Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

0
By Editor on November 25, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

“ပလက်ဝမှာ လက်ရှိက အေအေရဲ့ အုပ်ချုပ်ရေးယန္ဒရား လည်ပတ်နေတယ်၊ ပြီးရင် ပညာရေးစနစ်ကို လုပ်ဆောင်နေတာ ပေါ့နော်။ ဘယ်လိုမျိုးလုပ်မလဲဆို‌တာတော့ အတိအကျမသိဘူး၊ လာမဲ့နှစ် ၂၀၂၅၊ တစ်လပိုင်းဆိုလို့ရှိရင် စပြီးလုပ်တော့ မယ်ပေါ့နော်။ ဒီနှစ်ထဲမှာတော့ သူတို့ curriculum တွေ အကုန်လုံး ပြီးမယ်၊ ပုံနှိပ်တွေဘာတွေ အကုန်ရိုက်မယ်ဆိုတဲ့ဟာမျိုး ကိုတော့ သိရတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အာရက္ခပညာရေးစနစ်ဖော်ဆောင်ရန်အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း အငြိမ်းစားများအား လိုက်လံစည်းရုံးနေကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများသည် အာရက္ခတပ်တော်၏ ပညာရေးဖော်ဆောင်မည့်အစီစဉ်ကို လက်မခံကြသည့် အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာနေပြီဟု သိရသည်။

“အဓိက ရခိုင်စာပေ၊ ရခိုင်သမိုင်းတွေသင်မယ်။ ပြီးတော့ ရခိုင်စကားကို အကုန်လုံးတတ်ရမယ်၊ ရခိုင်စကားနဲ့ပဲ အကုန်လုံး လွှမ်းမိုးရမယ်ဆိုတဲ့ပညာရေးစနစ်ပေါ့နော်။ ဒါကြောင့်လဲပဲ ပြည်သူလူထုတွေက လက်မခံလို့ မီဇိုရမ်ဘက် ထွက်ပြေးလာကြတာပေါ့” ဟု ခူမီးချင်းလူငယ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် အလုံးစုံသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်တွင် အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.