်တချို့၊ အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ဇိုမီးတော်လှန်ရေးတပ်သည် တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု…
(004SS) ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အခမ်းအနားသို့ မြန်မာနိုင်ငံသားများ လုံးဝမပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက တိုက်တွန်းထုတ်ပြန်သည်။ နယူးဒေလီမြို့အခြေစိုက် ချင်းဒုက္ခသည်ကော်မတီ (CRC) သည် ဇွန်လ ၇ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပပြုလုပ်ကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ဦးဆောင်သော ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားများတွင် မြန်မာဒုက္ခသည်များ ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ အခုလို ထုတ်ပြန်ရတာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာ အခုချိန်ထိ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်သေဆုံးရတယ်၊ ထိခိုက်ဒါဏ်ရာတွေနဲ့ မင်းအောင်လှိုင်လက်အောက်မှာ ဘာလုံခြုံရေးမှ မရှိဘဲ ဒုက္ခရောက်နေတယ်။ အချင်းချင်း ပစ်ခတ် တိုက်ခိုက်နေတုန်းဖြစ်တယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့က လွတ်မြောက်နယ်မြေမှာ ရောက်နေပြီ ဆိုပေမဲ့ ကျွန်တော် တို့စိတ်မှာ အမြဲတမ်းထိတ်လန့်နေတုန်းပါ။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်လိုမှ မလုံခြုံသေးဘူးဆိုတာ UNHCR ရော ကမ္ဘာသိအောင် အဓိက ချပြချင်တာပါ။ နောက်တစ်ချက်က ၂၀၂၁ ခုနှစ်နောက်ပိုင်းက ရောက်လာတဲ့သူတွေ အခုထိ UN card မရကြသေးပါဘူး။ UN card မပေးတာဟာ ကျွန်တော်တို့ကို ဒုက္ခသည်လို့ မသတ်မှတ်တာလားပေါ့ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာပါ။” ဟု CRC New Delhi မှ တာဝန်ရှိသူက ပြောသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပရန် BOSCO အဖွဲ့မှ ထောက်ပံ့မည့်…
“ဒေသစည်ပင်သာယာရေး ဥပဒေ (၂၀၂၅)” ကို ပြဌာန်းပြီဟု လောက်တူပြည်သူ့ရေးရာကောင်စီ ကြေညာ (006SV) ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေးအပါအဝင် ကဏ္ဍအသီးသီးက မူဝါဒနှင့် ရှေ့ဆက်လုပ်ငန်းစဉ် ဆုံးဖြတ်ချက်ပေါင်း ၃၆ ချက်ကို လောက်တူပြည်သူ့ရေးရာကောင်စီက ချမှတ်အတည် ပြုခဲ့သည်ဟု သိရသည်။ ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ကဏ္ဍအသီးသီး၏ အရေးကြီးသော မူဝါဒ အပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် အထွေထွေမှတ်တမ်း စုစုပေါင်း ၃၆ ချက်ကို ဆုံးဖြတ်အတည်ပြုသည် လောက်တူပြည်သူ့ ရေးရာ ကောင်စီ ကိုယ်စားလှယ် Salai Pa Bi က ပြောသည်။ “ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကို ဒီနှစ်ထဲ ကျင်းပသွားဖို့ ရှိပါတယ်။ တော်လှန်ရေး ကာလမှာ စနစ်တကျပေါ့၊ ကျနော်တို့ရဲ့ စုဖွဲ့မှုသော်လည်းကောင်း၊ နိုင်ငံရေးကိစ္စ၊ ပြီးတော့ တခြားသော တော်လှန်ရေးဆိုင်ရာနဲ့ ပတ်သက်တဲ့၊ လောက်တူနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဖြစ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံက အရမ်းအရေး ပါပါတယ်” ဟု Salai Pi Bi က ပြောသည်။ ဆုံးဖြတ်ချက် ၃၆ ချက်ထဲတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများ၊ ဒေသအဆင့်နှင့် လုပ်ဆောင်ရသော လုပ်ငန်းများ၊ တော်လှန်ရေး နှင့် ဆိုင်သော ဆုံးဖြတ်ချက်များလည်း ပါဝင်သည်ဟု သိရသည်။ ဒုတိယအကြိမ် လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၅ ရက်မှ ၇ ရက်အထိ…
