Author: Editor

(002MG) စစ်ကောင်စီက ကလေး-တမူး ကားလမ်းပိုင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ကကတည်းက ပိတ်ထားသည့်အတွက် ခရီးသွားပြည်သူများနှင့် ဒေသခံများ အခက်ကြုံနေကြရသည်ဟု သိရသည်။ “စစ်တပ်ဖက်က ကလေးကနေ တမူးအထိကို ပိတ်တာ ကလေး မြို့ကနေ လက်ပံချောင်းဖက် ရာဇဂြိုလ်ကို သူတို့ (စကစ) အမြောက်လက်နက်ကြီးနဲ့ ပစ်တာနဲ့ ဖြစ်တာ လေးရက်လောက်ရှိပြီ၊အာ့ကြောင့် ဘယ်သူမှ မသွားရဲကြဘူး၊ ကျွန်တော် တို့ ရွာက ကလေးမြို့မှာ ဆေးခန်းသွားတဲ့သူတွေ (၁၀) ယောက်ကျော်တယ် အခုသူတို့လည်း အားလုံးပိတ်မိနေတာ” ဟု တမူးမြို့နယ်အတွင်းရှိ ဘုက္ကန်ကျေးရွာဒေသခံတစ်ဦးကပြောသည်။ပုံမှန်လမ်းကြောင်းဖြစ်သော ကလေး-တမူး ဆက်သွယ်သည့် အာရှလမ်းမကြီးသည် လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားသည့်အတွက် ကလေး-လက်ပံချောင်းလမ်းကတဆင့် ရာဇဂြိုဟ်မှ ခါမ်းပါတ်-တမူးမြို့သို့ ကွင်းလမ်းဖြင့် သွားလာကြရသည်။ သို့သော်လည်း ယခုအခါ ထိုကွင်းလမ်းမှာလည်း ကလေးမြို့အထွက် ဆည်ကြီးရွာမှာတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် အခက်ကြုံနေကြခြင်းဖြစ်သည်။ ယနေ့ စက်တင်ဘာလ (၂၃) ရက်နေ့တွင်မူ ဆည်ကြီးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အရေးပေါ် ကျန်းမာ ရေးကုသရန်လိုအပ်သည့် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦး ကပြောသည်။“ဒီနေ့ကတော့ နည်းနည်း အရေးကြီးပိုင်း၊ လူနာတွေကို ဆည်ကြီးဂိတ်မှာ ပြောပြီးတော့ လွတ်ကြတယ်၊ ဆည်ကြီးတံတားကို ခြေလျင်နဲ့ဖြတ်ပြီးတော့မှ သွားရတယ်။ အများပြည်သူအတွက်တော့ မဟုတ်သေးဘူး” ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦးက ပြောသည်။လက်ရှိတွင် ကလေး-တမူးကားလမ်းပိုင်း ပိတ်ထားပြီး ကားလိုင်းများပြေးဆွဲခြင်းမရှိသေးသောကြောင့် အရေးပေါ် ကျန်းမာရေးအတွက် မဖြစ်မနေသွားရသည့် ပြည်သူများသည် ဆိုက်တွဲ၊ ဆိုင်ကယ် ကယ်ရီဖြင့် ကလေးမြို့မှတဆင့် ဘုက္ကန်ကျေးရွာအထိ လူတစ်ဦးလျင်…

