Author: Editor

ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေပြီး ယနေ့မှာလည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်ဟု သိရသည်။ ဖလမ်းမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်တပ်ဖွဲ့များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည်ဟု မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် အကြမ် ၂၀ ခန့်ဗုံးကြဲခဲ့သည့်အပြင် ယနေ့မှာလည်း တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၃ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယခုလက်ရှိတွင် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအနည်းကျဉ်းသာကျန်တော့ပြီး ၉၀ ရာခိုင်နှုန်းကျော်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေသည့်အတွက် မြေပြင်အခြေအနေကို အသေးစိတ် စုံစမ်းမေးမြန်း၍ မရသေးပေ။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင်၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ သိမ်းပိုက်နိုင်ရေးအတွက် Mission Jerusalem (MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။ အလားတူ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့မှာလည်း ချင်းညီနောင်က မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေပြီး နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ယနေ့ချိန်ထိ တိုက်ပွဲများပြင်းထန်နေသည်။ စစ်ကောင်စီဘက်က ထုံစံအတိုင်း လေကြောင်းတိုက်ခိုက်မှုလည်း အပြင်းအထန် ပြုလုပ်နေသည်ဟု သိရသည်။

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂ(Mizo Student Union) ဥက္ကဌ Samuel Zoram thanpuia သည် ငွေကြေးအလွဲသုံးစားမှု၊ ပြန်ပေးဆွဲမှု နှင့် ခြိမ်းခြောက်ငွေညှစ်မှုဖြင့် ယမန်နေ့က ဖမ်းဆီးခံရသည်ဟု သိရသည်။ Anti-corruption Bureau(ACB) ဟုခေါ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုက MSU ဥက္ကဌကို အဂတိလိုက် စားမှုဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက်၊ အိုင်ဇောလ်မြို့ရဲတပ်ဖွဲ့ကလည်း ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်၍ ငွေညှစ်မှုဖြင့် ထပ်မံဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာမှာဖော်ပြထားသည်။ Samuel Zoramthanpuia ကို ယမန်နေ့က အိုင်ဇောလ်ခရိုင်တရားရုံးကိုခေါ်သွားပြီးနောက် တရားရုံး၏အမိန့်အရ ဗဟိုထောင်ကိုပို့ဆောင်လိုက်ပြီး၊ တရားစွဲဆိုသည့်အမှုများမှာ အာမခံ၍မရသောအမှု(Non Bailable) ဖြစ်သည်ဟု ဆိုသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB) က မီဇိုးကျောင်းသားသမဂ္ဂဥက္ကဌကို ဖမ်းဆီးသည့်အကြောင်းရင်းမှာ ၂၀၂၂ ခုနှစ်တုန်းက “Project Mizoram (Covid-19 Relief Fund)” အမည်ဖြင့် ကျန်းမာရေးနှင့် မိသားစု လူမှုဖူလုံရေးဌာန(Health and Family Welfare) မှ လက်ခံရရှိသော ရူပီးငွေသိန်း ၅၀ သုံးစွဲမှုဖြစ်သည်ဟု သိရသည်။ နောက်တစ်ခုမှာ ချင်းပြည်နယ်အတွင်းရှိ ချင်းပြည်သူလူထုနှင့် နယ်စပ်ဒေသမှ စစ်ဘေးရှောင်များကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စပ်ဆေးရုံမှ Medical Equipment များဝယ်ယူရန်လက်ခံရရှိသောရူပီးငွေ ၁၅ သိန်းကျော်ကို ကြားခံဝယ်ယူပေးရာတွင် Sukarma Healthcare and Medical Devices အား ကျသင့်ငွေမပေးသည့်အတွက် Supplier မှ တရားစွဲသည့်အမှုနှင့်သက်ဆိုင်သည်ဟု သိရသည်။ အဆိုပါငွေကြေးများသုံးစွဲမှုနှင့်ပတ်သက်၍ အလွဲသုံးစားမှုရှိသည်ဟု…

