(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသခံသောင်းဂဏန်းသည် စားနပ်ရိက္ခာများ မဖြည့်ဆည်းပေးနိုင်ပါက လာမည့် မိုးရာသီတွင် အငတ်ဘေး ကြုံတွေ့ရနိုင်ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ လက်ရှိနွေရာသီတွင် ပလက်ဝဒေသခံပြည်သူ သောင်းချီသည် စားနပ်ရိက္ခာများကို မျှဝေ၊ မျှစား၍ ရသေးသော်လည်း မိုးရာသီရောက်ချိန်တွင် ကုန်သလောက်ရှိလိမ့်မည်ဖြစ်ပြီး ရိက္ခာပြတ်လတ်မှုများကြောင့် စားဝတ်နေရေး အကြပ်အတည်းမှာ ပိုဆိုးဝါးသွားခြင်းဖြစ်ကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။ “ဧပြီ၊ မေလလောက်ဆိုရင်တော့ တချို့ စစ်ရှောင်တွေကတော့ ထမင်းတောင် စားဖို့ ဆန် မရှိလောက်တော့ဘူး။ ပလက်ဝမှာ ဆန်ကိုပဲ အဓိက စားတဲ့ လူမျိုုးတွေဆိုတော့ အခုတောင် တချို့ရွာတွေမှာ ဒီနေ့ချက်ဖို့တောင် ဆန်မရှိလို့ တောင်းစားရတယ်။ အတောင်းခံရတဲ့ လူတွေမှာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဖုန်းတွေ ဆက်လာကြတယ်” ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌက ပြောသည်။ ပလက်ဝမြိုု့နယ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာလုပ်ကိုင်ကြသော်လည်း ကောက်ရိတ်သိမ်းချိန်၊ ကောက်သစ်စတင် စားရသောအချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သောကြောင့် လာမည့် မိုးရာသီသည် ဒေသခံပြည်သူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက် ဒုက္ခပိုကြုံရနိုင်ကြောင်း သိရသည်။ ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ ၂ သောင်းမှ ၄ သောင်းကြားသည် စားဝတ်နေရေးခက်ခဲမှုများ ဆိုးဝါးစွာ ကြုံတွေ့ရနိုင်ပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိကိန်းဂဏန်းများမှာ တိကျသေချာသော စာရင်းများ မဟုတ်သော်လည်း ပလက်ဝဒေသခံများ…
Author: Editor
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက တအိမ်ဝင်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းကောက်ခံစစ်ဆေးမှုများ ပြုလုပ်နေပြီး ယင်းတွင် ပါဝင်သူများ၏ လုံခြုံရေး အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က သတိပေးလိုက်သည်။ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မြန်မာနိုင်ငံတဝန်းလုံးရှိ လူငယ်လူရွယ်များကို အတင်းဓမ္မ တပ်သားသစ် စုဆောင်းနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မူများ ကြုံတွေ့နေကြရပြီး မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များမှ တအိမ်၀င်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ခံစစ်ဆေးနေသည်ဟု CNC (Mindat) က ယနေ့ထုတ်ပြန်သည်။ စစ်ကောင်စီသည် မင်းတပ်မြို့ စံပြရပ်ကွက်ဖက်တွင် ယခုပတ်ထဲမှာ အိမ်ထောင်စုစာရင်းများကို ဌာနဆိုင်ရာအဖွဲ့ဝင်နှင့် လိုက်လံ ကောက်ခံနေသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “လူဦးရေ ဘယ်နှစ်ယောက်ရှိသလဲ၊ အသက်အရွယ် ဘယ်လောက်ရှိကြလဲ ဆိုပြီးကောက် ကြတာ။လုပ်ငန်းသဘောအရ အပေါ်တင်ပြဖို့အတွက် သဘောတရားအရ ကောက်ကြတယ် တရက်ထဲပဲ သွား လာကြတာ။အဲ့နောက် ဆက်ကောက် တာတော့မရှိတော့ဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်မှုထမ်းဉပဒေအား အသက်သွင်းရန် ကြိုးစားနေခြင်းကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) က လက်ခံမည်မဟုတ်ဘဲ ထိုကဲ့သို့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းရာတွင် ပါ၀င်ပတ်သက်ခဲ့မည်ဆိုပါကလည်း ထိုသူတစ်ဦးချင်းစီ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ကြိုတင်သတိပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီသည် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်စသည့်မြို့ကြီးများတွင်လည်း စစ်မှုထမ်းရန်လူဦးရေစာရင်း ကောက်ခံမှုများရှိနေပြီး တီးတိန်မြို့မှာတော့ စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း (၅) ဦးကို PDF Zoland တပ်ဖွဲ့က မတ်လ…