မိသားစုဝင်များကို AA က အလောင်ပင်ကြည့်ခွင့်မပြု (004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်မြို့နယ်၊ ရွှေလိုင်ပွီကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီသေဆုံးမှုမှာ ရေနစ်သေဆုံးခြင်းမဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ပေါ်တွင် အကြမ်းဖက်သတ်ဖြတ်ခံရသော လက္ခဏာအများအပြားတွေ့ရှိရသည်ဟု မိသားစုဝင် များထံမှ သိရသည်။ ဒေါ်တောင်းရီသည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီမှာ တစ်ယောက်တည်း ယာခင်းသို့သွားရာတွင် နေရပ်သို့ ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးခဲ့ပြီးနောက် ၃ ရက်အကြာ မေလ ၂၉ ရက်နေ့မှာ ဒိုးချောင်းဝရွာအနီး ချောင်းထဲမှာ သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ “အဲဒီနေ့က AA ရဲဘော် ၃ ဦးက အနောက်ကနေလိုက်သွားတာမြင်တယ်လို့ ရွာသားတွေက ပြောတယ်။ ရွာသားတွေက ၄ ဖွဲ့လောက်ခွဲပြီး တောထဲမှာလဲရှာ၊ ချောင်းထဲမှာလဲရှာတယ်၊ ရွှေလှိုင်ချောင်း၊ တဝုန်းဆာလောင်ချောင်းဖျားမှာ ထမင်းစားတဲ့ ဖက်ရွက်တွေ့တယ်တဲ့။ အဲဒီနားမှာပဲ သူ့ရဲ့ အပေါ်ဝတ်ထဘီ၊ အောက်ခံဝတ်ဘောင်းဘီ၊ ခေါင်းပတ်ပုဝါ ၊ဓား ၊ကွမ်းထုပ် ၊မီခြစ် တွေ့တယ်လို့ ပြောတယ်။ တောက်လျှောက် ရှာကြတယ်၊ ကူလက်ချောင်းရယ်၊ ဒိုးချောင်းဝ၊ ချက်ခြံထိ ရောက်တယ် ဘာမှ အလောင်း မတွေ့ဘူး။ အဲမှာဆုတောင်းပြီး ပြန်ကြတယ်။ နောက် ဒိုးချောင်းဝ နယ်မြေမှူးက ရွှေလိုင်ပွီတောင်ထိပ်က AA တပ်စခန်း ကနေတဆင့် ဖုန်းလှမ်းခေါ် အကြောင်းကြားတော့မှ ရွာသားတွေက စက်လှေ ၂ စီးနဲ့ လူအပြည့် သွားပြီးမှ အလောင်းကို ယူကြတာ” ဟု သေဆုံးသူ ဒေါ်တောင်းရီ၏ မိသားစုဝင်…
မရာနယ်မြေအားလုံး ထိန်းချုပ်နိုင်ရေးအပါအဝင် အဆိုပေါင်း ၂၀ ကို ဆွေးနွေးဆုံးဖြတ်ခဲ့ဟု MTC ဆို (006SV) ချင်းပြည်နယ်၊ မရာနယ်မြေဒေသတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူလူထုတိုင်းသည် အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ- MTC က ဆုံးဖြတ်အတည်ပြုပြီး ကြေညာလိုက်သည်။ မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှ လွဲ၍ မည်သည့်ပုဂ္ဂိုလ် ဖြစ်စေ စစ်မှုထမ်းရမည့် အဆိုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟို ကောင်စီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၅ ရက်မှာ ထုတ်ပြန်သည်။ “အသက် ၄၅ နှစ်အောက် စစ်မှုထမ်းဖို့က အခု စကစ (စစ်ကောင်စီ) လည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ရပြီ ဆိုတာ မဟုတ်သေးတော့ ပြည်သူ့အားနဲ့ အမြဲအဆင်သင့် ပြင်ဆင်ထားဖို့ လိုပါတယ်၊ ကိုယ့်ကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ။ ချွင်းချက်ဆိုက ကျန်းမာရေး၊ ဘာသာရေး အရ စစ်မှုထမ်းလို့ မရတဲ့အနေထားမှာ ရှိတဲ့သူတွေ ပါပါမယ်။ အမျိုးသမီးတွေလည်း ပါပါတယ်၊ ဒါပေမယ့် အိမ်ထောင်နဲ့ ကလေးနဲ့ဆို ချွင်းချက်ပေါ့၊ အသက် ၁၈ နှစ်အထက် ကနေ စပါမယ်” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူ Ronah က ပြောသည်။ မရာပြည်သူတိုင်း စစ်မှုထမ်းရမည့် အမိန့်ညွှန်ကြားချက်အာဏာ သက်ရောက်မှုသည်…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM ပညာရေး ဝန်ထမ်းများ ကို ZFU/ PDF – Zoland၊ ရဲတပ်ဖွဲ့၊ မြို့နယ် ပအဖ တို့နှင့် လက်တွဲ၍ အရေးယူဆောင် ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဇွန်လ ၄ ရက်မှာ ကြေညာသည်။ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးလုပ်ငန်း ဖော်ဆောင်မှုများကို ZFU ၏ ပညာရေးဌာနဖြစ်သည့် တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က လုံးဝ တားမြစ်ထားသည်ဟု သိရသည်။ ပြည်သူ့ပညာရေးလုပ်ငန်းများတွင် Non – CDM ဝန်ထမ်းများသည် တော်လှန်ရေး လုပ်ငန်းများ အနှောက်အယှက် ဖြစ်စေသော လုပ်ဆောင်မှုများကို တွေ့ရှိပါက ZFU/ PDF – Zoland၊ ပြည်သူ့ရဲတပ်ဖွဲ့ – Zoland၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။ Non- CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန်နှင့် တော်လှန်ပြည်သူများကို စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်မှု၊ စည်းရုံးမှုများအပြင် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာ ရည်စူး၍ တော်လှန်ရေးလုပ်ငန်းများတွင် အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုထားသည်။ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ဆောင်မှု ပညာရေးလုပ်ငန်းများသည် ပျက်ပြားလာခဲ့သော်လည်း မိဘပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ပြည်သူ့ပညာရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တီးတိန်မြို့အခြေစိုက် ချင်းအင်အားစုများထံ ဆက်သွယ်သော်လည်း…
(006SV) မြန်မာပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာ ဝင်ရောက်ခွင့် ပြည်ဝင်ခွင့် တားမြစ်ကန့် သတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၄ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရီတရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယား၊ ဆူဒန် နှင့် ယီမင်နိုင်ငံများကို အမေရိကန်က ပြည်ဝင်ခွင့် လုံးဝပိတ်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှုမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော် လွန်နေထိုင်မှု များပြားမှုကြောင်းဖြစ်ကြောင်း၊ B1/ B2 ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၂၇.၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာသက် တမ်း လွန်နေထိုင်မှု ၄၂. ၁၇ ရာခိုင်နှုန်း ရှိကြောင်း ၊ အမေရိကန်က နိုင်ငံသား ပယ်ဖျက်ခံရသော လူများကို ပြန်လည်လက်ခံရန် ပူးပေါင်းခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန် သမ္မတရုံးက ထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရ၏ ယခုလို ပြည်ဝင်ခွင့် ပိတ်ပင်မှုသည် စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေသော တော်လှန်ရေးအင်အားစုအေပေါ်လည်း သက်ရောက်မှု ရှိကြောင်း မလေးရှားနိုင်ငံ ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည့် Alliance of Chin Refugees ဥက္ကဌ James Bawi Thang Bik က ပြောသည်။…
