Author: Editor

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ကျေးရွာများတွင် တပ်သားသစ်စုဆောင်းရာမှာ အသက်မပြည့်သူနှင့် ကျန်းမာရေးမကောင်းသူများကို စိစစ်ပြီး ပြန်လည်လွှတ်ပေးမည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ – DRC ပြောရေးဆိုခွင့်ရှိသူ Ai Bax က ပြောသည်။ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသထဲက ကျေးရွာများတွင် စစ်သင်တန်းတက်ရောက်ရန် စုဆောင်းရာတွင် အသက်မပြည့်သော ကလေးငယ်များ ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်လာမှုကို DRC ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာတွင် ဖြေဆိုခြင်းဖြစ်သည်။ “စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေးတိုက်ပွဲမှာ တော်လှန်ရေးအတွက်လိုအပ်တဲ့ တပ်သားသစ်တွေကို စုဆောင်း တာဖြစ်ပါတယ်။ တပ်သားသစ်တွေထဲမှာ အသက်မပြည့်တဲ့သူ ပါမပါနဲ့ ကျန်းမာရေးမကောင်းတဲ့သူ ပါမပါ ဆိုတာကို ပြန်ပြီးစီစစ်တာတွေ လုပ်ဆောင်နေပါတယ်၊ အရင်ကလဲ အိမ်ပြန်ပို့ပါတယ်။ အခုလဲ အသက်မပြည့်သူနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ပြန်လွှတ်မှာပါ” ဟု DRC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ CDF – Daai ၏ တပ်သားသစ် စုဆောင်းမှုများကို ဒေသ၊ နယ်မြေ၊ ကျေးရွာ အဆင့်အဆင့်သော အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တပ်သားသစ်စုဆောင်းမှုများကို လက်နက်ကိုင်ခြိမ်းခြောက်၍ လုပ်ဆောင်ခြင်းမရှိဟု DRC က ဆိုသည်။ အုပ်ချုပ်ရေးအဖွဲ့က တပ်သားသစ်စုဆောင်းမှုများတွင် တပ်ထဲ ဝင်ချင်သည့် ရဲဘော်အများအပြားကို လက်ခံရရှိထားပြီး တော်လှန်ရေးအတွက် လိုအပ်သော တပ်သားသစ် စုဆောင်းမှုများကို ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။ ပလက်ဝမြို့နယ်၊ လေမြိုချောင်းက ကျေးရွာများဖြစ်သော အလယ်ဒိန်၊ ရွှေတောင်၊ မောစုန်းကြီး၊ မောင်ရွာ၊ ဝန်ချောင်း၊ အောက်မောစုန်း၊ လုံပန်၊ ကောက်စည်နှင့်…

Read More

(004SS) ချင်းပြည်နယ် ထန်တလန်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိသေးသော် လည်း မြို့နယ်၏ ၉၉ % တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကောင်းမွန်စွာလည်ပတ်နေသည်ဟု CDF-Thantlang ၏ အထွေထွေအတွင်းရေးမှူး Salai Khamh Pek Lian ကပြောသည်။ ယနေ့မတ်လ ၅ ရက်နေ့တွင် Global Thantlang Relief Organization – GTRO မှ ကျင်းပပြုလုပ်သော ထန်တလန် အတွက် အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF-Thantlang အထွေထွေအတွင်းရေးမှူးက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ “လက်ရှိမှာ ကျွန်တော်တို့ စစ်‌ကို အနိုင်မရသေးပေမဲ့ အနိုင်ရတာတစ်ခုရှိပါတယ်။ ဒါကတော့ ထန်တလန်မြို့နယ်ရဲ့ ၉၉ % မှာ ကျွန်တော်တို့ အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။ ပညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12 ထိ ကောင်းကောင်းဖွင့်နေနိုင် တယ်။ နောက် ကျန်းမာရေးဆိုရင်လဲ တစ်နှစ်အတွင်း လူနာပေါင်း ၁ သောင်း ၇ ထောင်နီးပါးကို ဆေးရုံးဆေးခန်းမှာ ကျန်းမာရေးစောင့်လျှောက်မှု ပေးနိုင်ခဲ့တယ်။ နောက် တရားရေးမှာဆိုလို့ရှိရင် ကောင်စီအနေနဲ့ civil case ပေါင်း ၂၄ ခု စီရင်ပေးနိုင်ခဲ့တယ်” ဟု Salai Khamh Pek Lian က ပြောသည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ထန်တလန်မြို့သိမ်းစစ်ဆင်ရေးအဖြစ် Tilim Operation -4 စစ်ဆင်ရေးကို CDF-Thantlang အပါအဝင် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်း ခလရ ၂၆၉ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို…