Read More

(002MG)ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ပေါ် တလန်လိုရပ်ကွက်တွင် စစ်ကောင်စီ တပ်နှင့် ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား ယနေ့မနက် (၁၀) နာရီမှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု လက်ရှိ ဖလမ်း မြို့တွင်း နေထိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။ “အခုထိဖြစ်နေသေးတယ်၊ မနက် (၁၀) နာရီလောက်ကဖြစ်တာ (၃)နာရီလောက် ဖြစ်သွားပြီ။ လက်နက်ကြီး ပစ်ခတ်မှု ကများတယ်၊ လူငယ်တွေက စခန်းချတဲ့နေရာအထိ တပ်ဖက်ကသွားပြီးတော့ ထိတွေ့မှုဖြစ်တာ၊ အိမ်က နှစ်လုံးမီး လောင်တယ်၊ အိမ်ဆိုင်ဆိုတော့ ဓာတ်ဆီတွေလည်း ရောင်းတယ်ဆိုတော့ လောင်စေတတ်တဲ့ပစ္စည်း ကြောင့်လား၊ ပစ်ခတ်ရင်းနဲ့ လောင်တာလား မသိရသေးဘူး သွားလည်းမကြည့်နိုင်သေးဘူး” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာ တလန်လိုရပ်ကွက်က နေအိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်သတ်ရန် အိမ်ပြင်မထွက်ရဲကြသည့်အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ အကုန်မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ မီးလောင်သည့် အကြောင်းရင်းကိုမသိရသော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့်ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလကုန်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။ လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့တွင် ဒေသခံပြည်သူအများစုသည် ဖလမ်း မြို့အနီးအနား ကျေးရွာများ၊ ဟားခါး၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် စစ်ဘေး တိမ်းရှောင်နေကြရကာ ယခုလက်ရှိ ဖလမ်းမြို့မှာ လူဦးရ (၂၀၀) ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းပြည်ကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးနှင့် ဒုရဲအုပ် အပါအဝင် ၁၀ ဦးသေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အတွင်း ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းပြည်အစိုးရတပ်များက ဆက်လက်တိုက် ခိုက်လျက် ရှိရာ စစ်ကောင်စီမှ ဒုဗိုလ်မှူးကြီး ၁ ဦးနှင့် ဒုရဲအုပ် ၁ ဦးအပါအဝင် ၁၀ ဦး ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ဒရုန်း ၁ စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ “ထန်တလန်မြို့ထဲမှာ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေတာပေါ့နော်။ သူတို့ဘက်က ဒုဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် ၁၀ ဦးကျတယ်။ ဒုဗိုလ်မှူးကြီးကတော့ လက်ဖြောင့်မိတာပါ။ ကျနော်တို့ ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်ရှိတယ်” ဟု CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ထန်တလန်မြို့၊ ND ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ချင်းပူးပေါင်းတပ်၏ လက်ဖြောင့်သမားက ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၅ ရက်က ထန်တလန်မြို့တွင်းက အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီမှ ဒု-ရဲအုပ် ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ပထမပတ်တိုက်ပွဲအတွင်း ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ဒဏ်ရာ ရရှိသူ တချို့…

Read More

စစ်ကောင်စီက ၁၀ ဦးခန့် သေဆုံးပြီးနောက် ကင်းစခန်းတချို့ ပြန်ရုပ်သိမ်း (006SV) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကို စစ်ကူနှင့်ထောက်ပို့ပေးနေသည့် ရခိုင်- မကွေးနယ်စပ် အမ်း- ပဒါန်းလမ်းပိုင်းပေါ်က စစ်ကောင်စီ ကင်းစခန်း ၂ ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ACDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။ နိုဝင်ဘာလ ၅ ရက် မနက် ၁၁ နာရီခန့်တွင် ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း – ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပြိုက်နက် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။ “ဒီကင်းစခန်း ၂ ခုက အမ်း- ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူပေးတဲ့ ကင်းစခန်းတွေ ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေကို အဆင့်တစ်ခုချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်။ ဒီကင်းစခန်းတွေကို တိုက်ခိုက်လိုက်ခြင်းက အမ်း- ပဒါန်းလမ်းပိုင်း စိုးမိုးရေးကို စတင်အကောင်အထည်ဖော်လိုက်တာ ဖြစ်တယ်လို့ ပြောလို့ရတယ်” ဟု စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။ စီးနင်းတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့် ကြာမြှင့်ပြီး စစ်ကောင်စီ စစ်ကူများ ရောက်ရှိလာကာ နှစ်ဖက်ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ကူ တိုက်ခိုက်လာခြင်းတို့ကြောင့် ကင်စခန်းများကို အပြီးသတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ လက်ရှိတွင်…

Read More

(002MG)ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ (၉၀) ရာခိုင်နှုန်းခန့်မှာ မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်ဟု သိရသည်။ ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။ ယခုလက်ရှိ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသ ခံတစ်ဦးကပြောသည်။ “မြို့ထဲမှာ တော်တော်လေးနည်းသွားပြီးမရှိသလောက်ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်း တော့ထွက်သွားပြီ ၊အခြေအနေတွေက ဘာမှ ခန့်မှန်းလို့မရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အတွင်းအပြင်စိုးရိမ်နေရတယ်၊ အတွင်းက စစ်တပ်ဖက်က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူ ပစ်ခတ်တဲ့အခါကျတော့မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရတယ်လေ၊ မြို့ထဲမှာက ညအိပ်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘူးလေ။ စစ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူမှ မသိဘူးလေ စိုးရမ်နေရတာ” ဟု ဖလမ်းမြို့မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ ဖလမ်းမြို့မှာ ပြည်သူအနည်းစုမှာ နေအိမ်ကြည့်ရှုရန်အတွက်သာ ကျန်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော…

