Author: Editor

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်က Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။ MA 1 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံအချို့နှင့်အတူ အလင်းဝင်ရောက်လာသူကို ဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Senthang Revolution Force (SRF)က ထုတ်ပြန်သည်။ အလားတူ အခြားသော စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက Senthang Revolution Force (SRF) မှ အမြဲကြိုဆိုကြောင်းနှင့် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်း များနှင့် အတူ CDF – CDM Siyin ထံ အလင်းဝင်ရောက်လာခဲ့သည်။

Read More

(002MG) ချင်းပြည်၏ လက်ရှိတော်လှန်ရေးကာလ စစ်ရေးနှင့် နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုကာ လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် တော်လှန်ရေးအင်အားစုများအကြား ခိုင်မာသည့်ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ တွင် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းပြောဆိုလိုက်သည်။ အတိတ်ကာလ ဖြတ်သန်းခံစားခဲ့ကြရသည့် နိုင်ငံရေး ဆုံးရှုံးမှုများအား သင်ခန်းစာ ယူကာ ပိုမို ခါးသီး သော အာဏာရှင် စနစ်ဆိုးမွေများအား အနာဂတ်မျိုးဆက်သစ်များပြန်လည်မခံစားစေအရေးသည် မိမိတို့ ပခုံးပေါ်တွင် ကျရောက်နေပြီ ဖြစ်သည်နှင့်အညီလူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် “အဓိက နှင့် သာမည” ကို ခွဲခြမ်းစိတ်ဖြာပြီး တော်လှန် ရေးအင်အားစုများအကြား ခိုင်မာသောယုံကြည်မှုတည်ဆောက်ကာ အတူတကွတိုက်ပွဲဝင်ကြရန် ချင်းအမျိုး သားတပ်ဦးက တိုက်တွန်းတောင်းဆိုခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းထားသည့် ချင်းလဲန်း ကောင်စီ၊ ချင်းလဲန်းအစိုးရ၊ ချင်းလဲန်း လွတ်တော်နှင့် တရားလွတ်တော် ပိုမိုအားကောင်းခိုင်မာရေးနှင့် ၁၉၄၇ ပင်လုံကို အခြေခံ၍ ထူထောင်ခဲ့သော ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည် ဆောက်နိုင်ရေးအ တွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက် ညီစွာ အခိုင်အမာတည်ဆောက်ပြီး ယုံကြည်ချက်နှင့် ဦးတည်ချက် တူညီသော ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားမိတ်ဖက်များ၊ နိုင်ငံတကာ အစိုးရများနှင့်…

Read More

(006SV) နွေဦးတော်လှန်ရေးတွင် ချင်းအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ချင်းဒေသကို လက်တွဲထူထောင်ကြရန် ယနေ့ ချင်းအမျိုးသားနေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သဝဏ်လွှာပေးပို့ရာမှာ ချင်းတော်လှန်ရေး၏ လက်ရှိအခင်းအကျင်းနှင့် ပတ်သက်၍ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ လက်ရှိတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်လျက်ရှိသော တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်း ခွင့်အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ရန် မျှော်လင့်ကြောင်း NUG အစိုးရက ဆိုသည်။ NUG အစိုးရနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို တိုက်ပွဲဝင်လျက်ရှိသော ချင်းခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်း မှတ်တမ်းတင်ထားမည်ဟု ကြေညာချက်တွင်ဖော်ပြထား သည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် မပြီးဆုံးသေးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင် မဟာမိတ်ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူ လူထုတို့ နှင့်အတူ NUG အစိုးရက လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြု ထုတ်ပြန်ထားသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ကလည်း ချင်းတိုင်းရင်းသားများ၊ အခြား တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ ညီညွတ်မှုကို တည်ဆောက်၍ စစ်အာဏာရှင်စနစ် ကင်းစင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်…