Read More

(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ်က မြန်မာစစ်ဘေးရှောင် ၂၀၅ ယောက်သည် ခေါဇောလ်ခရိုင်ထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာစစ်ဘေးရှောင် ၃၃၉၆၁ ဦးရှိသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ ခေါဇောလ်ခရိုင်ထဲသို့ ယခုဝင်ရောက်လာကြသော မြန်မာစစ်ဘေးရှောင်များမှာ မြန်မာနိုင်ငံဘယ်ဒေသမှ ဝင်ရောက်လာသူများဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များသည် ဒေသတွင်းရှိ ခရိုင် ၁၁ ခုမှာ ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။ ခရိုင် ၁၁ ခုအနက် ခရိုင် ၇ ခုမှာ စစ်ဘေးရှောင်စခန်းများရှိသော်လည်း ကျန် ခရိုင် ၄ ခုမှာတော့ စစ်ဘေးရှောင်စခန်းများမရှိဘဲ ဆွေးမျိုးများထံနှင့် အိမ်ငှါးအဖြစ် နေထိုင်ကြသည်ဟု သိရသည်။ မြန်မာစစ်ဘေးရှောင်များအနက် ၁၀၂၂၈ ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး ၁၀၈၅၆ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၁၂၈၇၇ ဦးမှာ ၁၈ နှစ်မပြည့်သေးသော ကလေးငယ်များကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ စစ်ဘေးရှောင်များအနက် ၁၆၉၆၉ ဦးမှာ ခရိုင် ၇ ခုထဲက စစ်ဘေးရှောင်စခန်း ၁၂၉ ခုမှာနေထိုင်ကြပြီး၊ ၁၆၉၉၂ ဦးမှာ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများထံနှင့် အိမ်ငှါးဖြင့်လည်းကောင်း နေထိုင်ကြသည်ဟုဆိုသည်။ တချို့မှာ ဆွေမျိုးများ၏ တောင်ယာ၊ ခြံ စသည့်နေရာများတွင် ခြံစောင့်အဖြစ်နေထိုင်ကြရသည်ဟု…

Read More

(004SS) အမျိုးသားညီညွတ်ရေးအစိုးရ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းအိုက်ဇက်ခင်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းအမှုအတွက် အယူခံခွင့်ရရှိ‌ရေး ပြန်လည်စိစစ်ပေးရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီက ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ၏ နာယကတစ်ဦးလည်းဖြစ်သည့် ဒေါက်တာဆလိုင်း အိုက် ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့သည့်အတွက် ဩဂုတ်လ ၁ ရက်နေ့ တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမှုခြင်းဆိုင်ရာမူဝါဒ ဗဟိုကော်မတီ၏ သုံသပ် ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရသူ၏ အယူခံခွင့်၊ ခံစားခွင့်မရှိသည်ကို တွေ့ရှိရသည့်အတွက် IKACC အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတထံ စက်တင်ဘာ ၁၀ ရက်နေ့တွင် အယူခံခွင်တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြား ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျွန်တော်တို့ထုတ်ပြန်တာဟာ NUG ကိုတိုက်ခိုက်တာမျိုး ဝေဖန်ရှုတ်ချတာမျိုးတော့မဟုတ်ဘူး။ ဆလိုင်းအိုက်ဇက်ခင်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့ရဲ့ အယူခံခွင့်တော့ ရှိရမှာပေါ့နော်။ အယူခံခွင့်မရတဲ့အပြင် အလုပ်ကနေ ထုတ်ပယ် လိုက်တာပေါ့နော်။ အလုပ်ထုတ်ရင်တောင်မှ သူ့ရဲ့ အယူခံခွင့်ကိုတော့ ကောင်းကောင်းမွန်မွန် လေ့လာစိ‌စစ်ပေးပြီးမှ ပုဂ္ဂိုလ် ရေးပိုင်းကိုမကြည့်ဘဲနဲ့ပေါ့နော် လုပ်ထုံးလုပ်နည်းအတိုင်းကို NUG ဘက်ကနေလဲ အမှုကို အကောင်းဆုံးနဲ့ အမှန်ဆုံး ပေါ်ပေါက်လာနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးဖို့ကိုပဲ ပြောချင်ပါတယ်”…