Read More

လူမျိုးစုညီညွတ်ရေးကို မလိုလားသည့် စစ်ကောင်စီ ဝမ်းသာအောင် မလုပ်သင့်ဟု ယာယီသမ္မတဆို (006SV) လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ လိုအပ်သည်ဟု CC နှင့် ICNCC/ CB တို့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုကို သာဓကပေးပြီး NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။ မတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျနော်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်း ချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ လက်ရှိတွင် ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့် NUG အစိုးရက ဝမ်းသာ ဂုဏ်ယူမိသည်ဟု ယာယီသမ္မတက ပြောသည်။ နွေဦးတော်လှန်ရေးတွင် ချင်းတော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးသည် တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့များ အတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုသည်ဟု ယာယီသမ္မတက တိုက်တွန်းသည်။ “စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ…

Read More

(004SS) တီးတိန်မြို့နယ် ကျိန်းပီးကွတ် (ခေါ် ) ကေးဇန်ရွာသား အသက် ၁၅ နှစ်အရွယ် ချင်းလူငယ်တစ်ဦးသည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီက မီးလောင်ဒါဏ်ကြောင့် ကွယ်လွန်သွားကြောင်း ရွာသားများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သေဆုံးသွားသူ မောင်ဆွင်းခန်ကိမ်သည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ဘက် ခရီးသွားနေစဉ် တောမီးလောင်မှုကြောင့် မီးထဲပါသွားပြီး ခန္ဓာကိုယ်၏ ၈၅% ဝန်းကျင် မီးလောင်ခံခဲ့ရခြင်းဟု သိရသည်။ “သူတို့က တွန်ဇံနယ်ဘက်ခရီးသွားတာ တောမီးထဲ ပါသွားတာ၊ ဖြစ်ချင်တော့ မလွတ်ဘူးပေါ့နော်၊ တစ်ကိုယ်လုံးနီးပါး လောင်သွားတာလို့ ပြောတယ်။ မျက်နှာတောင်မှ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားတယ်၊ မီးလောင်မှုက ၈၅ % တောင်ရှိတယ်လို့ပြောတာနော် သနားစရာ‌လေး။ အိုင်ဇောလ်လဲရောက်ရော ဆေးဝါးကုသဖို့လဲ အခက်အခဲဖြစ်တော့ ကျွန်တော်တို့ ရွာသားတွေ တတ်နိုင်သလောက်ကူပေးကြဖို့ ကောက်နေတုန်းမှာ အခုလိုသေဆုံးသွားတာ” ဟု ကျိန်ပီးကွတ်ရွာသားတစ်ဦးက ပြောသည်။ မောင်ဆွင်းခန်ကိမ်သည် လူကြီး ၂ ဦး လွှဆွဲသမားနှင့်အတူ တွန်းဇံမြို့နယ်ဘက်သို့ လွှဆွဲရန် အကူလိုက်သွားရာမှ တောမီးထဲပါသွားခြင်းဖြစ်သည်ဟု သိရသည်။ ‌ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ ကျမ်ဖိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း ဒါဏ်ရာပြင်းထန်ခြင်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံသို့ ထပ်မံ လွှဲပြောင်းခြင်းခံခဲ့ရကြောင်း သိရသည်။ ကွယ်လွန်သွားသူ မောင်ဆွင်းခန်ကိမ်၏ အလောင်းကို ယမန်နေ့ညက ကျမ်ဖိုင်းမြို့သို့ ပို့ဆောင်ကာ ယနေ့…

