(004SS) ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ၅ လအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်တိုက်ပွဲများကြောင့် ဖလမ်းမြို့ပေါ်က ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ် နှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း CNO/CNDF တာဝန်ရှိသူကပြောသည်။ “ကျွန်တော်တို့ ဖလမ်းမြို့က ပျက်စီးသွားတဲ့ နေအိမ်တွေက ဂျက်ဖိုက်တာနဲ့ပစ်လို့ လုံးလုံးလျားလျား ပျက်စီးတာ၊ ပြင်လို့ မရတာ ၆၈ လုံးရှိတယ်။ တခြားပြင်လို့ရတဲ့ဟာ Y-12 ကနေပစ်လို့ ခေါင်မိုးပျက်စီးတာမျိုးက ၂၁၇ လုံးရှိပါတယ်။ ကျန်တဲ့ ဟာတွေကတော့ အစိုးရအဆောက်အအုံတွေပါ။ နောက် ဘုရားကျောင်းက ၁၀ ကျောင်း ပျက်စီးတယ်။ အစိုးရ အဆောက်အအုံတွေနဲ့ ဆိုရင် အကုန်လုံးပျက်စီးတာက ၄၀၀ ကျော် ၅၀၀ ကြားလောက် ပျက်စီးသွားပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ နေအိမ်ပျက်စီးမှု အများဆုံးမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့်ဖြစ်ပြီး မီးလောင်ဗုံးပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ “ပျက်စီးသွားတဲ့အရာက အထူးသဖြင့် လေကြောင်းကနေအများဆုံးဖြစ်မယ်။ နောက်ပြီးတော့ အဲလိုလေကြောင်းပစ်တော့ တစ်ခါတစ်လေ ဂက်စ်တွေ ပေါက်ပြီးတော့ မီးလောင်သွားတာတွေ ရှိတယ်။ တစ်ချို့က မီးလောင်ဗုံးကြောင့် အိမ်မီးလောင် သွားတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် Y- 12 နဲ့ ၆၀ မမ တခါတလေ ၁၂၂ တွေနဲ့ ချတဲ့အခါကျတော့ အဲဒါတွေကြောင့် ပျက်စီးသွားတဲ့ဟာတွေပါ” ဟု ဆလိုင်းတီမီက ပြောသည်။ လက်ရှိတွင် မိဘပြည်သူများ နေရပ်ပြန်လာနိုင်ရန် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ…
Author: Editor
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မင်းတပ်ဒေသခံထံမှ သိရသည်။ ယနေ့ မေလ ၁၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ထဲက ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့သက်သက်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ “အမှတ် ၁ ဘက်မှာ ရှိတဲ့ ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးသူက ၃ ဦး၊ ၁၀ ဝန်းကျင်း ထိခိုက်ဒဏ်ရာရရှိတယ်။ လောလောဆယ်က အကုန်အတည်မပြုနိုင်သေးတော့ အသေးစိတ်ဖြေဖို့ အဆင်မပြေသေးပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။ သေဆုံးသူများမှာ ၆ တန်အရွယ် ကလေးငယ် ၁ ဦး၊ ကလေး၏ အမေဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် လူငယ်အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။ ဗုံးဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး တချို့အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မေလ ၉ ရက်ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ…