Read More

(006SV) မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ ကူးစက်ရောဂါ ဖြစ်ပွားပြီး ရုတ်တရက်သေဆုံးမှုများ အဖြစ်များနေကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ စုံစမ်းသိရှိရသည်။ “အခုက နီးစပ်ရာ တိုက်နယ် အမှတ် ၁ နဲ့ ၂ က ကျေးရွာတချို့မှာ ဖြစ်နေတာ ရှိတယ်။ ၄ရွာ၊ ၅ ရွာလောက်မှာ ဖြစ်နေပြီ။ ဒီထက်လည်း ပိုများနိုင်တယ်။ ဒီဟာက သတင်းရတဲ့ နေရာတွေလောက်ပဲ သွားနေတာ။ အနည်းဆုံး ၁၀ ရွာလောက်မှာ‌ ဖြစ်ရင် ဖြစ်နေမှာ။ ဆက်သွယ်လို့ မရတဲ့ ရွာတွေ အများကြီးမှာလည်း ဖြစ်ရင် ဖြစ်မှာ။ ကျနော်တို့ လက်လှမ်း မမှီသေးတာပေါ့” ဟု မင်းတပ်မြို့ပအဖမှ မွေးမြူးရေးနှင့် ကုသရေးဌာန တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၁ နှင့်၂ မှ ကျေးရွာတချို့တွင် ဩဂုတ်လဆန်းပိုင်းကလည်းက ကြက်၊ ဘဲသေဆုံးများ ဖြစ်ပွားနေခဲ့ပြီး ထင်းရှားသည့် မျက်မြင်ရောဂါ လက္ခဏာများ ပြသခြင်း မရှိခြင်းကြောင့် သတိမပြုခဲ့ကြကြောင်း သိရသည်။ လက်ရှိ ၁ လကျော်ခန့်မှာ ကျေးရွာများတွင် ကြက်ဘဲများသည် အစာစာရင်း၊ ဆော့ကစားရင်း၊ အိပ်တန်းတက်ရင်း ရုတ်တရုက် သေဆုံးမှု တိုးလာခြင်း၊ ဒေသခံများ ပိုမိုဆက်သွယ်သတင်းပို့လာခြင်းကြောင့် ခွဲစိတ်ကြည့်ရာမှ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ ကြက်ဘဲခြံတစ်ခြံ သို့မဟုတ် အုပ်စုတစ်အုပ်တွင် ကြက်နှင့် ဘဲတစ်ကောင် ကူးစက်ခြင်း ခံရပါက မည်သည့်ရောဂါလက္ခဏာမှ…

Read More

(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ မြစ်ချောင်းများအတွင်း ငါးမျိုးများ ငါးသားပေါက်ကာလတွင် ငါးဖမ်းခြင်း မပြုလုပ်ရန် တားမြစ်ပြီး ကျူးလွန်သူများကို ကျပ်တစ်သိန်းထက် မနည်းသော ပြစ်ဒဏ်အပါအဝင် တည်ဆဲ ဥပဒေများဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ငါးရစ်တက်ကာလအတွင်း ငါးရစ်တက် ငါးများကို နည်းလမ်းအမျိုးမျိုးဖြင့် သိမ်းကျုံးခြင်းနှင့် ဖမ်းယူခြင်း လုံး မပြုလုပ်ရန်နှင့် ငါးမျိုးများ သားပေါက်ကာလဖြစ်သောကြောင့် စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြစ်၊ ချောင်းအသီးသီးမှာ ငါးဖမ်းခြင်း တားမြစ်ပိတ်ပင်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ တားမြစ်ချက်အား ကျူးလွန်သူများကို ကျပ်တစ်သိန်းထက်မနည်း၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ အခြား တည်ဆဲဥပဒေပါ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ပေါင်း၍ဖြစ်စေ ကျူးလွန်သူ တစ်ဦးချင်းဖြင့် အရေးယူခံစေရမည်ဟု သိရသည်။ လောက်တူနယ်ဒေသထဲက ရပ်ကွက်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အားလုံးကိုလည်း လက်ရှိ တားမြစ်ချက်ကို ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ဇူလိုင် ၂၃ ရက်က ကျင်းပပြုလုပ်သည့် ZZLMS အစည်းအဝေး ဆုံးဖြတ်ချက်အရ နှင့် စက်တင်ဘာလ ၁၄ ရက် ပြုလုပ်သော ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ နှင့် ရပ်ရွာပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆေင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့နယ်အတွင်းက မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းများ ရှာဖွေခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း လုံးဝ ခွင့်မပြုကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ ဖြစ်စေ၊ စီမံခန့်ခွဲရေး နည်းအရ…

Read More

(005MK) Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။ နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။ ယနေ့တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ နေ့လည် ၁၂ ရာက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ကီလိုမီတာ ၃၀ ပြီးစီးပြီဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah ကပြောဆိုသည်။ အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုသည့်အကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောဆိုကြောင်း အိန္ဒိယသတင်းတွေကဖော်ပြသည်။ အိန္ဒိယအစိုးရအဖွဲ့ လုံခြုံရေးကော်မတီကလည်း အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ကာ လမ်းမကြီး များတည်ဆောက်ရန်မူအားဖြင့် သဘောတူထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ အိန္ဒိယအရှေ့မြောက်ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလဲန်း နှင့် အာရွန်းနာချာလ်ပရာဒေရှ့် ပြည်နယ်များ သည် မြန်မာနှင့်ထိစပ်နေသည်။ ယင်းပြည်နယ် ၄ ခုအနက် မီဇိုရမ်ပြည်နယ် နှင့် နာဂလဲန်းပြည်နယ်တို့က နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ထားကြသည်။ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်လွှတ်ထဲမှာလည်း ကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။ နယ်စပ်ခြုံစည်းရိုးခတ်မှုမစတင်ခင်မှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ အထောက်အထားမလိုဘဲ လွတ်လပ်စွာသွားလာခွင့် FMR ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

Read More

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ စပါးစိုက်ခင်း ဧက ၄၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည်ဟု သိရသည်။ မင်းပြားမြို့နယ်ထဲက ဒိုင်းသားကျေးရွာ၊ ခွဆုံကျေးရွာ၊ ထိန်ပင်-ပေါက်တောကျေးရွာ၊ ငတာကျေးရွာနှင့် ချောင်းတို ကျေးရွာ စသည့် ကျေးရွာ ၅ ရွာသည် ဩဂုတ်လနှင့် စက်တင်ဘာလမှာ နှစ်ကြိမ်ရေကြီးမှုဒဏ်ခံခဲ့ရသည်ဟု သိရသည်။ လေးမြို့မြစ်ရေ နှင့် ပန်းမြောင်းကြီးချောင်းတို့ရေကြီးမှုကြောင့် ဩဂုတ်လ ၁ ရက်မှ ၉ ရက်နေ့အထိတစ်ကြိမ် စက်တင် ဘာလ ၉ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ရေကြီးမှုဒဏ် နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။ ထိုရေကြီးမှုကြောင့် ဒိုင်းသားကျေးရွာမှာ စပါးစိုက်ခင်း ၂၃ ဧက၊ ခွဆုံကျေးရွာတွင် ဧက ၂၀၀ ကျော်၊ ထိန်ပင်-ပေါက်တောကျေးရွာတွင် ဧက ၂၀ ကျော်၊ ငတာကျေးရွာတွင် ဧက ၂၀ နှင့် ချောင်းတိုကျေးရွာက စပါးစိုက်ခင်း တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ယင်းဒေသမှာ နေထိုင်သူတစ်ဦးကပြောသည်။ ပျက်စီးသွားသော စပါးစိုက်ခင်များကို အောက်တိုဘာလမကုန်ခင်အထိ မြေဩဇာများပြန်ကြဲနိုင်မည်ဆိုပါက ပြန်လည် ကောင်းလာနိုင်သော်လည်း အချိန်မှီလုပ်ဆောင်ခြင်းမရှိပါက စိုက်ခင်းများအားလုံးပျက်စီးသွားနိုင်သည်ဟု ဆိုသည်။ မြေဩဇာတစ်အိပ်မှာ ကျပ်ငွေ ၅ သိန်းခန့်ရှိနေသည့်အတွက် ရေဘေးသင့်ခဲ့ရသော ဒေသခံချင်းပြည်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရန်ပင်အခက်အခဲဖြစ်နေကြပြီး အကူအညီအရေးတကြီးလိုအပ်နေကြသည်ဟု သိရသည်။ စပါးစိုက်ခင်းများ အချိန်မှီပြန်လည်ပျိုးထောင်နိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားဝတ်နေရေးပို၍ ကြပ်တည်းလာနိုင်သည်ဟုသိရသည်။