Read More

(004SS) ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကြောင့် အိန္ဒိယနိုင်ငံသို့ ခိုလှုံနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်များကို မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ‌သေးသရွေ့ စစ်ကောင်စီထံ ပြန်ပို့ခြင်းနှင့် ပြန်ပို့ရန် ခြိမ်းခြောက်ခြင်းများ မပြုရန် အိန္ဒိယအစိုးထံ India For Myanmar က ယနေ့ တောင်းဆိုသည်။ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “အစိုးရတာဝန်ရှိတဲ့သူတွေကို ဒီနေ့မှ တောင်းဆိုထားတာဖြစ်ပါတယ်။ ဗဟိုအစိုးရက မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံမလုံခြုံသရွေ့ ပြန်မပို့ပါဘူးဆိုပြီးတော့မှ ပြောထားတာရှိတော့ အဲဒီသူတို့ ကတိအတိုင်း သက်ဆိုင်ရာ ပြည်နယ် အစိုးရကလဲ လိုက်လုပ်စေဖို့ မျှော်လင့်တာပေါ့နော်။ အခု ဒေလီအစိုးရကလဲ လွန်ခဲ့တဲ့ လပိုင်းက election ရှိတော့ အစိုးရက BJP ဖြစ်လာတဲ့ချိန် refugees တွေအပေါ် တင်းကြပ်တဲ့ အခြေအနေ‌ေရာက်သွား တာပေါ့နော်။ နောက် အရင်က မဏိပူရ်ဝန်ကြီးချုပ်ဆိုရင်လဲပဲ refugees တွေကို အမုန်းပွားစေမဲ့ စာတွေကို မကြာခဏ တင်ထားတာမျိုးတွေရှိတော့ အမှန်ဆိုရင် ဗဟိုမှာရှိတဲ့ မြန်မာနိုင်ငံသား အပေါ်ထားတဲ့ မူဝါဒနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေရဲ့ မူဝါဒက ကွဲလွဲမှုရှိနေလို့ ဒါတွေကို တစ်ထပ်တည်းကျအောင် ပြင်ဆင်စေချင်တဲ့ သဘောနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိ အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ပြေးဒက္ခသည်များသည် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက် မှုများမှလွဲ၍ အခြားပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေ‌ကြသော မြန်မာစစ်ပြေးဒုက္ခသည်များထဲမှ ၂၅၀…

Read More

(004SS) စစ်ကောင်စီက ယခုနှစ်အတွင်း ကျင်းပရန်စီစဉ်နေသော ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွင်း ကျင်းပနိုင်ချေ အလားအလာမရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာ‌ရေးအဖွဲ့ Myanmar Peace Monitor-MPM ကဆိုသည်။ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာ‌ရေးအဖွဲ့ – MPM က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သော “ရွေးကောက်ပွဲ အသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏ လားရာ”ဟူသော သုတေသနစာတမ်းမိတ်ဆက်ပွဲမှာ ချင်းပြည်နယ်၏အခြေအနေ နှင့်ပတ်သက်ရာ၍ မေးမြန်းရာမှာ MPM Coordinator ကိုနှင်းကိုက ထိုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ “ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ‌ဖြစ်နိုင်‌ခြေနဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်တို့ အချက်အလက်အရ စစ်ကောင်စီ အနေနဲ့ လူဦးရေစာရင်းကောက်ယူခြင်းကို ကြည့်မယ်ဆိုရင် ၉၂ % အထက်က သူတို့ မကောက်ယူနိုင်ဘူး၊ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေက ၈၀% အထက် ၉၀% ကျော် ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အနေအထားက ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်နိုင်ခြေကို လစ်ဟာပြသနေတာပေါ့။ ဆိုလိုချင်တာက စစ်ကောင်စီဟာ လုံလုံခြုံခြုံနဲ့ စိုးရိမ်ကြောင့်ကျမှု ကင်းကင်းနဲ့ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ နယ်မြေမျိုး ချင်းပြည်နယ်မှာ ရှာလို့သိပ်မတွေ့ဘူး။ ဒါကြောင့် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ခြေအလားအလာမရှိဘူး” ဟု ကိုနှင်းကိုကပြောသည်။ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ကျေးလက်လူနေထိုင်မှုမြင့်မားသော ချင်းပြည်နယ်တွင် ဟားခါးမြို့ ရပ်ကွက်အချို့နှင့် တီးတိန်မြို့ ရက်ကွက် အချို့တို့မှာသာ လူဦးရေစာရင်းကို အကြမ်းဖျင်းကောက်ယူနိုင်ခဲ့ပြီး ချင်းပြည် နယ်လူဦးရေ၏ ၉၀% ခန့်ကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် စစ်ကောင်စီသည် ပြည်သူလူထု၏ အသိအမှတ်ပြုခြင်း၊မပြုခြင်းထက်…