(004SS) ၅ လကြာဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း မိဘပြည်သူများ၏ အိုးအိမ် စည်းစိမ်များအားလုံး လုံခြုံအောင် ကာကွယ်စောင့်လျှောက်မပေးနိုင်သည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများအား ဘုရားနာမတော်အားဖြင့် အနူးအညွှတ်တောင်းပန်ကြောင်း CNO/CNDF က ယနေ့တွင် ထုတ်ပြန်သည်။ CNO/CNDF အနေဖြင့် ဗန်ကာအိုးတောင်ရှိ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေးကိုသာ ဦးစားပေးကာ စိတ်နစ်ခဲ့ရသောကြောင့် စစ်ဆင်ရေးကာလ ၅ လအတွင်း မြို့ထဲ ကင်းစောင့်အဖွဲ့ထားရှိသော်လည်း ပြည်သူပိုင် အိုးအိမ် စည်းစိမ်များကို လုံခြုံစွာ ကာကွယ်စောင့်လျှောက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း CNO/CNDF က ဆိုသည်။ ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၏ စည်းလုံးမှု၊ တော်လှန်ရေးသမားများ၏ မဆုတ်မနစ်ဘဲ ရှေ့သို့ချီတက်ကာ ကြိုးစား အားထုတ်မှုနှင့် အားလုံး၏ ဆုတောင်းပေးမှုကြောင့် ဖလမ်းမြို့ကို စစ်ကောင်စီထံမှ ပြန်လည် သိမ်းပိုက်ရယူနိူင်ခဲ့ပြီဖြစ်သော် လည်း ဖလမ်းမြို့ပေါ်ရှိ နေအိမ်များ၊ ဘုရားကျောင်းများ အချို့ ပျက်စီးမှုအပေါ် မှာလည်း လွန်စွာ စိတ်မကောင်းဖြစ်၍ ဝမ်းနည်းကြောင်းလည်း ဖော်ပြထားသည်။ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက “ကျွန်တော်တို့ စစ်ဆင်ရေး ၅ လလောက် လုပ်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကနေတော့ အတတ်နိုင်ဆုံး မိဘပြည်သူရဲ့ အိမ်၊ ယာတွေကိုကာကွယ်စောင့်လျှောက်ဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ ဂျက်ဖိုက်တာတို့ Y 12 တို့ကနေ ပစ်ပြီးတော့ ပျက်စီးတဲ့ အိမ်တွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့ အားလုံးမကာကွယ်နိုင်တဲ့အခြေအနေရှိတာပေါ့။ နောက်ပြီး တော့ ကျွန်တော်တို့ မြို့တွင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ ရဲဘော်တွေက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲနဲ့ ပစ္စည်း ယူသုံးတာတွေရှိတာပေါ့လေ၊ အဲဒါတွေကြောင့်ခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်”…
(004SS) ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်တွင် CDF-Tonzang က စစ်သင်သန်းတက်ရောက်ရန် အိမ်တိုင်ရာရောက် အတင်းအဓ္မ ခေါ်ယူနေသည့်အတွက် စစ်သင်တန်းမတက်လိုသော လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ တွန်းဇန်မြို့နယ်တွင် CDF-Tonzang နှင့် ZRA တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် ၁၈ နှစ်အထက် အမျိုးသားများကို မဖြစ်မနေ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်သည်ဟု တွန်းဇန်မြို့ဒေသခံတစ်ဦးကပြောသည်။ “CDF-Tonzang က တွန်ဇံမြို့ပေါ်နဲ့ အနီးက ရွာတွေပေါ့၊ သူတို့ ထိန်းချုပ်တဲ့ဒေသက သူတို့တက်သင့်တယ်ထင်တဲ့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ အတင်းခေါ်ယူနေတယ်။ သူတို့အိမ်အထိသွားပြီးတော့ ခေါ်နေတာပါ။ သူတို့ပြောတာ တော့ ၁၈ နှစ်ပြည့်ပြီးသားသူတွေလို့ပြောတယ် ဒါပေမဲ့ ပြည့်ပြီးသားလူတွေရှိသလို မပြည့်သေးတဲ့သူတွေလဲ ပါတယ်။ အခုထိတော့ အမျိုးသားတွေကိုပဲခေါ်တာပါ။ အမျိုးသမီးတွေ မပါပါဘူး။ လက်ရှိသူတို့က လက်နက်ကိုင်ဆိုတော့ ပြည်သူ တွေက ဘာမှတော့ မပြောကြပေမဲ့ လူငယ်တွေ အများစုကတော့ သူတို့နဲ့ ဝေးရာကို