(006SV) ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒ ကနေဦးမူကြမ်းကို ပထမအကြိမ် ပညာရေးအလုပ်ရုံးဆွေးနွေးပွဲက ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ပထမဆုံးအကြိမ် ချင်းပြည် ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်သူများကိုယ်တိုင်က ဦးဆောင်ကျင်းပပြီးစီးခဲ့ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်က ထုတ်ပြန်သည်။ “ချင်းပြည်သမိုင်းတလျှောက်မှာ ကိုယ်ပိုင်ပြဌာန်းပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပညာရေးစနစ် မပေါ်ပေါက်ခဲ့ဖူးပဲ သူတပါး ရေးဆွဲ ပြဌာန်းပေးတဲ့ ပညာရေးစနစ်ကိုပဲ ကိုယ့်ချင်းပြည်နဲ့ လိုက်လျော ညီထွေမှု ရှိရှိ၊ မရှိရှိ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြရ ပါတယ်။ ကျနော်တို့ ဆရာဆရာမတွေ၊ ကလေးတွေ၊ လူငယ်တွေကို အစွမ်းရှိရင် ရှိသလောက် တော်ခွင့်ပေးနိုင်မယ့် ပညာရေး ဘတ်ဂျတ်မျိုး နောင်တချိန်မှာ ဖန်တီးပံ့ပိုးနိုင်ဖို့ တော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်။ အဆိပ်သင့်ပြီးသား ပညာရေးဝန်းကျင် မြေဆီလွှာကို စိုက်တိုင်း ဖြစ်ထွန်းနိုင်တဲ့ မြေဆီဩဇာဖြစ်အောင် လုပ်နိုင်ဖို့ ဒီတော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်” ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Salai Cross Thang က ပြောသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်၊ မြို့နယ်နှင့် ဒေသအသီးသီးက ပညာရေးဌာန ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပြီး ချင်းပြည်ပညာရေးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုမှု ရရှိခဲ့ကြောင်း ချင်းပြည် ပညာရေးဝန်ကြီးဌာနက…
(002MG) ချင်းပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် လူနေအိမ် (၁,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ မတ်လ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၊ ၂၊ ၃၊ ၄ တို့တွင်ရှိသော ကျေးရွာပေါင်း (၇၀) မှ စစ်ဘေးရှောင်စခန်းများအပါအ၀◌င် လူနေအိမ်များ အမိုးလန်၊ ပြိုကျ ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ပြုပြင်ရေးအတွက် အကူညီများလိုအပ်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းမျာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်သူ ကိုလောရင့်က ပြောသည်။ “မုန်တိုင်းကြောင့် စစ်ဘေးရှောင်နေအိမ်များ ပျက်စီးဆုံးရူံးမှုများတယ်၊အမိုးလန်တာ များတယ် ၉၀ ရာခိုင်နှုန်း၊ အခုက မမျှော်လင့်ပဲရောက်လာတယ် ပျက်စီးဆုံးရူံးမှုကမိုခါထက် ပိုများတယ်၊ သို့သော်လည်း အခုထိ တဖွဲ့မှလည်း အကူအညီ တစ်စုံတရာရောက်ရှိလာတာမရှိသေးပါဘူး။ တချို့ဆိုရင် အိမ်တွေလေထဲပါသွားတယ်၊ အမိုးလန်တယ်ဆိုတော့ သူများ အိမ်မှာသွားနေကြရတယ်၊ သွပ်တွေ၊ သံတွေဝယ်ရမယ်၊ မှာလိုက်ရင်လည်း ချက်ခြင်းရောက်တာ မဟုတ်ဘူး၊ ဘေးနားမှာ လည်းအသင့်ဝယ်လို့မရဘူး ပြန်မှာနေကြတုန်း အခုက ငွေကြေးထောက်ပံ့မူ၊ ပစ္စည်းတွေလိုအပ်နေဆဲဖြစ်တယ်” ဟု ကိုလောရင့်ကပြောသည်။ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) နှင့် အမှတ် (၄) တွင်ရှိသော စစ်ရှောင်နေအိမ်များပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအထိ မင်းတပ်မြို့နယ်တစ်ခုလုံးတွင် နေအိမ်ပေါင်း (၅၀၃) အိမ် ပျက်စီးခဲ့ရကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းအရ သိရသည်။ အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရအတွက် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ခံမှုရှိလာသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။ “ကလေးမြို့ရဲ့ အရှေ့ခြမ်းရပ်ကွက်တွေမှာ ကောက်တယ် လောလောဆယ်၊ စုပေါင်းရုံးနဲ့နီးတဲ့ရပ်ကွက်တွေ၊ သူတို့ လှုပ်လှုပ်ရှားရှားသွားလို့ရတဲ့ရပ်ကွက် မဂ်လာဉယျာဉ်နဲ့ နီးတဲ့ရပ်ကွက်တွေ ပျူစောထီးများတဲ့ရပ်ကွက်တွေမှာ တအိမ်တက်ဆင်းပြီး အိမ်ထောင်စုစာရင်းကောက်တယ်၊ တချို့ရပ်ကွက်တွေမှာကျတော့ စစ်မှုထမ်းဖို့အတွက် အရင် လူစာရင်း ထုတ်ပြန်လာတာတွေရှိတယ်လို့ကြားတယ်” ဟုကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ ကိုဗိုက်ပူက ပြောသည်။ ရက်ကွက်ပေါင်း ၂၀ ခုရှိသည့် ကလေးမြို့ပေါ်တွင် အောင်သစ္စာ၊ အောင်မဂ်လာ၊ ညောင်ပင်သာရပ်ကွက်တို့မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ Non CDM ၀န်ထမ်းများက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများကောက်ခံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များက လုံခြုံရေးယူပေးသည်ဟုသိရသည်။ ကလေးမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူဦးရေစာရင်းနှင့် ကိုယ်ရေးအချက်အလက်စာရင်း ဖြည့်သွင်းခြင်းမလုပ်ဘဲ စစ်မူထမ်းရန် လူဦးရေစာရင်းထုတ်ပြန်မှုများလည်းရှိနေကြောင်း သတင်းထွက်ပေါ်နေသည့် အတွက် မိဘပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု အောင်သစ္စာ ရပ်ကွက်က မိခင်တဦးက ပြောသည်။ “အခုလို ဘာမှမကောက်သေးပဲနဲ့ စစ်မူထမ်းဖို့လူဦးရေစာရင်းတွေ တခါထဲထုတ်လာတာ တွေရှိတယ်လို့ကြားတော့ ကျမတို့ရပ်ကွက်ဖက်မှာလည်းအဲ့လိုလုပ်လာမှာ စိုးရိမ်တယ်၊ ကလေးတွေကို နိုင်ငံခြား လွတ်ရမလား၊ တော်လှန်ရေးထဲ ဝင်ခိုင်းရမလား အမျိုးမျိုးတွေးနေရတာ” ဟု အဆိုပါမိခင်ကပြောသည်။ ယခုကဲ့သို့အခြေအနေကြောင့် ကလေးမြို့က လူငယ်များအကြား စိုးရိမ်မူမြင့်တက်လာကာ ပြည်မဘက်နှင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများလာသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များထံ ၀င်ရောက်သည့်လူငယ်လည်း ပိုပိုများလာနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မူမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့ က…
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့အနီး ဆဲဇန် (Sezang) ကျေးရွာတွင် လူနေအိမ် ၂ လုံး ယမန်နေ့က မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ မတ်လ ၂၆ ရက်ည ၁၀ နာရီ ခွဲဝန်းကျင်ခန့်မှ မနက် ၁ နာရီကျော်အထိ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံ မှသိရသည်။ မီးလောင်းမှုကြောင့် လူထိခိုက်သေဆုံးခြင်းမရှိသော်လည်း ပစ္စည်းတစ်စုံ တစ်ရာ ထုတ်ယူနိုင်ခြင်းမရှိဘဲ ပျဉ်ထောင်အိမ် ၂ လုံး အကုန်လောင် ကျွမ်းပြာကျခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အိမ်မီးလောင်တော့ သူတို့ ဘာမှ မထုတ်နိုင်ခဲ့ဘူး၊ သူတို့ကျတော့ အဝတ်တစ်ထည််ကိုယ်တစ်ခုနဲ့ ကိုယ်လွတ်ရုန်းနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ မီးလောင်သည့် နေအိမ်နှစ်လုံးမှာ ဦးထောင်ခန့်ခိုင်နှင့် ဦးဒမ်ဆွမ်းခိုင်တို့၏ နေအိမ်ဖြစ်ပြီး မီးလောင်ရခြင်းအ ေကြာင်းအရင်းအား မသိရသေးကြောင်း ဒေသခံများကေပြာသည်။ ဆဲဇန်ကျေးရွာသည် တီးတိန်မြို့မှ ၁ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးပြီး တီးတိန်- ကလေးလမ်းမေဘးတွင် တည်ရှိေသာ ကျေးရွာတစ်ရွာဖြစ်သည်။