Read More

(006SV) ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပရှိ ချင်းလူမျိုးများ နေထိုင်ရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ချင်းလူမျိုး ၂၈၀ ဦး သေဆုံးပြီး လူနေအိမ်၊ ဘာသာရေးနှင့် အစိုးရအဆောက်အဦး ၁၄၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA ကထုတ်ပြန်သည်။ စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဖေဖော်ဝါရီလအထိ ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် ချင်းလူမျိုးများအပေါ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သားပြည်သူ ၂၀၀ ကျော် နှင့် ချင်းတော်လှန်ရေး အဖွဲ့ဝင် ၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၄၅၀ ကျော်ရှိသည်ဟု ICA က မတ်လ ၄ ရက်က ထုတ်ပြန်သည်။ “စစ်ကောင်စီဟာ မြေပြင်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဘက်က အခြေအနေ မဟန်တာ၊ အထိ အခိုက်များတာတို့ကြရင် လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားတာကို တွေ့ရတယ်။ နောက်တခုက သူတို့ လုံးဝထိန်ချုပ် ချင်တယ်လို့ ယူဆရတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။ ချင်းပြည်နယ်အတွင်း ချင်းအရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင် ၅၆ ဦးထက်မနည်း သေဆုံးကြောင်း၊ ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုများ နေထိုင်သော ဒေသတွင်လည်း ချင်းအရပ်သား ၁၀၀ ကျော် သေဆုံးပြီး ချင်းတော်လှန်ရေး အဖွဲ့ဝင် ၂၀ ထက်မနည်းတို့သည် လေကြောင်းဗုံးကြဲမှုကြောင့်…

Read More

(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့၊ ခလရ (၂၆၉) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး (၂) ဦး ဖေဖော်ဝါရီလ (၂၅) ရက်က PDF-Zoland ထံအလင်းဝင်ခဲ့ကြသည်ဟု PDF-Zoland တာဝန်ရှိသူကပြောသည်။ “အလင်းဝင်လာတာက (၂) ယောက်ဖြစ်တယ်၊ နှစ်ယောက်စလုံးကတော့ ရာထူးကတပ်ကြပ်ကြီး တီးတိန်ကနေပဲ ဝင်တာ။ ကိုမင်းမင်းက လွတ်မြောက်နယ်မှာ ပို့ထားပြီးပါပြီး။ နောက်တယောက်ကတော့သူ့ရဲ့ မိသားစုဝင်တွေကို မထုတ် ပေးနိုင်သေးတော့ မထုတ်သေးတာဖြစ်တယ်” ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသော ကိုယ်ပိုင်အမှတ် တ (၃၆၆၅၀၇) ကိုမင်းမင်းကို ကာလတန်ဖိုးနှင့်ညီမျှ သောငွေကြေးများချီးမြှင့်ခဲ့ပြီး ကျန်တဦးလည်း သိန်း (၅၀) ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။ လက်ရှိအထိ PDF-Zoland ထံသို့ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သားအယောက် ၃၀ ဝန်းကျင်ရှိပြီး အများစုမှာ တီးတိန်မြို့ ခလရ (၂၆၉) တပ်ရင်းက ရဲ များဖြစ်ကြသည်ဟု သိရသည်။ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မှီ အလင်းဝင်ရောက်ကြရန် PDF-Zoland တိုက်တွန်း ဖိတ်ခေါ်ထားပါသည်။

