Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သား ၁၀၀ ကျော်သေဆုံး၊ ၃၀ နီးပါးမှာ ကလေးငယ်များဟု CHRO ထုတ်ပြန်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သား ၁၀၀ ကျော်သေဆုံး၊ ၃၀ နီးပါးမှာ ကလေးငယ်များဟု CHRO ထုတ်ပြန်

0
By Editor on October 30, 2024 Khonumthung

(006SV)

ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သားပြည်သူ ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရာမှာ ၃၀ နီးပါးမှာ ချင်းကလေးငယ်များဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းများအရ သိရသည်။

“ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ကြည့်တဲ့အခါမှာ စကစက စစ်ရေးပစ်မှတ်မဟုတ်ပဲနဲ့ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတာကိုပါ ကျနော်တို့က သက်သေတွေနဲ့တကွ ထုတ်ဖော်ချင်တာဖြစ်တယ်” ဟု CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သားပြည်သူ ၁၀၈ ဦးသေဆုံးပြီး ယင်းတို့အထဲ လသားအရွယ်ကလေးငယ်များအပါအဝင် ချင်းကလေးငယ်ပေါင်း ၂၉ ဦး ပါဝင်သည်ဟု CHRO က အောက်တိုဘာလ ၂၉ ရက်ညက ထုတ်ပြန်သည်။

ချင်းအရပ်သားပြည်သူ ၂၃၁ ဦးမှာ ခန္တာကိုယ်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးမှုအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ယင်းတို့အထဲ ၂၁ ဦးမှာ ကလေးငယ်များဖြစ်သည်ဟု သိရသည်။

“တချို့လူတွေက ခြေ၊ လက်အင်္ဂါပြတ်ပြီး အကူအညီမဲ့တဲ့ လူတွေ လည်း ရှိတယ်။ တချို့က မိဘမဲ့ကလေးတွေဖြစ်သွားကြတယ်။ သူတို့မှာ ဘဝကို ရုန်းကန်နေရတဲ့ အနေအထားပေါ့။ ဒီဟာက လူတဦးတယောက်ရဲ့ ဘဝကိုဖြစ်စေ၊ သူတို ရပ်တည်ရမှုကိုဖြစ်စေ၊ အများကြီး အခက်အခဲ ဖြစ်စေတယ်။ တချို့က ဆွေးမျိုးအသိုင်းအဝိုင်းက ကူညီစောင့်ရှောင်ပေးတာမျို့ရှိတယ်။ တချို့က လူသားစာနာထောက်ပံ့မှုနဲ့ ခရီးဆက်တဲ့ လူတွေလည်း ရှိတယ်။ အဓိကက သူတို့ရဲ့ လူမှုစီးပွားဘဝဟာ အများကြီး အားလုံးက အခက်အခဲကြုံနေရတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တဝန်းမှာ အဆောက်အအုံပေါင်း ၄၇၀ သည် လုံးဝထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည် ၃ နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၁၅ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံးကြဲချမှုပေါင်း ၁၂၃၉ လုံးထက် မနည်း အသုံးပြုခဲ့ကြောင်း၊ ယင်းကြောင့် စာသင်ကျောင်းဆောင် ၂၂ လုံး၊ ကျန်းမာရေးအဆောက်အုံ ၆ လုံး၊ ခရစ်ယာန်ဘာသာ ရေးအဆောက်အအုံ ၂၁ လုံးနှင့် ဗုဒ္ဓဘာသာဘုရားကျောင်း ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ရေး ပစ်မှတ်များကိုသာမက ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းများကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သောကြောင့် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ဖူးသော ကလေးငယ်တချို့မှာ ကျောင်းမသွားရဲသည့် စိတ်ဒဏ်ရာများ ရရှိနေကြောင်း ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ရရှိထားသော သက်သေအထောက်အထား များဖြင့် နိုင်ငံတကာအစိုးရများက စစ်ကောင်စီကို ပိုဖိအားပေးရန်၊ စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုကို ပိတ်ပင်ရန် တောင်းဆိုသွား မည်ဟု သိရသည်။

ယင်းစစ်ရာဇဝတ်မှု ကျူးလွန်ထားခြင်းကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေလမ်းကြောင်း အရ အပြစ်ပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်လုပ်ဆောာင်သွားမည်ဟု CHRO ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ကျူးလွန်မှုကြောင့် ချင်းအရပ်သားပြည်သူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းပြည်သူ တစ်သိန်းနှစ်သောင်းခန့်သည် ချင်းပြည်နယ်အတွင်း၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်စသည့် ဒေသပေါင်းစုံတွင် စစ်ဘေးရှောင်နေရပြီး ချင်းပြည်သူ တစ်သိန်းကျော်သည် အိန္ဒိယ၊ မလေးရှား စသည့် ပြည်ပနိုင်ငံများတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.