Read More

(006SV) စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင် ချင်းကလေးငယ် ၇၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO ထံမှ သိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြုပ်မိုင်းများ အပါအဝင် တခြားသော ပုံစံဖြင့် ကျူးလွန်မှု များကြောင့် ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် နိုင်ငံတဝန်းတွင် အသက် ၁၈ နှစ်အောက် ချင်းကလေးငယ် အနည်းဆုံး ၇၃ ဦးတို့ သတ်ဖြတ်ခံရမှုကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။ “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းကလေးတွေ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ တွေ့ရတာပေါ့နော်။ ဥပမာ မတူပီမှာဆိုရင် ပထမဆုံး ပြောလို့ရတယ်။ အသက် ၁၃ အရွယ် တစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ တွေ့ရတယ်။ နင်းမိုင်းကြောင့် သေဆုံးမှု ကလေး ရယ်၊ လက်နက်ကြီးကျည်တွေကို ကလေးတွေက ဆော့ကစားရင် သေဆုံးတာတွေလည်း တွေ့ရတယ်။ အများဆုံး သေဆုံးမှုက လေကြောင်း တိုက်ခိုက်မှုလို့ တွေ့ရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ တချို့ကလေးငယ်များသည် ဘုရားကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်က ချင်းကလေးငယ်များမှာ ပညာသင်ယူနိုင်ရေး စာသင် ကျောင်းသွားရန်ပင် ကြောက်လန့်နေမှုကို တွေ့ရှိရကြောင်း CHRO တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီ၏ ချင်းကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်မှုများကို သေချာစုံစမ်း မှတ်တမ်းပြုစုထားပြီး နိုင်ငံ တကာတရားရုံးတွင်ဖြစ်စေ၊…

Read More

(005MK) မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ မနက်ဖြန်တွင် အိုင်ဇောလ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။ ZORO အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ မနက်ဖြန်စက်တင်ဘာလ ၂၁ ရက်စနေနေ့မှာ ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ ချင်းညီနောင်တို့အကြား နိုင်ငံရေး သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။ ZORO အဖွဲ့အနေဖြင့် ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC/ ချင်းညီနောင်တို့ကို ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေး လိုလားကြသည့်အတွက်ကြောင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZORO ကဆိုသည်။ တွေ့ဆုံဆွေးနွေးပွဲကို ZORO ဒုဥက္ကဌလည်းဖြစ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွန်ပွီးယာ ပွန်သဲ ရုံးခန်းမှာ စနေနေ့ နေ့လည် ၁၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ZORO ကထုတ်ပြန်ထားသည်။ ချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် တဖက်နှင့်တဖက် ပစ်ခတ်မှုဖြစ်ပွားကာ အသက်သေဆုံးမှုလည်းရှိလာပြီး ညီအကိုအချင်းချင်းကြား သွေးထွက်သံယိုဖြစ်ပွားမှုသည့်အထိ နိုင်ငံရေးသဘောထား ကွဲလွဲမှုရှိလာသည့်အပေါ် မလိုလားသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ZORO ကပြောသည်။

Read More