Author: Editor

၄ နှစ်အတွင်း CNO/CNDF တပ်ဖွဲ့ဝင် ၉၁ ဦးကျဆုံး (004SS) ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေး မစမီက ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၁၀ ယောက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသော ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF သည် စစ်အာဏာရှင်စနစ်ဆန့်ကျင် တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်တင်းတင်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဧပြီလသည် CNO/CNDF တည်ထောင်သည့် လဖြစ်သည့်အပြင် ဖလမ်းမြို့အပါအဝင် စစ်ကောင်စီစခန်းများသိမ်းပိုက်နိုင် သည့် ‌လဖြစ်ပြီး ၎င်းတို့အတွက် မဂ်လာရှိသော လဖြစ်သောကြောင့် မြို့သိမ်းတိုက်ပွဲမတိုင်မီ ဖမ်းဆီးရမိသော စစ်သားနှင့် ရဲ ၁၅ ယောက်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ “ကျွန်တော်တို့အတွက် ဒီလ (ဧပြီ) ဟာဆိုလို့ရှိရင် တကယ့်ကို မဂ်လာရှိတဲ့ လပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းတည်ထောင်တာကလဲ ဧပြီ ၁၃ ရက်နေ့ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ပထမအကြိမ် ဗာရ်းစခန်း သိမ်း ပိုက်ရရှိတာကလဲ ဧပြီ ၁၀ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ဖြစ်တယ်။ အခုတခါ ခလရ ၂၆၈ သိမ်းပိုက်ရရှိတာကလည်း ဧပြီလ ၉ ရက်နေ့ဆိုတော့ တကယ်ကို မဂ်လာရှိတဲ့လ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ ရှိသလိုပဲ ကျွန်တော်တို့ လွှတ်ပေးတာက…

Read More

(004SS) ချင်းချာတာမူကြမ်းကို မကြာမီအချိန်ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်ပြည့်သည့် အထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်တွင် ထိုကဲ့သို့အသိပေးလာခြင်းဖြစ်သည်။ ICNCC သည် ချင်းညီနောင် (Chin Brotherhood) နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ICNCC ကို အစုအဖွဲ့ ၇ ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ချင်းချာတာမူကြမ်းကိုလည်း ရွေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းညီနောင် (Chin Brotherhood) အနေဖြင့် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ICNCC က ဆိုသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင် တိုက်ထုတ်ရာတွင် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း ICNCC က တိုက်တွန်းသည်။အကြမ်းဖက်စစ်ကောင်စီမှ အတင်းအဓမ္မဖြင့် ကျင်းပရန်ကြိုးစားနေသော ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ်သလို ချင်းပြည်သူများအနေဖြင့်လည်း ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများ မလုပ်ကြရန် ICNCC က ကြိုတင်သတိပေးထားသည်။ ချင်းပြည်နယ်အတွင်းရှိ ကျန်ရှိနေသေးသော မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့်…

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း (MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားသည်ဟု သိရသည်။ ဧပြီလ ၁၃ ရက် သံလွင်ခက်တနင်္ဂနွေနေ့ (Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီး က MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ်သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်းတစ်ခုလုံး ကြေမွပျက်စီးသွားသည်ဟု သိရသည်။ “ကျနော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော်ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေရပ်နီးရပ်ဝေးကတစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့်နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေကြေကွဲရတယ်ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။ စစ်ကောင်စီကင်းစင်ပြီဖြစ်သော မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ် လျှက်ရှိပြီး ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် ဘာသာရေးဆရာအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ရသည်။ ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟုသိရသည်။ အလားတူ မင်းတပ်မြို့အနီး ကန်ပက်လက်မြို့ကိုလည်း ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီကင်းစင်ပြီဖြစ်သော ကန်ပက်လက်မြို့ကို ဧပြီလ…

Read More

(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် ချင်းလူငယ်များအနေဖြင့် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ကြရန် မီဇိုရမ်ပြည်နယ် အထက် လွှတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့ရှိ မီဇိုးအမျိုးသားတပ်ဦးပါတီ(MNF) ရုံးခန်းတွင် ဧပြီလ ၁၁ရက်နေ့ က ကျင်းပပြုလုပ် သည့် ပါတီအစည်းအဝေးတွင် လွှတ်တော်အမတ်က ထိုကဲ့သို့တိုက်တွန်းပြောဆိုသွားခြင်းဖြစ်သည်။ “ချင်းပြည်နယ်က ငါတို့ပြည်နယ်ဖြစ်တယ်လို့ ခံယူတယ်ဆိုရင် တော်လှန်ရေးမှာပါဝင်ပြီး စစ်ကောင်စီကိုတိုက်ခိုက်ဖို့ နေရပ်ပြန်ဖို့လိုပါတယ်၊ လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးဖို့ ကျနော်တို့ အဆင်သင့် ရှိပါတယ်” ဟု မီဇိုရမ် အထက်လွှတ်တော်အမတ်က ပြောသည်။ မီဇိုရမ်ပြည်နယ်ထက် သုံးဆခန့်ကျယ်ဝန်းသော ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ (ငါးသိန်း) ခန့်သာရှိပြီး စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရကာ မီဇိုရမ်ပြည်နယ်မြို့ကြီးများတွင် ချင်းလူငယ်အများအပြားကို တွေ့မြင်နေရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် မီဇိုရမ်တွင်ရောက်ရှိနေကြသည့် ချင်းလူငယ်အများအနေဖြင့် စစ်ကောင်စီကို တိုက်ထုတ်ရန် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ရန်လိုအပ်သည်ဟု ပြောသည်။ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကို ပြည်နယ်အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်အကူအညီပေးရေးများတွင် အခက်အခဲရှိလာသည်ဟုလည်း ၎င်းကပြောသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် Chinlung မြို့ကို သွားရောက်ပြီး ချင်းပြည်ကောင်စီ၊…