Read More

(006SV) လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ချင်းအမျိုးသားနေ့ မှာ ထုတ်ဖော်ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည် သဝဏ်လွှာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။ စစ်ကောင်စီသည် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်တော်လှန်နေမှုများ ချုပ်ငြိမ်းရေးကို NCA ပါ သဘောတူညီချက်များ အတိုင်း ဦးတည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာ ဆွေးနွေးပြောဆို ရန် ကမ်းလှမ်းထားကြောင်း၊ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း ချင်းအမျိုးသားနေ့တွင် ထပ်မံအသိပေး ထုတ်ပြန်လာခြင်းဖြစ်သည်။ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦးသည် စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီဟု ထုတ်ပြန်ပြောဆိုထားပြီး ချင်းပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို ဆောင်ရွက်ထားကာ၊ ၂၀၂၅ တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။ စစ်ခေါင်းဆောင်သည် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု မကြာခဏ ထုတ်ဖော်ပြောကြားနေပြီး ချင်းပြည် သူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်း ဆောင်ပေးကြရန် ပြောဆိုထားသည်။ “အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်” ဟု…

Read More

(004SS) ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မြို့တော် ဟားခါးမြို့ရှိ ခလရ ၂၆၆ တပ်ကုန်းတွင် ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။ ယခင်က ချင်းအမျိုးသားနေ့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူများ အားလုံးပါဝင်နိုင်ရန် ဟားခါးမြို့၊ ဝမ္မသူးမောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ် ချင်းအမျိုးသား နေ့ကိုမူ စစ်ကောင်စီတပ်ကုန်းတွင် အကျဉ်းရုံးသဘောဖြင့်သာ ကျင်းပမည်ဖြစ်‌သောကြောင့် ပြည်သူများ ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။ “ ဒီနှစ်က ၂၆၆ တပ်ကုန်းမှာ လုပ်မှာ။ ပြည်သူမပါတဲ့ ချင်းအမျိုးသားနေ့ပေါ့၊ ဒီက ဝန်ကြီးတွေ ဌာနဆိုင်ရာတွေ ပါမယ်တဲ့။ ဘယ်သူက ၂၆၆ ကို သွားမှာလဲ။ အဝင်ခံမယ်ထင်လား ငကြောက်တွေ။ တိတ်တိတ်ပုန်းလုပ်ကြမယ်ထင်တယ်” ဟု ဟားခါးမြို့ ဒေသခံအမျိုးသမီးက ပြောသည်။ ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်သူလူထုများ သိရှိထားသင့်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဖော်ပြသော ပြခန်းများ ခင်းကျင်းပြသကြမည်ဟု သိရသည်။ ယခင်က ချင်းအမျိုးသားနေ့များတွင် မြန်မာနိုင်ငံသမ္မတသော်လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများက လာရောက်တက်ရောက်ပေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းအမျိုးသားနေ့အခမ်းအနားကို အကျဉ်းရုံးသဘောဖြင့်သာ ကျင်းပခဲ့ကြပြီး နိုင်ငံအကြီးအကဲများလည်း တက်ရောက်ခြင်းမရှိခဲ့ကြပေ။ ယခုနှစ်တွင်လည်း ချင်းအမျိုးသားနေ့အခမ်းအနားသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား အခြား စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်အချို့သာ တက်ရောက်နိုင်ဖွယ်ရှိသည်ဟု သတင်းအရင်းအမြစ်တစ်ချို့၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက…