တိမ်းရှောင်နေကြတယ်။ ပုံမှန်ခေါ်တာ ကတော့ ဧပြီလမှာ အခုလို အတင်းခေါ်တာကတော့ ပြီးခဲ့တဲ့အပါတ်ကစပြီးခေါ်တာပါ” ဟု ၎င်းကပြောသည်။ CDF-Tonzang က ပြီးခဲ့သည့် ဧပြီလမှာ အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို ခေါ်ယူကာ လူငယ်အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ယခုအခါ အပတ်စဉ် ၂ အတွက် ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။ “လူငယ်တွေ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့သူတို့ လက်နက်ကိုင်ဖို့ ဝင်လာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလို အတင်း…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် အရက်သောက်ကာ မူးယစ်ရမ်းကာသည့် မြန်မာနိုင်ငံသား ၇ ဦးကို မီဇိုးလူငယ်အသင်း YMA က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး CNF/A တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။ ကျန်ဖိုင်းမြို့ Dinthar ရပ်ကွက်တွင် စစ်ရှောင်အဖြစ်နေထိုင်သူ Bawineisuma ခေါ် Lalneihchhunga သည် မိမိ ကိုယ်ကို တော်လှန်ရေးတပ်သား ဖြစ်သည်ဟုဆိုကာ ဓားကိုင်ဆောင်ကာ လမ်းမပေါ်ရမ်းကာနေသည့်အတွက် Dinthar ရပ်ကွက် YMA က ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြထားသည်။ Lalneihchhunga သည် ယခင်ကလည်း စစ်ဝတ်စုံများဝတ်ဆင်လေ့ရှိပြီး YMA က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံကာ ရဲတပ်ဖွဲ့က ရိခေါဒါရ်မြို့မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သတင်းစာက ဆိုသည်။ အလားတူ နယူးကျန်ဖိုင်းရပ်ကွက်တစ်နေရာမှာ အရက်သောက်နေကြသော စစ်ရှောင်ဟုယူဆရသည့် မြန်မာနိုင်ငံသား ၆ ဦး Vanlalrinchhana, Bawiliana, Siangthachung, KD Liana, Vanbawih နှင့် Sangbawithang တို့ကိုလည်း YMA က ဖမ်းဆီးခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အဆိုပါဖြစ်စဉ်မှာ မှန်ကန် ကြောင်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်မှုများဆက်လုပ်သွားမည်ဟု ပြောဆိုသည်။
(006SV) နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခိုင်းထားသည့် တွန်းဇန်မြို့အနီး တွီးတူမ်း (TuiTum) ရွာသူ၊ ရွာသားများကို ၎င်းတို့ ရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ဖြစ်ကြောင်း တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) က တွန်းဇံမြို့ကို ထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၈ ရက်နောက်ဆုံးထား၍ တွီးတူမ်း ရွာသူ၊ ရွာသားများ စစ်ဘေးရှောင်ပေးရန် CDF – တွန်းဇန်မှ အမိန့်ထုတ်မှုနှင့် ပတ်သက်၍ တွန်းဇန်ကောင်စီ ဥက္ကဌက ပြောဆိုခြင်းဖြစ်သည်။ “မနေ့ညကဆိုရင် တွီးတူမ်းရွာ အောက်ဘက်မှာ ZRA က အဲဒီနားတဝိုက် ရောက်လာပြီးလို့ ကြားတယ်။ ZRA က ခြောင်း မြောင်းပစ်နေသ၍ တွန်းဇံမြို့ကို လာတိုက်နေသ၍ သူတို့အတွက် ခက်ခဲဦးမယ် ထင်တယ်။ ဒါပေမယ့် ဒီမှာ စစ်ကြောင်းမှူးနဲ့ တိုင်ပင်ပြီးတော့ ပြည်သူတွေ ပြန်လည်နေထိုင်ချင်ရင် နေထိုင်ခွင့် ပေးလိုက်ရအောင်ဆိုပြီးတော့ စီစဉ်ထားတာ ရှိတယ်။ ကျနော်ကတော့ ခင်ဗျာတို့ ZRA လာတာနဲ့ ချက်ချင်းအကြောင်းကြား ၊ ချက်ချင်း စစ်ဘေးရှောင်ပေးကြ၊ ZRA မလာခင်လေးမှာ ပြန်နေကြပါလို့ ကျနော်ကိုယ်တိုင် တွီးတူမ်း ရွာသားတွေကို ပြောထားတာ ရှိတယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ အိမ်ခြေ ၆၀ ကျော်ရှိသည့် တွီးတူမ်းရွာမှ ဒေသခံရွာသူရွာသားများသည် တွန်းဇန်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာမှ အသိဆွေမျိုးများ အိမ်တွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ လတ်တလောတွင်လည်း…
(006SV) အိန္ဒိယက မြန်မာပိုင်နက်အတွင်း ၆ နေရာခန့်မှာ ကျူးကျော်၍ ခြံစည်းရိုးကာရံနေမှုကို ရပ်ဆိုင်းရန် နှင့် ဆက်လက်ကာရံလိုပါက NUG ဗဟိုအစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ရန် တမူးဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက အိန္ဒိယအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ အိန္ဒိယအစိုးရသည် အိန္ဒိယ၊ မဏိပူရပြည်နယ်နှင့် မြန်မာ- တမူးမြို့နယ်စပ်အကြား ခြံစည်းရုံး ကာရံမှုကို ဆောင်ရွက်ခဲ့ရာမှာ တမူးမြို့နယ်အတွင်း ၆ နေရာခန့်မှာ မြန်မာပိုင်းနက်ထဲ ဝင်ရောက်၍ နယ်မြေကျူးကျော်ကာ ခြံစည်းရိုး ခတ်နေခြင်းဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။ “နယ်မြေကျူးကျော်ခြံခတ်တာကို အားလုံးသဘောထားအရ လက်မခံတဲ့အတွက်ကန့်ကွက်ထားတယ်၊ မြေပြင်က ရဲဘော်တွေက ကိုယ်တိုင်သွားရောက်တားမြစ်ထားတယ်။ India ဘက်က ဆက်လုပ်ချင်တယ်၊ ၂ နိုင်ငံတာဝန်ရှိသူတွေ နယ်မြေကွင်းဆင်းပြီး သဘောတူတဲ့ နေရာမှာ ခြံစည်းရိုးဆက်ကာဖို့ ပြောပါတယ်၊ ကျနော်တို့က အခုလို တိုက်ပွဲကာလမှာ အခြေအနေမပေးသေးဘူး၊ ဒီအတိုင်းပဲရပ်ထားဖို့ပဲလိုလားပါတယ်၊ ကွင်းဆင်းမယ်၊ ဆွေးနွေးမယ် ဆိုရင်လည်း NUG ဗဟိုအစိုးရနဲ့ပဲညှိနှိုင်းတိုင်ပင်ရမယ် ပြောထားပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။ လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့်ကာလတွင် အိန္ဒိယအနေဖြင့် ခြံစည်းရိုးကာရံနေမှုကို ဆက်မလုပ်စေချင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးထံကိုလည်း အိန္ဒိယဘက်မှ မြေပြင်ကျူးကျော်ထားမှုကို ပုံများနှင့်တကွ တင်ပြထားကြောင်း ၎င်းက ဆိုသည်။ နယ်မြေကျော်၍ ခြံစည်းရိုးခတ်မှုများမှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာပိုင်နက် တမူးမြောက်ပိုင်း၊ မြို့သစ်မြို့၊ ဖိုင်ရန်ကျေးရွာ အနောက်ဘက် နယ်စပ် ဝမ်လီကျေးရွာအနီးမှာလည်း ဖြစ်ပွားကြောင်း၊ ဒုတိယနေရာမှာ တမူးမြို့နှင့် မြို့သစ်မြို့အကြားတည်ရှိသည့်…
(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ် ပေးနိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ကြေညာသည်။