Read More

(006SV) Chinland Defense Force -မတူပီ၊ တပ်မဟာ – ၁ သည် ချင်းပြည်နှင့် ချင်းလူမျိုးကို ကိုယ်စားပြုနိုင်ရန်ဟုဆိုကာ Chin Defense Force – မတူပီ အဖြစ် အမည်ပြောင်းလဲလိုက်ပြီး နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ စုဖွဲ့မှုများကိုလည်း ပုံစံသစ်ပြောင်းလဲလိုက်သည်။ ဧပြီလ ၂ ရက်၊ ၃ ရက်တို့တွင် ကျင်းပပြုလုပ်သော Chinland Defense Force – မတူပီ၊ တပ်မဟာ – ၁ ၏ အထွေထွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ စုဖွဲ့မှု ပြောင်းလဲလိုက်ခြင်းများကို ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ CDF – မတူပီ၊ တပ်မဟာ – ၁ အမည်နာမကို ချင်းပြည်နှင့် ချင်းလူမျိုး ၂ ရပ်လုံးအား ကိုယ်စားပြုသည့် Chin Defense Force – Matupi (ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ) အဖြစ် ပြောင်းလဲလိုက်သည်ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။ “အဓိကက တပ်မဟာ – ၁ ၊ ၂ ဆိုတာမျိုးထက် အဲမှာ Chinland Defence Force – မတူပီ ဆိုတဲ့အချိန်မှာ Land ဆိုတာက ပြည်နယ်၊ ဒေသ တခုကိုပဲ ကိုယ်စားပြုတယ်။ ချင်းဆိုရင် ချင်းလူမျိုး အားလုံးကိုသော်လည်းကောင်း၊ ချင်းတွေနေထိုင်တဲ့ နေရာဒေသအားလုံး…

Read More

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ နှင့် ဆက်သွယ်မေးမြန်းချက် (006SV) ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးကာလ ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်အဖွဲ့က ကြေညာပါတယ်။ နှစ်ဖက်လုံးအတွက် စစ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး မဟာဗျူဟာကျတဲ့ မြို့ဖြစ်တဲ့ ဖလမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီဟာ ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကူအင်အားတွေ ထပ်တလဲလဲ ဖြည့်တင်းပြီး လေကြောင်းပစ်ကူအကြိမ် ၁၀၀၀ ကျော်နဲ့ ခုခံခဲ့ပါတယ်။ တဖက်မှာလည်း ချင်းညီနောင်နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ တိုက်ပွဲ ၅ လတာအတွင်း အခက်အခဲ၊ စိန်ခေါ်မှု ပေါင်းစုံနဲ့အတူ စစ်ကူအင်အားတွေ ထပ်မံဖြည့်တင်းပြီး တရပ်စပ် ဖိအားပေး တိုက်ခိုက်နေခဲ့ကာ နောက်ဆုံးမှာ အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။ ချင်းတော်လှန်ရေးအင်အားစုတွေ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခြင်းဟာ နွေဦးတော်လှန်ရေးကာလ ၄ နှစ်ကျော်ရှိလာချိန်မှာ ချင်းပြည်နယ်တခုလုံး စစ်ကောင်စီ ကင်းစင်ရေးအတွက် အချိုးအကွေးတခု ဖြစ်လာခဲ့ပါပြီ။ ၂၀၂၅ ခုနှစ်မှာ ချင်းပြည်နယ်တခုလုံး စစ်ကောင်စီ ကင်းစင်ရေး ရည်မှန်းထားကြတဲ့ ချင်းတော်လှန်ရေး အင်အားစုတွေထဲက ဖလမ်းမြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဖလမ်းမြို့ သိမ်းစစ်ဆင်းရေးရဲ့ အောင်မြင်မှုနဲ့ ရှေ့ဆက်ဖော်ဆောင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ မေး – ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်အကျဉ်းကို အရင်ပြောပြပေးပါ။ ဖြေ – ဖလမ်းမြို့စစ်ဆင်ရေးက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်က…

