Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး
ပုံစာ - သီမြစ်လွင်ပြင်

ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး

0
By Editor on October 16, 2024 Headline

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့တို့ ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ဟားခါး-ထန်တလန်ကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော C3 နေရာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်မနက် ၆ နာရီကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ပြီးနောက် တနေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

“မနေ့ကတော့ တနေကုန်နီးပါးပဲ မနက် ၆ နာရီကတည်းကနေ၊ ညနေပိုင်းလောက်မှာပဲ နည်းနည်းရပ်သွားတယ်၊ သူတို့ဘက်က ၁၀ ယောက်ကျော်တော့ကျတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် C3 နှင့် အော်တိုတောင်ဘက်ကို ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဝေဟင်ကနေ Machine-Gun စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မနေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်ကနေပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်ခဲ့ရသောဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးကနေ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ကာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာခဲ့ပြီး ခဏတပ်ပြန်ဆုတ်ကာ ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား အယောက် ၃၀ ခန့် ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

ဟားခါးမြို့မှ မိုင် ၂၀ ကျော်သာကွာဝေးသော ထန်တလန်မြို့နှင့် ဟားခါး-ထန်တလန်ကြား လမ်းကြောင်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ပတ်အတွင်းမှာ အကြိမ်ပေါင်း ၁၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.