Read More

ကျေးရွာ ၃ ရွာကို Lock Down (အသွားအလာကန့်သတ်မှု) ပြုလုပ်ထား (006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာအများအပြားတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ကျေးရွာ ၃ ရွာကို အသွားအလာကန့်သတ်မှု (Lock down) ချထားကာ လူနာပေါင်း ၂၂၀ ကျော်ရှိနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။ “မင်းတပ်မြို့နယ်ထဲမှာ လောလောဆယ် Lock Down ချထားတာက ရွာ ၃ ရွာရှိပါတယ်။ လူနာတွေက ဘယ်နှစ်ဦးရှိသလဲဆိုတာပဲ အဆက်အသွယ်ရတော့ လူနာဦးရေပဲ သိရသေးတယ်။ တချို့ရွာတွေမှာ သိရတာက ကလေးငယ်တွေ အဖြစ်များတယ်လို့ သိရပါတယ်။ ၅ နှစ်အောက်ကလေးတွေပေါ့” ဟု ယင်းစစ်ရှောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။ လက်ရှိမှာ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၁၃ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကာ ဖေဖော်ဝါရီလ ၁၇ ရက်အထိ လူနာပေါင်း ၂၂၆ ဦးအထိရှိလာပြီး သေဆုံးသူ ၃ ဦးရှိလာပြီဟု သိရသည်။ ရောဂါဖြစ်ပွားနေသော ကျေးရွာ ၃ ရွာကို လတ်တလောမှာ အသွားအလာ ကန်သတ်မှု (Lock Down) ပြုလုပ်ထားပြီး ရောဂါဖြစ်ပွားနေသော ရွာများကို ဒေသတွင်းမှ ကျန်းမာရေးဝန်ထမ်များက ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသည်ဟု သိရသည်။ “အခုလက်ရှိ အခြေအနေကတော့ တခြားရွာတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတာ၊ ဆက်လက်ပြီး ပြန့်ပွားနေတယ်လို့ သိရတယ်။ သို့သော် ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အနေအထားတွေက မတွေ့ရသေးဘူး။…

Read More

(002MG)ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား (၂) ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ခဲယမ်းတချို့နှင့်အတူ CDF- CDM Siyin ထံ အလင်းဝင်လာသည်ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ကိုထောင်းပူက ပြောသည်။”မနေချင်တော့ဘူးလို့ သူတို့က ဆက်သွယ်လာတာကြာပြီ၊ မနေ့ကပဲ တီးတိန် ၂၆၉ တပ်ရင်းကနေ ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်လာရင်းနဲ့ ကျွန်တော်တို့က မြို့အဝင်မှာ တဝက်လောက်မှာ သွားကြိုတာပေါ့။ ကျွန်တော်တို့က ကျည်ဆံတွေဆိုရင်လည်း အပြင်မှာပြန်ဝယ်ရတယ်ဆိုတော့ သူတို့ကိုလည်း ဆုပေးမယ်။ သူတို့က ရန်ကုန်၊ မန္တ လေးဖက်ကဆိုတော့ အခြေအနေကောင်းရင်သွားချင်ကြတာ။ အခုလည်း ဒီမှာပျော်ကြပါတယ် ကျွန်တော်တို့ရဲ ဘော်တွေနဲ့ အတူထားတာဆိုတော့ စားလဲအတူတူ၊သွားလည်းအတူတူပဲထားတယ်” ဟု ပြောသည်။အလင်းဝင်လာသူ နှစ်ဦးမှာ တီးတိန်မြို့ (၂၆၉) တပ်ရင်းမှ တပ်သား ကျော်စောနိုင်နှင့် တပ်သား ဇော်လင်းတို့ ဖြစ်ကြပြီး လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန် ၃၀၀ ယူဆောင်လာကြသည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် မိခင်တပ်ရင်းဖြစ်သည့် ကလေးမြို့ ဒကစ (၈၉) တပ်ရင်းမှ တီးတိန်မြို့ (၂၆၉) တပ်ရင်းသို့ ပြောင်းရွေ့ တာဝန်ဆောင်နေကြသူများ ဖြစ်ကြသည်။CDF CDM Siyin ထံသို့ ဆက်သွယ်ကာ အလင်းဝင်လာသူ စစ်ကောင်စီတပ်သား (၁၆) ဦးခန့်ရှိလာပြီး အလင်းဝင် လာသူများအား ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊ မိမိသွားလိုရာနေရာများထံ သွားရောက်နိုင်ရန် စီမံဆောင်ပေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း CDF CDM Siyin…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခံရပြီး စစ်မှုထမ်းအပတ်စဉ်အလိုက် စစ်သင်တန်းတက်ရောက်ပြီးသူများကို စစ်ကောင်စီက စစ်မြေပြင်သို့ ပို့ဆောင်နေသည်ဟု စုံစမ်းသိရှိရသည်။ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသည့် လူငယ်များသည် ကလေးမြို့နယ် စစ်လေ့ကျင့်ရေး အမှတ် (၁၀) ကျောင်းတွင် (၃) လကြာ စစ်သင်တန်းတက်ရောက်ကြရပြီး သင်တန်းပြီးစီးသူများကို စစ်ကိုင်း၊ ချင်းပြည်နယ် အပါအဝင် ရှေ့တန်းစစ်မြေပြင်နေရာများသို့ ပို့ဆောင်နေသည်ဟု ယင်းအခြေအနေကို စောင့်ကြည့်နေသော ကလေးမြို့ခံတစ်ဦးက ပြောသည်။ “ကလေးမြို့တဝိုက် စစ်သားစုဆောင်းခံရတဲ့သူတွေ လေ့ကျင့်ရေး (၁၀) မှာ သင်တန်းပြီးတဲ့သူတွေကို တခြားမြို့တွေကိုပို့တာ လေယာဉ်ကွင်းမှာ မိသားစုတွေ၊ ဆွေမျိုးတွေ အများကြီးပဲ ငိုယိုနေကြတာတွေလည်း ကိုယ်တိုင်တွေ့ခဲ့ရတယ်။ အများကြီးပဲ လေယာဉ်နဲ့ တခြားမြို့တွေကို ပို့လိုက်ပြီ” ဟု ၎င်းကပြောသည်။ ကလေးမြို့တွင် စစ်မှုထမ်းဥပဒေကြောင့် အဖမ်းခံရသူ စစ်မှုထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ် (၇) တွင် (၅၀) ဦး၊ အပတ်စဉ် (၈) တွင် (၃၀) ဦး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦးအထိရှိခဲ့ပြီး လက်ရှိအထိ ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲဟု သိရသည်။ စစ်မူထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူများသည် အသက် (၁၈) နှစ်မှ အသက် (၄၅) နှစ်အရွယ် အမျိုးသား အများစုဖြစ်ကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)…