(006SV) ချင်းပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် မင်းတပ်- ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ် – ဆောလမ်းပိုင်းကို ယနေ့မှစ၍ ပြည်သူများအနေဖြင့် ပြန်လည်အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။ “ဒေသခံတွေ ခက်ခဲလွန်လို့ အဲဒါကြောင့် ပြန်ဖွင့်ပေးတာပါ။ မကြာခင် လိုအပ်တာနဲ့ ပြန်ပိတ်ဖို့ ရှိပါတယ်။ စောစောစီးစီး ကြိုပိတ်ထားရင် ပြည်သူတွေက အများကြီးဒုက္ခရောက်မယ်ဆိုပြီးတော့ ပြန်ဖွင့်ပေးတဲ့ သဘောပါ။ စစ်ရေးအရှိန် မြှင့် လာတာနဲ့အမျှ ပြန်ပိတ်ဖို့တော့ ရှိမယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ စစ်ကောင်စီက လူ၊ လက်နက်ရိက္ခာဖြည့်တင်းရန် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်လာသဖြင့် တန်ပြန် စစ်ဆင်ရေး ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ရန်နှင့် စစ်ရေးလေ့ကျင်မှုများ ဆောင်ရွက်ရန် မင်းတပ်- ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ် – ဆော လမ်းပိုင်းများကို မတ်လ ၂၄ ရက်မှ စတင်၍ ပိတ်ထာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယနေ့ မတ်လ ၂၇ ရက်မှစတင်၍ ယင်းလမ်းပိုင်းများကို အများပြည်သူများ ပြန်လည်၍ အသုံးပြုနိုင်ပြီး ဖြစ်ကြောင်း မတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။ သို့သော် နှစ်ဖက် ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် အများပြည်သူများအနေဖြင့် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ကြရန် CDF- မင်းတပ်က သတိပေးထားသည်။ မတ်လ ၂၂ ရက်က ပခုက္ကူမြို့မှ ထွက်လာသည့် ကားအစီးရေ ၁၀၀ နီးပါးရှိသော စစ်ကောင်စီယာဉ်တန်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ယင်းစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ်နှင့် မကွေးတိုင်းယောဒေသသို့…
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် တောထဲနှင့် လူနေအိမ်များမှာပါ ကျင်းပခဲ့ရသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်စာမေးပွဲတွင် ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြောင်း ကန်ပက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သိရသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကောင်စီ၊ ကန်ပက်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့တွင် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ သူငယ်တန်း KG မှ ဧကာဒသမတန် (Grade 11) အထိ ကျောင်းသူ/သား ၆၀၀၀ ကျော် ပညာသင်ကြားခဲ့ကြကြောင်း ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။ “အောင်ချက်ကတော့ ရာနှုန်းပြည့်နီးပါးပါပဲ။ အမှန်တော့ အကျစနစ်က မထားရဘူးပေါ့လေ။ အရင်က ပညာရေးမူဝါဒဆိုရင်လည်း အားနည်းတဲ့ ကလေးတွေကိုကုစားရတဲ့အပိုင်းပဲ ရှိတယ်။ တကယ်လို့ အားနည်းတဲ့ ကလေးတွေကဆိုရင် မိဘတွေနဲ့ တိုင်ပင်ပြီးတော့ အသက်လည်း ငယ်သေးတယ်ဆိုရင် မိဘကလည်းသဘောတူရင် အဲဒီအတန်းကို ပြန်တက်ခိုင်းတာ ရှိပါတယ်” ဟု ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။ ပညာရေးဘုတ်အဖွဲ့လက်အောက်တွင် ကန်ပက်လက်မြို့နယ်အတွင်း ပညာရေးနယ်မြေ ငါးခုခွဲထားပြီး နယ်မြေ ၃ ခုက ကျောင်းသူ/ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေခဲ့ကြောင်း သိရသည်။ သို့သော် ကျင်ဒွေးမြို့အနီးက နယ်မြေ ၂ ခုတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်းရသောကြောင့် စာသင်ခုံများကို လုံခြုံသော တောတွင်းနေရာများသို့ ရွေ့ပြောင်း၍ ဖြေဆိုခဲ့ရကြောင်း၊ ကျောင်းသားနည်းသော