(004SS) ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်သောကြောင့် ပြည်သူအများစုသည် လျှပ် စစ်မီးမရှိဘဲနေထိုင်ကြရပြီး လူတိုင်းအသုံးပြုသော ဖုန်းနှင့် Power bank များကို အခကြေးငွေပေးဆောင်၍ အားဖြည့်သွင်းနေရသည်ဟု ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့တွင် လျှပ်စစ်မီး ပြတ်တောက်သည်မှာ လွန်ခဲ့သော ၃ လခန့်ကဖြစ်ပြီး ယခုကဲသို့ ငွေကြေးပေးကာ ဖုန်းအားသွင်းရသည်မှာ တစ်လခန့်ရှိပြီဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအားသွင်းခ တစ်ကြိမ်မှာ ၁၀၀၀ ကျပ်၊ Power bank အရွယ်အစားအလိုက် ၁၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကုန်ကျပြီး နေ့စဉ်လိုအပ်သော ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များ ပိုမိုတိုးလာကာ အခက်အခဲများ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ ဟားခါးမြို့နေ ဒေသခံအမျိုးသားတစ်ဦးက “ဟားခါးမြို့မှာ မီးမလာတာ ၃ လရှိပြီ။ မီးမလာတော့ ဖုန်း၊ power bank အားသွင်းဖို့ ပိုက်ဆံပေးပြီး သွင်းခိုင်းနေရတယ်။ ဖုန်းက – ၁၀၀၀ ကျပ် power bank အ ကြီး- ၂၅၀၀ကျပ်၊ အသေး- ၁၅၀၀ကျပ်။ သွင်းလို့ရတဲ့နေရာကတော့ ဈေးဟောင်းမှာတော့ ၂ နေရာရှိတယ်။ တစ်ခြားရပ်ကွက်မှာလဲ ရှိမှာပါတယ်၊ သေချာမသိလို့။ တစ်ချို့က power bank အကြီး အားအပြည့်သွင်းခ ၅၀၀၀ကျပ် ပေးရတဲ့သူလဲရှိတယ်။ အခုလို ဘယ်ချိန်ထိ ကြုံရမလဲမသိဘူး။ ကြာလာရင်တော့ လွယ်မှာမဟုတ်ဘူး” ဟု ပြောသည်။သို့သော် NGO ရုံးများနှင့် နီးစပ်သူများက အခမဲ့ဖုန်းအားသွင်းလို့ရကြောင်း ၎င်းက…
(006SV) ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ပေါ် မော်တော်ယာဉ် မောင်းနှင်သူများအတွက် မော်တော်ယာဉ် စည်းကမ်းများကို သတ်မှတ်ပြဌာန်းလိုက်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇွန်လ ၄ ရက်မှာ ကြေညာသည်။ “မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှိစေချင်တာ။ မဖြစ်သင့်တာ မဖြစ်ရအောင်၊ ပြည်သူထိခိုက်မှုမရှိအောင် လုပ်ဆောင်တာပါ” ဟု မင်းတပ်မြို့နယ် ပအဖအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့တွင် ကုန်စည်မော်တော်ယာဉ်များအနေဖြင့် ည ၇ နာရီ နောက်ပိုင်း မြို့တွင်းဖြတ်သန်းသွားလာခြင်းနှင့် ညအိပ်ရပ်နားခြင်းကို ခွင့်မပြုကြောင်း မင်းတပ်ပအဖက ဇွန်လ ၂ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ အသက် ၁၅ နှစ်အောက် ကလေးသူငယ်များလည်း မော်တော်ယာဉ်/ မော်တော်ဆိုင်ယ်များ စီးနင်းမောင်းနှင်ခြင်း ခွင့်မပြုကြောင်း မင်းတပ်မြို့ပအဖက ထုတ်ပြန်သည်။ မော်တော်ယာဉ် (ယာဉ်ကြီး/ ယာဉ်ငယ်) များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူများသည် မြို့တွင်းမှာ သတ်မှတ်ထားသော ၁ နာရီ မိုင် ၂၀ နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုကြောင်း၊ လိုက်နာခြင်းမရှိသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။ “ကျနော်တို့မှာ ဘယ်လို ပြစ်မှုအတွက် ဘယ်လိုပြစ်ဒဏ် သတ်မှတ်ထားတာ ရှိပါတယ်။ ငွေဒဏ်သင့်တာ ငွေဒဏ်၊ ထောင်ဒဏ်သင့်တာ ထောင်ဒဏ်၊ နှစ်ခုလုံး သင့်တာ နှစ်ခုလုံး ချမှတ်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။ အဆိုပါယာဉ်စည်းကမ်းများကို ဒေသခံပြည်သူများအနေဖြင့် အလေးအနက်ထား လိုက်နာကြရန်နှင့် လိုက်နာခြင်း မရှိပါက ကြားကာလပြည်သူ့ အုပ်ချုပ်ရေး ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်သည်။…