(006SV) လွတ်လပ်သော မြန်မာသတင်းမီဒီယာများ အကျပ်အတည်းကြားမှ ရှင်သန်တည်တံ့ရေးကို မြန်မာနိုင်ငံပြည်ပ တစ်နေရာတွင် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ မြန်မာသတင်း – BNI က မေလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ မေလ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ ပြင်ပတစ်နေရာမှာ နိုင်ငံတကာ မြန်မာသတင်း – BNI က ကြီးမှုး၍ နဝမအကြိမ်မြောက် တိုင်ရင်းမီဒီယာညီလာခံကို ကျင်းပပြုလုပ်ရာမှာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ညီလာခံတက်ရောက်လာသူ သတင်းသမားများက လတ်တလော ကြုံတွေ့နေရသည့် ဘဏ္ဍာရေး အပါအဝင် အခြားအခက်အခဲ များကို တင်ပြဆွေးနွေးမှုအပေါ် အလှူရှင်များနှင့် တက်ရောက်လာသော အဖွဲ့အစည်းများကလည်း အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ လွတ်လပ်သော သတင်းမီဒီယာများ ရေရှည် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တစ်ခုချင်းစီက နည်းလမ်းများ ရှာဖွေကြိုးစားသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ တိုင်းရင်းမီဒီယာညီလာခံမှာ မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေသော ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှု အခြေအနေများ၊ နိုင်ငံရေး ရှုပ်ထွေးမှုများကြားက သတင်းတင်ဆက် ထုတ်လွှင့်မှု အခြေအနေများနှင့် အနာဂါတ် အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ညီလာခံတွင် နိုင်ငံတကာ မြန်မာသတင်း – BNI က စုစည်းနေသော သတင်းမီဒီယာဆိုင်ရာ ဥပဒေများအပေါ် ပြင်ဆင်ဖြည့်စွက် အကြံပြုရန် လိုအပ်ချက်များကို ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးချက်များတွင် မီဒီယာ ကောင်စီနှင့် သတင်း မီဒီယာ ဥပဒေ၊…
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆက်သွယ်ရေးအော်ပရေတာ MPT ဖုန်းလိုင်းတခုသာရရှိပြီး ဖုန်းငွေဖြည့်ကဒ်များကို ဈေးပိုပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလကုန်၊ မေလဆန်းပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းတခုတည်းသာရပြီး အခြားသော ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်ကာ MPT ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ ဖိုးကို ၁၂၀၀ ပေးကာ ဝယ်ယူနေရသည်ဟု ကလေးမြို့က ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ “အခုက ကလေးမြို့မှာ MPT လိုင်းတခုပဲရတယ်။ ဒါတောင် ဖုန်းလိုင်းက မကောင်းချင်ဘူး။ ဒါပေမဲ့ MPT ပဲရတယ်ဆိုတော့ အဲဒါပဲ သုံးကြပြန်တော့အခု ဖုန်ဘေလ်ငွေ ၁၀၀၀ တန်ကဒ်ကို ၁၁၀၀၊ ၁၂၀၀ ပေးပြီး ဝယ်ယူနေရတယ်။ ဒါတောင် မြို့ထဲမှာ ဝယ်စရာမရှိတော့ဘူး။ ကျွန်မတို့ကတော့ Kpay နဲ့ပဲ ဖြည့်ကြတော့ အဆင်ပြေသေးတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။ အခြားသော ဆက်သွယ်ရေးလိုင်းများဖြစ်သည့် Oreedoo, Atom နှင့် Mytel အောပရေတာများသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး သုံး၍မရသေးပေ။ ထို့အပြင် ကလေးမြို့တွင် MPT ဖုန်းလိုင်းတခုတည်းသာ အသုံးပြုနေကြရတာကြောင့် MPT ဆင်းကဒ်များမှာလည်း ၁,၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ကဒ်ကို ယခုတွင် ၄၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်းလည်း သိရသည်။ “MPT simcard က အရင် ၁,၅၀၀ ကနေ ၃,၀၀၀, ၅,၀၀၀ကနေ အခုဆိုရင် ၄၀,၀၀၀၊ ၄၅,၀၀၀ အဲလိုရောင်းကြတာပေါ့နော်။ တော်တော်များများကလဲ MPT ကဒ်ပဲ…