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်ဒေသတွင် စခန်းချခြင်း၊ တပ်သားစုဆောင်ခြင်းနှင့် CDF – Ngawnngam ဖွဲ့စည်းမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ စွပ်စွဲချက်သာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်သည်။ CNF/CNA အနေဖြင့် ငေါန်ဒေသတွင် အာဏာစိုးမိုးရေးအတွက် နောက်ကွယ်က ငွေကြေးထောက်ပံ့၍ CDF – Ngawnngam ကို ဖွဲစည်း အားပေးခြင်း၊ တပ်စခန်းချခြင်းများပြုလုပ်ကာ ငေါန်မျိုးနွယ်စု အချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု Ngawn Union Council (NUC) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာသည့်အပေါ် ချင်းအမျိုးသားတပ်ဦး CNF က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ CDF – Ngawnngam အပါအဝင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးအရာများတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မိဘပြည်သူများအနေဖြင့် မဟုတ်မမှန် စွပ်စွဲချက်များကို နားမယောင်ကြရန် CNF/CNA က မေတ္တာရပ်ခံထားသည်။ CNF/CNA သည် ဒေသခံပြည်သူလူထု၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ညှိနှိုင်းပြီးမှသာ စစ်ရေးနှင့် ပြည်သူ့ရေးရာများကို ဖော်ဆောင်လေ့ရှိပြီး ငေါန်ဒေသခံလူထုမှ CNA တပ်စခန်းချပေးရန် မေတ္တာရပ်ခံချက်များရှိခဲ့သော်လည်း စစ်ကောင်စီကင်းစင်သော နယ်မြေဖြစ်၍ ယနေ့အထိ တပ်စခန်းချခြင်း မရှိကြောင်း NUC အနေဖြင့် အဖြစ်မှန်သိရှိလိုပါက CNF/CNA ထံ တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ် ကင်းစင်ပြီး ချင်းအမျိုးသား စည်းလုံးညီညွှတ်မှုဖြင့် ချင်းပြည်တည်ဆောက်ရာတွင်…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးခရိုင် ခမ်းပါတ်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်းကို ခရီးသည်တင်ကားနှင့် ဆိုင်ကယ်များပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီက ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။ ကလေး-ခမ်းပါတ် ကားလမ်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစ၍ ခရီးသည်တင်ကားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ကလေးမြို့အထွက် ဆည်ကြီးရွာ စစ်ကောင်စီလုံခြုံရေးဂိတ်က မည်သည့်ကုန်ပစ္စည်းကိုမျှ သယ်ဆောင်ခွင့်မပြုကြောင်း ကားသမားများထံမှ သိရသည်။ “ပြီးခဲ့တဲ့အပတ်ကနေ လမ်းပြန်ဖွင့်တယ်။ အခုက ခရီးသည်တွေ၊ သူတို့ပစ္စည်းလောက်ပဲ ရတာ ဆည်ကြီး ဂိတ် မှာ ပစ္စည်းတွေစစ်ဆေးတယ်။ ခမ်းပတ်ကနေ အလာကတည်းက လူပဲရမယ် ဘာပစ္စည်းမှ တင်လို့မရဘူးလို့ ပြောတယ်။ အပြန်ကြရင်လည်း အသေအချာ စစ်ဆေးတယ်။ စက်ပစ္စည်း၊ စားကုန်တွေ တင်လို့မရဘူး။ တင်ရင်တော့ အဖမ်းခံရမှာ ပေါ့” ဟု ကားသမားတဦးက ပြောသည်။ ကလေး- ခမ်းပါတ် ကားလမ်းပိုင်း အသုံးပြုမှုကို စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၂၉) ရက်နေ့က ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ကားလမ်းပြန်ဖွင့်ပြီး ခရီးသည်တင်ကားများ ပြေးဆွဲနိုင်ပြီဖြစ်သော်လည်း အခြေခံစားသောက်ကုန်ကအစ သယ်ယူခွင့်မပြုသောကြောင့် ဒေသခံပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

Read More