(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီက ယခုဧပြီလ အတွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ (၇) ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ (၁) ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အဦး (၆၃) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီသည် ပေါင် (၃၀၀) နှင့် ပေါင် (၅၀၀) ဗုံးများအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အသက် (၄၀) အရွယ်ရှိပြည်သူ (၁) ဦးသေဆုံးကာ အသက် (၁၆) နှစ်အရွယ် ပြည်သူ (၁) ဦးထိခိုက် ဒဏ်ရာ ရခဲ့သည်။ ၎င်းအပြင် ပြည်သူနေအိမ် (၁၈) လုံး၊ တစိပ်တစ်ပိုင်းပျက်စီးမှုရှိသည့် ပြည်သူ့နေအိမ် (၃၀) လုံး၊ ဌာနပိုင် အဆောက် အဦး (၁၄) လုံးနှင့် ရိပ်သာအဆောက်အဦး (၁) လုံးပျက်စီးခဲ့ရပြီး၊ မြို့ပေါ် ပတ်ဝန်း ကျင်နေထိုင်ကြသည့် ပြည်သူများ အနေဖြင့်လေကြောင်းရန်အထူးဂရုပြုနေထိုင်ရန်နှင့် တိကျသောသတင်း များကို တဦးနှင့်တဦးသတင်း ပေးခြင်းဖြင့်များ ပြုလုပ်ရန် ဖော်ပြထားပါသည်။ ဧပြီလ (၁၇) ရက်နေ့တွင်လည်း စစ်ကောင်စီသည် မတူပီမြို့ပေါ်တွင် လေကြောင်း တိုက်ခိုက်မှုပြု လုပ်ခဲ့သောကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတပါးအပါအဝင် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းထဲတွင် (၄) ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ပြီး လက်ရှိတွင်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့ ပေါ်တို့တွင် စစ်ကောင်စီသည် ဧပြီလအစောပိုင်းမှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများခပ်စိပ်စိပ်…
Author: Editor
ယင်းဒေသက ချင်းတောင်အတွက် စစ်ရေးနှင့် နိုင်ငံရေးဗျူဟာအရ အင်မတန် အရေးကြီးနေရာဟုဆို (006SV) ချင်းအင်အားစုများအတွက် စစ်ရေးနှင့် နိုင်ငံရေးအရ အရေးကြီးသော ဗျူဟာလမ်းကြောင်းပေါ်မှာ ရှိသည့် ကလေး- ဂန့်ဂေါကြား စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ၂၀ ဦးကျော် ကျဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိသည်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ ဖြစ်သည့် ကန်းပါးနီးစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ၊ အနောက်အောင်သာယာ၊ ကြံသာရွာ စခန်းသိမ်း တိုက်ပွဲများနှင့်ပတ်သက်၍ ယနေ့ ဧပြီလ ၂၁ ရက်က CNF/ CNA ၊ CDF – KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ CDF – KKG ဥက္ကဌ ဆလိုင်းဇာဘွေထောင်က ပြောသည်။ “၂လကြာမြင့်တဲ့ စခန်း ၅ ခု စစ်ဆင်ရေးစခန်းသိမ်းတိုက်ပွဲတွေမှာ CDF – KKG အပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် ၂၀ ဦး ကျော် ကျဆုံးခဲ့ပါတယ်။ အဲဒီ ၂၀ ကျော်မှာက CDF – KKG က ၁၁ ဦးရှိခဲ့ပါတယ်။ ဒဏ်ရာရ ရဲဘော်ဆိုရင် အကြီးရော၊ အသေးအမွှာရော အကုန်လုံးက ၇၀ ကျော် ရှိခဲ့ပါတယ်။ ကလေးနယ်တောင်ပိုင်းမှာဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်” ဟု ဆလိုင်းဇာဘွေထောင်က ပြောသည်။ ကလေး- ဂန့်ဂေါကြားက ကျန်ရှိသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာများကို…
စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားဟုဆို (006SV) မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ပုသိမ်- မုံရွာ ကားလမ်းမအနီးတဝိုက်တွင် PDF ၊ CDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။ စစ်ကောင်စီတပ်များသည် မင်းလှမြို့နယ်အတွင်းရှိ ကပစမှ အင်အားများ စုဖွဲ့၍ ပုသိမ်- မုံရွာလမ်းမအနီးဝန်းကျင်က ကျေးရွာ များနှင့် အနီးတဝိုက်ကို ဧပြီလ ၁၂ ရက်မှ စတင်၍ စစ်ကြောင်းထိုးလာသောကြောင့် ဧပြီလ ၁၄ ရက်အထိ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။စစ်ကောင်စီ၏ စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့၏ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက် တိုက်ခိုက်ခြင်းနှင့် တန်ပြန် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ယင်းအဖွဲ့က ဧပြီလ ၁၇ ရက်မှာ ထုတ်ပြန်သည်။ စစ်ကောင်စီ၏ စစ်ကြောင်းများကို လက်ခံပူးပေါင်း၍ ဆောင်ရွက်သော နယ်ခံတပ်စခန်းဖြစ်သည့် မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီး တိုက်နယ်ရဲစခန်းကိုလည်း သတိပေးဟန့်တား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အထိအခိုက်အကျအဆုံး မရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထိတွေ့တိုက်ပွဲများနှင့် ပတ်သက်၍ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကို ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။ စစ်ကောင်စီတပ်သည် မင်းလှမြို့နယ်အတွင်း ပုသိမ်-…
(004SS) ချင်းပြည်နယ်၊ မရာနယ်မြေအတွင်းနေထိုင်သော မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ ဇွန်လကုန်အထိ အမဲလိုက်ခြင်း များကို မပြုလုပ်ကြရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF) က ယမန်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။ သဘာဝတောတောင် စိမ်းလန်းစိုပြေရေးနှင့် တောရိုင်းတိရိစ္ဆာန်များ မျိုးသုန်းပျောက်ကွယ်ခြင်း မရှိစေရန် ရည်ရွက်ချက်ဖြင့် ထုတ်ပြန်ခြင်းဟု သိရသည်။ ထို့ကြောင့် မရာ နယ်မြေတွင် နည်းမျိုးစုံဖြင့် ငှက်ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း အမဲလိုက်ခြင်း၊ မြစ်ချောင်းများတွင် ရှော့တိုက်ခြင်း၊ ဓာတုဆေးများ အသုံးပြုခြင်းနဲ့ မိုင်းခွဲခြင်းနှင့် ငါးဖမ်းခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရဟု မရာနယ်မြေအုပ်ချုပရေးကောင်စီက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု မရာနယ်မြေအုပ်ချုပ် ရေးကောင်စီက သတိပေးထားသည်။ လက်ရှိတွင် မရာနယ်မြေသည် စစ်ကောင်စီ ကင်းစင်ပြီဖြစ်ကာ MTC/ MDF အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စသည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပါတ်နိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း သရသည်။
(006SV) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုပမ်းလုပ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့ဝင် ချင်းတိုင်းရင်းသား ဒေါက်တာမှုထန်ကို စည်သူဘွဲ့ ချီးမြင့်ကြောင်း စစ်ကောင်စီက ယနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာ့နှစ်သစ်ကူး နေ့မှာ ထုတ်ပြန်သည်။ ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့စာရင်းဝင် စည်သူဘွဲ့ကို ဒေါက်တာမှုထန်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သူ ၆ ဦး၊ စစ်ကောင်စီလက်အောက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ၂ ဦး၊ တပ်ဘက်မှ ၅ ဦးတို့ကို စစ်ကောင်စီက ပေးအပ်ခြင်းဖြစ်သည်။ ဒေါက်တာမှုထန်သည် ချင်းပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ဖေဖော်ဝါရီလမှ ယနေ့အထိ ဆောင်ရွက်နေသူဖြစ်သည်။ မတ်လ ၂၄ ရက်ကလည်း ထန်တလန်မြို့ပေါ်က သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိသော အိမ်နှင့် ခြံ ၁ ခု၊ အိမ်မြေကွက် ၂ ကွက်နှင့် စိုက်ပျိုးရေး ခြံ ၂ ကွက်စသည့် ဒေါက်တာမှုထန် ပိုင်ဆိုင်မှုအားလုံးကို CDF – ထန်တလန်က အပြီးပိုင် သိမ်းဆည်းခဲ့သည်။ ထန်တလန်မြို့နယ်သား ဒေါက်တာ မှုထန်သည် ချင်းတော်လှန်ရေးကို ဆန့်ကျင်ပြီး မတရားအာဏာသိမ်းထားကာ ထန်တလန် မြို့တခုလုံးကို မီးရှို့ဖျက်စီးနေသော စစ်ကောင်စီကို အားပေးသူဖြစ်ကြောင်း ထန်တလန်အခြေစိုက် ချင်းတော်လှန်ရေးအင်အား စုများက ထုတ်ပြန်ထားသည်။ ၂၀၂၄ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိ ဒေါက်တာမှုထန် ပိုင်ဆိုင်နေသော နေအိမ်ကို…
