(006SV) ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သားပြည်သူ ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရာမှာ ၃၀ နီးပါးမှာ ချင်းကလေးငယ်များဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းများအရ သိရသည်။ “ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ကြည့်တဲ့အခါမှာ စကစက စစ်ရေးပစ်မှတ်မဟုတ်ပဲနဲ့ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတာကိုပါ ကျနော်တို့က သက်သေတွေနဲ့တကွ ထုတ်ဖော်ချင်တာဖြစ်တယ်” ဟု CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သားပြည်သူ ၁၀၈ ဦးသေဆုံးပြီး ယင်းတို့အထဲ လသားအရွယ်ကလေးငယ်များအပါအဝင် ချင်းကလေးငယ်ပေါင်း ၂၉ ဦး ပါဝင်သည်ဟု CHRO က အောက်တိုဘာလ ၂၉ ရက်ညက ထုတ်ပြန်သည်။ ချင်းအရပ်သားပြည်သူ ၂၃၁ ဦးမှာ ခန္တာကိုယ်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးမှုအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ယင်းတို့အထဲ ၂၁ ဦးမှာ ကလေးငယ်များဖြစ်သည်ဟု သိရသည်။ “တချို့လူတွေက ခြေ၊ လက်အင်္ဂါပြတ်ပြီး အကူအညီမဲ့တဲ့ လူတွေ လည်း ရှိတယ်။ တချို့က မိဘမဲ့ကလေးတွေဖြစ်သွားကြတယ်။ သူတို့မှာ ဘဝကို ရုန်းကန်နေရတဲ့ အနေအထားပေါ့။ ဒီဟာက လူတဦးတယောက်ရဲ့ ဘဝကိုဖြစ်စေ၊ သူတို ရပ်တည်ရမှုကိုဖြစ်စေ၊ အများကြီး အခက်အခဲ ဖြစ်စေတယ်။ တချို့က ဆွေးမျိုးအသိုင်းအဝိုင်းက ကူညီစောင့်ရှောင်ပေးတာမျို့ရှိတယ်။ တချို့က လူသားစာနာထောက်ပံ့မှုနဲ့ ခရီးဆက်တဲ့ လူတွေလည်း ရှိတယ်။ အဓိကက သူတို့ရဲ့ လူမှုစီးပွားဘဝဟာ အများကြီး…
Author: Editor
(004SS) ချင်းကျန်းမာရေးအဖွဲ့-CHO က ချင်းပြည်နယ်တွင် ၃ နှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေး ငယ်အပါအဝင် လူနာပေါင်းတစ်သိန်းခွဲကျော်ကို ကျန်းမာရေးကြည့်ရှုကုသမှုပေးနိုင်သည်ဟု ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် Chin Health Organization ချင်းကျန်းမာရေးအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၃ နှစ်နီးပါးအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေးအပါအဝင် လူနာစုစုပေါင်း ၁၅၆,၇၃၈ ဦးအား ကျန်းမာရေး ကြည့်ရှုကုသစောင့်ရှောက်ပေးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ လက်ရှိချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆေးရုံ ၁၃ ရုံ၊ ဆေးခန်း ၁၀ ခုနှင့် ရွေ့လျားဆေးခန်း ၁၄ ခုပေါ်အခြေခံ၍ စုစုပေါင်းကျန်းမာရေးအင်အားစု ၅၀၀ ခန့်ဖြင့် ဆောင်ရွက်နေပြီး ချင်းပြည်နယ် လူဦးရေ ၃၄၆၉၃၇ နှင့် ကျေးရွာပေါင်း ၇၉၈ ရွာကို လွှမ်းခြုံနိုင်ခဲ့ပြီးဖြစ်သည်ဟု CHO ကဆိုသည်။ ကျန်းမာရေးဝန်ဆောင်မှုများတွင် မိခင်၊ကလေး၊ပျိုရွယ်သူနှင့်မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် အာဟာရစောင့်ရှောက်မှုများပါဝင်သော ပမာဏကျန်းမာရေးစောင့်ရှောက်မှု နှင့် ခွဲစိတ်ကုသရေးလုပ်ငန်းများ၊ ငှက်ဖျား၊ တီဘီ၊ အိပ်ချ်အိုင်ဗီနှင့် မသန်စွမ်းသူများကျန်းမာ ရေးလုပ်ငန်းများပါဝင်ကြောင်းသိရသည်။ အရေးပေါ်လူနာလွှဲပြောင်းကုသရာတွင် ၂၀၂၃ ခုနှစ်အထိ လူနာပေါင်း ၇၉၆ ဦးကိုပံ့ပိုးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် မိခင်နှင့် ကလေးစုစုပေါင်း ၃၀၀၀၀ ကျော်ကို အသက်အရွယ်အလိုက် ရရှိရမည့်ကာကွယ်ဆေး ၇ မျိုးကို ထိုးနှံခဲ့ပြီးဖြစ်သည်ဟုလည်းဆိုပါသည်။ ထို့အပြင် ပြည်တွင်းတွင်သာမကပဲ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်ပြည်သူများကိုလည်း ကျန်းမာစောင့်ရှောက်မှုများပေးနေပြီး…