ကျောင်းများတွင် အရပ်သားနေအိမ်များတွင် ဖြေဆိုခဲ့ရကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာမေးပွဲများကို ၂၀၂၃ ဒီဇင်ဘာလနှင့် ၂၀၂၄ ဇန်နဝါရီလတို့တွင် ကျင်းပခဲ့ပြီး စားမေးပွဲ အောင်စာရင်းများကို မတ်လ ၁၅…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို့က စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။ “ကျွန်မတို ဒီ project လေးကို မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် တောခိုလာကြတဲ့ ရဲဘော်အသစ်လေးတွေတွက် လက်နက်တပ်ဆင်ဖို့ လိုအပ်လို ကျွန်မတို CDF -Asho အနေနဲ့ လုပ်ရတာဖြစ်ပါတယ်”ဟု CDF – Asho မှ တာဝန်ရှိသူက ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်နေကြသည့် ရဲဘော်တချို့ကိုလည်း လက်နက်တပ်ဆင်ပေးနိုင်ခဲ့ခြင်းမရှိသကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်အသစ်များအတွက်လည်း လက်နက်တပ်ဆင်ပေးနိုင်ရန် ထပ်မံလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် မောင်းပြန်တပ်ဆင်ပေးနိုင်ရန် “နွေဦးကမ်းလက်’’ ပရောဂျက်ကို မတ်လ ၂၅ ရက်မှ ဧပြီလ ၂၅ ရက်အထိ တစ်လတာ အစီအစဉ်အနေဖြင့် အကောင်အထည်ဖော်နေသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးပါရန် လိုအပ်နေကြောင်း သိရသည်။ မောင်းပြန်တစ်လက်ကို သိန်း ၁၅၀ ခန့် ရှိနေပြီး လက်ရှိ “နွေဦးကမ်းလက်” ပရောဂျက်တွင် အနည်းဆုံး တစ်လက်မျှ ပိုင်ဆိုင်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း၊ ရဲဘော်များကို လက်နက်ခဲယမ်းများ ပိုမိုတပ်ဆင်နိုင်ရန်အတွက် ဘဏ္ဍာငွေများ လိုအပ်နေကြောင်း CDF- Asho မှ တာဝန်ရှိသူက ပြောသည်။ CDF – Asho တပ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်အထိ တူမီးသေနတ်ဖြင့်သာ အဓိက တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်များ…
ချင်းပြည်နယ်၊ ဟားခါးမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်ရဲတစ်ဦးအား CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၂၄ ရက်နေ့တွင် CDF- Hakha ဖမ်းဆီးခဲ့သည့်ရဲမှာ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦးဟု သိရပြီး ၎င်းအား စစ်ဆေးမေးမြန်းရာတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုအခြေအနေ၊ နေပုံထိုင်ပုံများ၊ လိုအပ်သည့် သတင်းအချက်အလက်များရရှိနိုင်ခဲ့ကြောင်း CDF- Hakha ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦး ဆိုသူမှာ စစ်ကောင်စီအာဏာသိမ်းခါစအချိန်တွင် ဆန္ဒထုတ်ဖော်ကြသူများအား ထောက်လှန်းကာ ဆန္ဒပြသူများအား မိုင်းဖြင့် ဖောက်ခွဲပစ်မည်ဟုဆိုကာ ပြည်သူများအား အမြဲချိန်းခြောက်ခဲ့သူဟု သိရသည်။ ယခုလအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ပြည်သူထံ အလင်းဝင်ရောက်လာကြသလို CDF-Hakh မှ ဖမ်းဆီးလျက်ရှိနေသည်။ ပြည်သူများအပေါ် မတရားအာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါများအား ဖမ်းဆီးခြင်းနှင့်ပါတ်သက်၍ “ ကျွန်တော်တို့ ရန်သူမှန်သမျှကိုတော့ လုပ်နိုင်သမျှလုပ်ဖို့ပါပဲ။ နောက်ပြီး ဟားခါးမြို့ေပါ်မှာဆို ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ရန်သူရှိတဲ့နေရာတွေကိုလဲ တခုပြီးတခု လုပ်သွားဖို့ရှိပါတယ်” ဟု CDF-Hakah မှ တာဝန်ရှိသူတစ်ဦးက ခိုနူမ်းစုန်ကို ပြောခဲ့ပြီး ဖြစ်သည်။ မတ်လ ၁၀ ရက်နေ့တွင်လည်း ပြည်နယ် နတလရုံးတွင် လုံခြုံရေးယူေနသော စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်အပါအဝင် ရဲ ၅ ဦးအား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် အဝတ်ဖြင့် ဟားခါးမြို့ထဲ သွားလာနေသော…