Read More

(002MG) ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများနေ့စဉ်နှင့်အမျှ ဈေးနှုန်း မြင့်တက်နေပြီး ဒေသခံပြည်သူများအထွေထွေကြပ်တည်းမှုနှင့်ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ကလေးမြို့ခံ ကုန်စိမ်းအရောင်းအဝယ်သူ အမျိုးသမီးတဦးက “ကုန်စိမ်းတွေက မဝင်တာမဟုတ်ဘူး၊ ဝင်တယ် တန်ဆာခက ဈေးတက်တာ အရင်က ကုန်စိမ်းအိတ်တအိတ်ဆိုရင် တန်ဆာခက ၁ သောင်းလောက်ပဲရှိတာ၊ အခုက နှစ်သောင်းကျော် ရှင်းရတာကိုး၊ ကျမတို့က တန်ဆာခနဲ့ အလုပ်သမားခတွေ တွက်ပြီးတော့ ပြန်ရောင်းရတာဆိုတော့ ဈေးတွေက ပိုမြင့်သွားပြီလေ။ အစစအရာရာ အတက်တွေကြီးပါပဲ။ ကုန်းစိမ်းတွေဝယ်ရင် ဒီနေ့ဈေးနဲ့ နောက်ရက်ယူတဲ့ ဈေးနှုန်းတွေတောင် မတူတော့ဘူးလေ ပစ္စည်းစုံအောင်လို့တာ ယူရောင်းနေရတာ ကုန်စိမ်းရောင်းရတာလည်း မလွယ်လာတော့ဘူး” ဟု ပြောသည်။ လက်ရှိ ကလေးမြို့တွင် အခြေခံစားကုန်များဖြစ်သည့် အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၂,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ်၊ ခရမ်းသီး တပိဿာ ၈၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ ရုန်းပတီးသီး တပိဿာ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး တပိဿာ ၇၀၀၀ ကျပ်၊ အမဲသား တပိဿာ ၂၈,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၃၂,၀၀၀ ကျပ်၊ ကြက်သား တပိဿာ ၃၀,၀၀၀ ကျပ်ရှိသည်ဟု သိရသည်။ ယင်းသို့ အခြေခံစားသုံးကုန်များ နေ့စဉ်နှင့်အမျှ မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရပြီး…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် Serchhip ခရိုင် ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၄ နာရီခန့်တွင် Sailiamkawn နေရာတွင် Pick-up ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ဖောက်ခွဲရေးတွင်အသုံးပြုသော Gelatin ၄၈ ထုတ်၊Detonator ၉၄ ထုတ် နှင့် Coils fuse ၅ ခု ကို ကားထဲမှ ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။ အဆိုပါပစ္စည်းများနှင့်အတူ ဒေသခံ ၂ ဦးကိုလည်းဖမ်းဆီးပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ ယင်း ပစ္စည်းများကို မြန်မာဘက်သို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။ Serchhip ခရိုင်ရဲတပ်ဖွဲ့က ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဖမ်းခံရသူနှစ်ဦးကို ယနေ့တွင် တရားရုံးသို့ခေါ်ဆောင်သွားမည်ဟုသိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။ “လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီး တနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားသကဲ့သို့ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။ အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၊ ထောက်ပို့ကင်းထောင် Y- 12…

Read More

(006SV) စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို လုံးဝ ငြင်းပယ်၍ ဆန့်ကျင်တိုက်ဖျက်နေပြီး စစ်ကောင်စီ နှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ လက်ထောက်အထွေထွေ အတွင်းရေးမှူး – ၂ ဆလိုင်းထက်နီက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ “ယနေ့ နိုင်ငံရေးပြသနာကို ကြည့်ရင် ဘုံသဘောထား ရပ်တည်ချက်ထဲက တစ်ခုကို တင်ပြလိုပါတယ်။ ယနေ့ နိုင်ငံရေး ပြသနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ ကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ရပ်တည်ရေးကို ခိုင်မာစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လှုပ်ရှား ဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ဆောင်မှု မှန်သမျှ ဆန့်ကျင်တိုက်ဖျက်နေတာ အားလုံးအသိဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ လတ်တလော မီဒီယာတချို့တွင် ချင်းအမျိုးသားတပ်ဦး CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နှင့် စဉ်းစားမည်ဟု ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ဆလိုင်းထက်နီက နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။…

Read More