Read More

(004SS) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမေရိကန်အကူအညီများ ဖြတ်တောက်မှုများကြောင့် ချင်းပြည်နယ်အတွင်း မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ဆုံးရှုံးခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောသည်။ ရန်ပုံငွေပြတ်တောက်မှုကြောင့် CHRO မိုဘိုင်းဆေးအဖွဲ့များ၏ အရေးကြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်‌စေခဲ့သလို ဆေးဝါးထောက်ပံ့မှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပံ့ပိုးပေးနိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့မှာလည်း အပြင်းအထန် ထိခိုက်စေကြောင်း သိရသည်။ “ရန်ပုံငွေဖြတ်တောက်ခံရခြင်းရဲ့ အကျိုးဆက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လိုအပ်သလို response မပေးနိုင်တော့တဲ့ အခက်အခဲရှိပါတယ်။ ကျန်တော်တို့ တခြား funding တွေ ရှာကြည့်တယ်။ ဒါပေမဲ့ သိတဲ့အတိုင်း နေ့ချင်းညချင်း ရတဲ့အရာမဟုတ်တဲ့အခါကျတော့ ကြားထဲမှာ ကျွန်တော်တို့လုပ်ငန်းတွေ ရပ်တန့်သွားသလို ဖြစ်ရတာပေါ့နော်။ ဟိုတလောက မတူပီ case ဆိုလို့ရှိရင် ဝန်ထမ်းတွေ မသွားရောက်နိုင်တော့ဘူး၊ ဒါပေမဲ့ တတ်နိုင်သမျှတော့ ကျွန်တော်တို့ နီးစပ်ရာ ဆေးရုံကနေ မတူပီမှာရှိတဲ့ ဆရာတွေကို ဆေးတွေ ပို့ပေးနိုင်ခဲ့တယ်။ အဲတုန်းက ဒီ outbreak ဖြစ်တဲ့အချိန်၊ funding ရပ်တန့်တဲ့အချိန်နဲ့ တိုက်တဲ့အခါကျတော့ ချက်ချင်း မတုန့်ပြန်နိုင်တော့ဘူးပေါ့နော်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကျန်းမာရေးတာဝန်ခံ Dr. Jay က ပြောသည်။ CHRO ကျန်းမာရေးအဖွဲ့အနေဖြင့် မြေပြင်တွင် ကိုယ်တိုင်ပါဝင်နိုင်ရန် ခက်ခဲခြင်းကြောင့် အခြားသော အရပ်ဖက် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အချက်အလက်များမျှဝေခြင်း၊ အချင်းချင်း အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို တတ်နိုင်သမျှ လုပ်ဆောင်နေ‌ကြောင်း Dr. Jay က ဆက်ပြောသည်။ လက်ရှိ၊ ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များတွင်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီကနေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး -ဂန့်ဂေါကြားက ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းထိခိုက်ပျက်စီးသွားပြီး ကလေး မြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၅ ရက် ရှိသွားပြီဟု သိရသည်။ ကလေးမြို့ခံတဦးက ” မီးပျက်တာကြာပြီလေ တောင်ပိုင်းရွာတွေကို ဗုံးကြဲတော့ တာဝါတိုင်ထိတာလား၊ မီးကြိုး တွေပျက်တာလား သူတို့မပြင်နိုင်ဘူးလေ၊ ပြင်လို့လည်းမရဘူး။ ဗုံးကြဲနေတာ၊ အမြောက်တွေထု စစ် တွေဖြစ် နေတာဆိုတော့ လေယာဉ်နဲ့ ဗုံးကြဲပြီးထိလို့ အဲ့လိုမျိုးပျက်သွားတာလို့ကြားတယ် အနည်းဆုံး ၄၊၅ ရက်ရှိ ပြီ။ ကလေးမြို့ပဲမဟုတ်ဘူး၊ ကလေးဝလည်းမရဘူး” ဟု ပြောသည်။ ကလေးတောင်ပိုင်းဒေသ ကလေး-ဂန့်ဂေါကြားကားလမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီ၊ ပျူစောထီး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး-ဂန့်ဂေါကြားရှိ ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းသည် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်ပြတ်တောက်သွားပြီး လျှပ်စစ်မီးပြန်လည်ရရှိနိုင်မည့်အခြေအနေမှာမသေချာကြောင်း ကလေးမြို့ လျှပ်စစ်ရုံးတာဝန်ရှိသူက ၎င်း၏ လူမူကွန်ရက်တွင် အသိပေး ဖော်ပြထားသည်။ “၆၆ ကေဗွီ Line Fault က ကလေး-ဂန့်ဂေါကြားဖြစ်နေတာပါ၊ ဖြစ်တဲ့နေရာအတိကျတောင် သေချာမသိရသေးပါဘူး၊ ဖြစ်တဲ့နေရာသေချာသိမှ ပြင်ဆင်မှုအပိုင်းက လုပ်ရာမှာပါ ရှေ့ဆက်ကြာဦးမယ့်သဘောပါပဲ” ဟု လျှပ်စစ်ရုံးတာရှိက လူမှုကွန်ယက်တွင်အသိပေးထားသည်။ ယခု ၂၀၂၅ နှစ်သစ်မှစတင်ကာ ကလေးမြို့ပေါ်တွင် လျှပ်စစ်မီးကို ပုံမှန်အားဖြင့် ည (၈) နာရီမှ မနက်ပိုင်း (၅) နာရီ…

Read More