(006SV) ချင်းညီနောင်အဖွဲ့ဟာ မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းလို့ “၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” ဆိုတဲ့ စစ်ရေးရည်မှန်းချက် ချမှတ်ပြီး မြို့နယ် ၆ မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ဒီနှစ် နှစ်လယ်ပိုင်းကတည်းက ကြေညာထားခဲ့ကြပါတယ်။ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNO/ CNDF အဖွဲ့ဟာ ဖလမ်မြို့နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ဆင်ရေးကို “Mission Jerusalem – မစ်ရှင်ဂျေရုစလင်” လို့ အမည်ပေးထားပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နိုင်ရေး ပြင်ဆင်ထားပြီလို့ သိရပါတယ်။ ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ CNDF ၊ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာသလို စစ်ကောင်စီဘက်ကလည်း ခလရ – ၂၆၈ တပ်ကုန်းမှာသာမက မြို့ပေါ်နေရာအများအပြားမှာ တပ်ဖွဲ့ဝင် ၂၀ ခန့်၊ ၃၀ ခန့်တွေနဲ့ တပ်ကို ဖြန့်ကျက်နေရာယူထားတယ်လို့ သိရပါတယ်။ မြို့ပေါ်က ထိတွေ့တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိလာနေသလို မြို့ပေါ်လူဦးရေရဲ့ သုံးပုံမှာ ၂ ပုံကျော်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်သွားကြပြီလို့ သိရပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့က စစ်ဘေးရှောင်ပြည်သူတွေရဲ့အခြေအနေ၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး မစ်ရှင်ဂျေရုစလင်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- ဖလမ်းမြို့ပေါ်က စစ်ရေးအခြေအတွေကြောင့် မြို့ပေါ်ပြည်သူတွေ စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။ အဲဒါ မြို့ပေါ်လူထု ဘယ်လောက် ရာခိုင်နှုန်းက ရှောင်ကြပြီးလဲခင်ဗျာ။ ဖြေ – စစ်ဘေးရှောင်နဲ့…
(004SS) Operation Rung အမည်ဖြင့်ဖော်ဆောင်သော ဟားခါးမြို့အနီး Kiamtlang စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိကြောင်း CDF-Hakha က ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အနီး ဟားခါး- ထန်တလန်လမ်းမရှိ Kiamtlang စစ်ကောင်စီတပ်စခန်းကို Chinland Defense Force – Hakha နှင့် Chin National Army တို့က ရုန်းစစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်၍ သိမ်းပိုက်ခဲ့ကြသည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကာ MA1 ၅ လက်၊ MA2 ၁ လက်၊ MA3 ၂ လက်၊ MA11 ၁ လက်၊ ကျည်ဘောက် ၄၂ခု၊ မိုင်းနှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Hakha ကထုတ်ပြန်သည်။ CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူ လူထုများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာလည်း ဟားခါးမြို့ပြင်ရှိ Rual U သင်ချိုင်းကုန်းတွင် တပ်စွဲထားသော…
|| စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာများရရှိ (006SV) မကွေး- ရခိုင်နယ်စပ်၊ ငဖဲမြို့နယ် အမ်း- ပဒါန်းလမ်းပိုင်းတွင် အမ်းမြို့ဘက် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာများရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်၊ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာလ ၂၈ ရက်က မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်း လမ်းပိုင်းတွင် အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီစစ်ကား ၂ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် အင်အား ၄၀ ခန့် ပါဝင်သည့် ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ် မင်းဘူးခရိုင်တပ်ရင်း – ၂ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။ “ပဒါန်းနဲ့ အမ်းဘက်ကို ရိက္ခာပို့ပြီးတော့ ပြန်လာတယ်။ အဲဒါကို သတင်းရလို့ ကျနော်တို့ မဟာမိတ် ၂ ဖွဲ့က ကင်းပုန်းစောင့်တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တာမှာ မျက်မြင်ကိုယ်တွေ့ သေတာတွေလည်းရှိတယ်။ ဒဏ်ရာအများအပြား ရတာတွေလည်းရှိတယ်” ဟု ACDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သတင်းအတိအကျ ရရှိထားသည့် စစ်ယာဉ်တန်းကို အမ်း- ပဒါန်းကားလမ်းမဘေးရှိ စပ်စီကျေးရွာအနီး ဝက်စာကျင်းလမ်းဆုံတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ACDF က အောက်တိုဘာလ ၃၀ ရက် ယနေ့ရက်စွဲဖြင့် လည်း ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြှင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ များပြားခဲ့သော်လည်း…