(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ဒုက္ခသည် အသိအမှတ် ပြုကဒ်(UN card)ကို အမြန်ဆုံးထုတ်ပေးနိုင်ရန် UNHCR – protection unit ထံ CRC-New Delhi က တင်ပြတောင်းဆို ထားကြောင်းသိရသည်။ ချင်းဒုက္ခသည် ကော်မတီ CRC ဥက္ကဌ ဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများသည် ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် UNHCR – protection unit မှ တာဝန်ရှိသူများထံ ဒုက္ခသည်များ၏ အရေးကိစ္စများကို ၃ နာရီကြာ တင်ပြဆွေးနွေးခဲ့ကြသည်ဟု CRC က ထုတ်ပြန်သည်။ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်ပြီး ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး စသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ်နေသောကြောင့် ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ အမြန်ဆုံးထုတ်ပေးနိုင်ရန် တောင်းဆိုခဲ့ခြင်းဟု သိရသည်။ “အထူးသဖြင့် လုံခြုံရေးပိုင်းမှာ အခက်အခဲ အများကြီးရှိတာပေါ့နော်။ လုပ်ငန်းခွင်မှာဆိုလို့ရှိရင် job securityမရှိဘူး၊ သူတို့ကြိုက်တဲ့ချိန် အလုပ်ထုတ်တာ၊ ပြန်ခိုင်းတာမျိုး၊ နောက် ပညာရေးဆိုရင်လဲပဲ ကျောင်းတော့ တက်ကြပါရဲ့ ရှေ့ဆက် ပညာရေး အာမခံချက်မရှိဘူး၊ ကျောင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ ယဉ်ကျေးမှု ဓလေ့မတူညီလို့ ဘာသာစကား အခက်အခဲ ရှိလို့၊ ငွေကြေးအခက်အခဲရှိလို့ ပညာဆက်မသင်ရတော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ကြရတာတွေ၊ ဆိုတော့ ပညာရေး၊ ကျန်းမာရေး၊…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွား ရာ အရပ်သားနေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်မြို့ ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံးဟု ယူဆရသော ဗုံး ၂ လုံးကို ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံတဦးက ပြောသည်။ “အရပ်သားပြည်သူ နေအိမ် ၇ လုံးဝန်းကျင်တော့ ထိခိုက်ပျက်စီးသွားတယ်။ အရပ်သားပြည်သူတွေ ထိခိုက်ပျက်စီးမှုက မရှိဘူး။ မင်းတပ်မြို့ထဲဘက်က လူတွေက မရှိကြဘူး။ စစ်ဘေးရှောင်ကနေပြန်မလာကြသေးဘူး။ မင်းတပ်မြို့ပေါ် အသွားအလာက တိတ်ဆိတ်နေတယ်။ စစ်ကောင်စီက ခဏ, ခဏ ဗုံးလာကြဲတော့ (ပြည်သူ) ကြောက်ကြလို့လေ” ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။ မင်းတပ်မြို့ပေါ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ ယခုရက်ပိုင်းများတွင် စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ခတ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရသည်။ ဧပြီလ ၁၃ ရက်ကလည်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (MBC) ကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်သွားရာ ပမာဏ ကြီးမားစွာ ထိခိုက်ပျက်စီး၊ ပြိုကျသွားကြောင်း၊ ဘုရားကျောင်းဝန်းအတွင်းက အဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားကြောင်းဟု သိရသည်။ ဧပြီလ ၉…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယနေ့ဧပြီလ (၁၆) ရက်နေ့မနက်ပိုင်းက စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲပြီး အသက် ၅ နှစ် နှင့် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းသေဆုံး ခဲ့သည်ဟု သိရသည်။ ကလေးမြို့ဒေသခံတဦးက “နေပြည်တော်လို့ပြောတဲ့ ဝန်ထမ်းအိမ်ရာဖက်မှာ စကစထောင်ထားတဲ့မိုင်းကို ကလေးတွေယူဆော့ရင်းနဲ့ ပေါက်တာ ကလေးငယ် နှစ်ဦး ပွဲချင်း သေဆုံးတယ်။ဗုံးကွဲပြီးတဲ့နောက်ပိုင်း အဲ့ဖက်ကို စကစတွေ ခြေရှုတ် နေတာ” ဟုပြောသည်။ ကလေးမြို့၊ အနောက်ဖက် တောင်ဖီလာရပ်ကွက်တွင် နေပြည်တော်ဝန်ထမ်းအိမ်ရာတန်းလျားရှိပြီး စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲနေရာယူထားပြီး အနီးနားပတ်ဝန်းကျင်မှာ မိုင်းထောင်ထားလေ့ရှိသည်ဟု သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့် ကလေးငယ် ၂ ဦးမှာ ညီအကိုတော်စပ်သူများဖြစ်ကြသည်ဟုသိရသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဗိုလ်ချုပ်လမ်း၊ ကလေး-တီးတိန်-ဖလမ်းကားလမ်း၊ သူနာပြုကျောင်း၊ ကလေး-ကလေးဝလမ်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် နေ့စဉ် သံလုံကားဖြင့် ကင်းလှည့်စစ်ဆေးမှုများပြု လုပ်ကာ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟု သိရသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဧပြီလ (၁၁) နေ့ကစတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက် Wifi လိုင်းများကို လေးရက်အကြာ ဖြတ်တောက်ခဲ့ရာ ယမန်နေ့ ဧပြီလ (၁၅) နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လေကြောင်းဗုံးကြဲ မှု ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ (004SS/002MG) CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့သော ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-KKG က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ စစ်ဆင်ရေးအတွက် စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော် ဆောင်ခဲ့ကာ ကလေး-ဂန်ဂေါအကြား စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်ကြသော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို သိမ်းပိုင်နိုင်ခဲ့ခြင်းဟု သိရသည်။ CDF-KKG Major Operation စစ်ဆင်ရေးတစ်ခုလုံးကို ချင်းအမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့ကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင် မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကိုလည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်သည်။ ကလေးနှင့် ဂန့်ဂေါအကြားရှိ…
(004SS) ၅ လကြာဆင်နွှဲခဲ့ရသော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၊ရဲမေ ၈၉ ဦး ကျဆုံးပြီး ထက်ဝက်နီးပါးမှာ အိမ်ရှင်တပ်ဖွဲ့ဖြစ်သော CNO/CNDF မှ ရဲဘော်များဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ “ဒီ ၈၉ ဦး ကျဆုံးတဲ့အထဲမှာ ကျွန်တော်တို့အိမ်ရှင် CNO/CNDF အနေဖြင့် ကျဆုံးသူ အယောက် ၄၀ ပါဝင်ပါတယ်။ ဒီ ထဲမှာမှ ကျန်းမာရေးဘက် တာဝန်ထမ်းဆောင်တဲ့ သူနာပြု ဆရာမ ၁ ဦး၊ သူနာပြု ဆရာ ၁ ဦး၊ ၂ ဦးလဲ ပါဝင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ထို့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ရဲဘော် အယောက် ၃၀ ဝန်းကျင်ရှိပြီး အခြား မစိုးရိမ်ရ ဒဏ်ရာရရှိသူ ရဲဘော် အယောက် ၅၀၀ ခန့်ရှိသည်ဟု ၎င်းကပြောသည်။ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်တချို့၏ ရုပ်အလောင်းများကို ၎င်းတို့နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခြင်းရှိသလို အချို့မှာမူ မြေပြင်အခြေ အနေအရ ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ဖလမ်းမြို့တစ်နေရာတွင် ခေတ္တမြေမြုပ်ပေးထားကြောင်း သိရသည်။ “ကျွန်တော်တို့ တစ်ချို့က ခရီးဝေးပြီးတော့ ပို့ဖို့ရန် အဆင်မပြေတဲ့သူတွေပေါ့လေ၊ နောက်ပြီတော့ တစ်ချို့ကျွန်တော်တို့ CNO/ CNDF ဆိုရင် အိမ်ရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရွာတွေမှာ ပို့လို့ရတယ်၊ မိဘဆီ ပို့လို့ရတယ် ဆိုရင် အကုန်လုံး ပို့ပေးပါတယ်။ ပြီးတော့ နယ်ဝေးကနေလာပြီး ပို့ဖို့အဆင်မပြေတဲ့သူ နောက် မီးသဂြိုလ်လို့မရတဲ့သူတွေကိုတော့…