Read More

(006SV) ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားတပ်ဦး – CNF က ထုတ်ပြန်သည်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြ သော ချင်းညီနောင်အဖွဲ့ဝင်များ၊ မဟာမိတ်တပ်ဖွဲ့များအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပါသည်ဟု ချင်းအမျိုးသား တပ်ဦး (CNF) က ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝ ရရှိရေးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများ အားလုံးကို ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းထားသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး ချင်းညီနောင်အဖွဲ့ ဝင်များ၊ AA ၏ စစ်ရေးအကြံဥာဏ်၊ ခဲယမ်းစစ်လက်နက်ပံ့ပိုးမှုနှင့်အတူ စစ်ကိုင်း၊ မကွေး စသည့် မြေပြန့်ဒေသက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး ၅ လအကြာ ဧပြီလ ၉ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ခန့်၊ ဟောင်ဝက်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Read More

(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်ကောင်စီက မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ (၉) ရက်ညသန်းခေါင်ယံမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တအိမ်ထဲနေ မိသားစုဝင် (၆) ဦးပွဲချင်းသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု သိရသည်။ ဆိုင်းဇန်ကျေးရွာ ဒေသခံအမျိုးသားတဦးက “ည (၁၁) နာရီလောက်မှာ ရွာထဲကိုဗုံးကြဲလိုက်တာ၊ မိသားစုတစုထဲ က (၆) ယောက်သေတာ။ အမျိုးသား၊အမျိုးသမီးရော၊ ကလေးရောပါတယ်။ တခြားဒဏ်ရာရတဲ့သူတွေလည်း ရှိ တယ်။ နေအိမ်တွေလဲပျက်စီးတယ်။ သူတို့က ပထမဦးဆုံးအကြိမ်ဗုံးကြဲတာဆိုတော့ ခြိမ်းခြောက်တဲ့သဘောဖြစ်မှာ အရပ်သားပြည်သူတွေကို ခြောက်လှန့်ပြီးတော့ တီးတိန်ကိုမတိုက်ဖို့ ဖိအားပေး လာနိုင်တဲ့လှည့်ကွက်နဲ့ လုပ်တာ ထင်တယ်” ဟု ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုတစ်စုထဲက Pa Pau Sian Kham ၊ Nu Cing Sen Don နှင့် သားသမီးများ ဖြစ်ကြသော Kham Ho Van ၊ Cing Sian Nuam ၊ Suan Deih Sian နှင့် Kim Deih Piang တို့ (၆)ဦး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။ ဆိုင်းဇန်ကျေးရွာသည် တီးတိန်မြို့ နှင့် (၇) မိုင်ခန့်ကွာဝေးပြီး ယခင်က ချင်းစော်ဘွားများနေခဲ့သည့် ရွာကြီးတစ်ရွာဖြစ်သည်။ ဆိုင်းဇန်ကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိနိုင်သည့်အတွက် ပြည်သူများနှင့် ဆက်သွယ်ရန် အခက် အခဲရှိပြီး စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်မှုပြုလုပ်မည်စိုးရိမ်သောကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးနှင့် ဓမ္မဆရာ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးကြောင်း မင်းတပ် ဒေသခံများက ပြောသည်။ ဧပြီလ ၉ ရက် ၈ နာရီ ၄၄ မီနစ်ခန့်တွင် တိုက်နယ် ၄၊ ဖွီကျေးရွာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြု၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ၉ နာရီထိုးခါးနီးတွင် ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “မနေ့ညက မင်းတပ်မြို့အနီး ဖွီကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲလို့ မိသားစု(၅) ယောက်စလုံးနဲ့ ဘာသာရေးဆရာတော်တပါး သေသွားတယ်။ အဲဒီက ရွာသားတွေထဲ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ် ကြားတယ်” ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။ သေဆုံးသူများတွင် မိသားစု တစ်စုမှ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးသွားပြီး ဓမ္မအမှုတော်ဆောင် ပါစတာဖြစ်သူ Se Thang လည်း သေဆုံးခဲ့ကြောင်း၊ ဒေသခံရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။ ယမန်နေ့ည ၁၂ နာရီခန့်ကလည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကျေးရွာကို တိုက်ပွဲများ…

Read More

(006SV) ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျှက်ရှိသော ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ပြီဟု ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ချင်းညီနောင်က ထုတ်ပြန်ကြေညာလိုက်သည်။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ဖလမ်းမြို့ မကျစေရေးအတွက် ခလရ – ၂၆၈ တပ်ရင်း အင်အားအပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခလရ – ၈၉ မှ စစ်ကူအင်အား ၁၀၀ ဝန်းကျင်နှင့် ၂၀၂၅ ခုနှစ် မတ်လတွင် တပ်မ ၇၇ လက်အောက်ခံ ခလရ – ၃၉၁ မှ စစ်ကူအင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကာ ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြင့်လည်း အပြင်းအထန် ခုခံခဲ့သော်လည်း ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်ပြီး ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ ချင်းညီနောင် စစ်ဆင်ရေး၏ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် နိုင်ငံတကာတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Anti- Fascist Internationalist Front (AIF) လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ ရခိုင်မှ အာရက္ခတပ်တော် (AA/ ULA) နှင့် စစ်ကိုင်း၊ မကွေး တို့က…

Read More