ရေး – သြသနီရယ်လ် တင်မ်ပို (၁) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသောလူမျိုးများနှင့်ပတ်သက်၍ လွဲမှားနားလည်မှု မကြာခဏ ဖြစ်ကြပါသည်။ တစ်ဖက်တွင်လည်း ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသူများသည် ရခိုင်လူမျိုးနှင့် ဘာသာစကားနှင့်ရိုးရာယဥ်ကျေးမှုတူညီဆက်စပ်နေကြောင်း ယူဆပြောဆိုနေကြခြင်း များရှိပါသည်။ ပလက်ဝမြို့နယ်ထဲသို့ ဗြိတိသျှတို့ဝင်ရောက်လာပြီး၊ ၎င်းတို့၏အုပ်ချုပ်မှုဆောင်ရွက် ချိန် အလယ်ပိုင်းကာလ (၁၈၄၁ မှ ၁၉၁၀ ထိ) နှစ်ပေါင်း ၇၀ အတွင်း ပလက်ဝမြို့နယ်ထဲ၌ မှီတင်း နေထိုင်ကြသည့်လူမျိုးများအကြောင်း ရေးသားတင်ပြလိုပါသည်။ (၂) ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ ရခိုင်နှင့်တနင်္သာရီသည် ဗြိတိသျှအုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ သည်။ သို့ရာတွင် ရခိုင်နှင့်ဆက်စပ်နေသော ချင်းနယ်ခြားဒေသ (Chin frontier) ကုလားတန်မြစ်ညာ ဘက်သို့ ၁၈၄၀ ပြည့်လွန်နှစ်များတွင်မှသာ စူးစမ်းလေ့လာမှုစတင်ပြုလုပ်ခဲ့ပါသည် (Pum Khan Pau 2018: 3)။ ၁၈၄၁-၄၂ ခုနှစ်အတွင်း Lt. Albert Fytche နှင့် Lt. Arthur Phayre တို့ ခူမီးတို့ထံ ကနဦး သွားရောက်စူးစမ်းလေ့လာမှုပြုလုပ်ခဲ့သည်။ ဗြိတိသျှတို့သည် ၁၈၂၆ ခုနှစ်တွင် စစ်တွေမြို့ကို တည် ထောင်ပြီး၊ စစ်တွေခရိုင်အုပ်ချုပ်မှုစတင်ပြီးနောက် ရခိုင်နှင့်ဆက်စပ်နေသော ကုလားတန်မြစ်ရိုးဒေသ ကို စစ်တွေခရိုင်မှ ကြီးကြပ်စီမံခဲ့ပါသည်။ ထို့နောက် နှစ်ပေါင်း ၅၀ အကြာ ၁၈၇၆ ခုနှစ်တွင် ပလက်ဝ မြို့ကိုတည်ထောင်ပြီး၊ နယ်ပိုင်အုပ်ချုပ်ရေးရုံးကို ဖွင့်လှစ်ထားရှိခဲ့သည် (Brown 1960: 10)။ ၁၈၈၀ ပြည့်နှစ်အထိ ဒေသတစ်ခုလုံး၏ဧရိယာ ၂၀% ခန့်…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များ ကူညီဆောင်ရွက်နိုင်ရေးအတွက် UNICEF ရုံးဖွင့်လှစ်နိုင်ပေးရန် မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena ကတောင်းဆိုသည်။ အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်မှာကျင်းပသော ချင်းနှစ်သစ်ကူးပွဲတော်မှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အချိန်မှာ လွှတ်တော်အမတ်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်သည် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရအဖွဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Erin Kimsey ကို သွားရောက်တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်အမြောက်အများ လာရောက်ခိုလုံသည့်ပြည်နယ်ဖြစ်ပြီး စစ်ဘေးရှောင်များထဲတွင် ကလေးငယ်အများအပြား ပါဝင်ကြောင်း၊ ထိုကလေးငယ်များသည် ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် နေရာထိုင်ခင်များလိုအပ်လျှက်ရှိသည်ဟု မီဇိုရမ်လွှတ်တော်အမတ်က တင်ပြခဲ့သည်။ ၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မီဇိုရမ်ပြည်အစိုးရအနေဖြင့် အခက်အခဲများစွာရှိနေသည့်အတွက် UNICEF ရုံးခန်းကို မီဇိုရမ်ပြည်နယ်တွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ Erin Kimsey ကလည်း မီဇိုရမ်ပြည်အထက်လွှတ်တော်အမတ်၏ တင်ပြတောင်းဆိုမှုအပေါ် အလေးအနက်ထားပြီး ကူညီဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲ တွင် Chin Association of Maryland ခေါင်းဆောင်များဖြစ်သည့် Pu Zo Tum Hmung နှင့်…
(004SS) ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ချင်းအမျိုးသားတက္ကသိုလ် (CNU) အကြိုကောလိပ်ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီး ဒီဇင်ဘာလ ၁၅ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ပြီဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ချင်းအမျိုးသားတက္ကသိုလ် (CNU) ၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူ၊ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ထောက်ခံစာများနှင့်အတူ moe.goc@chinlandcouncil.org သို့ ပူးတွဲလျှောက်ထားနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ သင်တန်းကာလမှာ ၈ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် လစဉ်ကျပ် ၅၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ် ဒီပလိုမာသင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီကျောင်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသောအခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်းလက်မှတ် (BECA, NUG) ရရှိထားသူများ၊ စစ်အာဏာမသိမ်းမီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဆက်မတက်တော့ဘဲ ရပ်နားထားသူများ၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင် မြင်ထားသူများ၊ General Education Development စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများ၊ International General Certificate of Secondary Education စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများနှင့် တိုင်းရင်းသားပညာရေးစနစ်မှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများသာ လျှောက်ထားနိုင်သည်ဟု ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
|| စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေ၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းမိ ချင်းပြည်နယ် ဟားခါးမြို့ အနီး Kiamtlang မှာ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေဆုံးကာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းမိထားသည်ဟု သိရသည်။ ဟားခါးမြို့အစွန် ဟားခါး-သီမြစ်ကြားတွင်ရှိသော Kiamtlang တွင် တပ်စွဲထားကြသော စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ထို့အပြင် သေနတ် ၉ လက်အပါအဝင် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု သိရသည်။
(002MG) ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက “စစ်တပ်ဖက်က စနှိုက်ပါပစ်တာ သူ့အိမ်မှာပဲထိတာ။ သူကတော့ ဆေးရုံမှာပဲဆုံးသွားတယ်၊ အဆုတ်ပွင့်ထွက်တယ် ဆေးရုံမှာပဲ ကျည်လည်းပြန်ထုတ်တယ်၊ စနှိုက်ပါကျည်ဖြစ်တယ်၊ အဲ့တာကြောင့် စနှိုက်ပါအနေနဲ့ တမင်တကာပစ်တဲ့ပုံစံပဲ လက်နက်ကြီးထိလို့ ကျည်မှန်လို့ဆိုတာက အများကြည့်ကောင်းအောင် ပြောတာလောက်ပဲရှိတာ” ဟုပြောသည်။ သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာ Van Cer Cin ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် မူလတန်းပြကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဟု သိရသည်။ ဖလမ်းမြို့တွင် အောက်တိုဘာလ ၂၅ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုလက်ရှိတွင် ဖလမ်းမြို့ခံအများစုမှာ မြို့ကိုစွန်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “တော်တော်လေးတိမ်းရှောင်ကြတယ်၊ ဖလမ်းမှာ လူနည်းသွားပြီ၊တတ်နိုင်တဲ့သူ တွေသွားကုန်ကြပြီ ခန့်မှန်းတာတော့ (၃) ပုံ (၁) ပုံလောက်ပဲရှိတော့မယ်၊ ဆိုင်တွေလည်း မဖွင့်တော့ဘူး၊ ခြောက်ကပ်နေတာပဲ အခုချိန်ဘာမှ မရှိတော့ဘူး။ ဒီနေ့တော့ မဘာမှမဖြစ်ဘူး ညနေပိုင်းတော့ဘယ် လိုနေမလဲ မသိနိုင်ဘူး” ဟု ဖလမ်းဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ခလရ – ၂၆၈ တပ်ကုန်းတွင်သာမက ဖလမ်းမြို့ထဲမှာ တပ်ဖွဲ့ဝင် ၂၀ / ၃၀ ခန့်ဖြင့်…
