Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ ချင်းပြည်အစိုးရတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေ
ပုံစာ - သီမြစ်လွင်ပြင်

ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ ချင်းပြည်အစိုးရတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေ

0
By Editor on October 14, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့် စစ်ရေးအရအရေးပါသော တောင်ကုန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု သိရသည်။

ဟားခါးမြို့မှ ၅ မိုင်ခန့်အကွာတွင်တည်ရှိသော သီမြစ်လွင်ပြင်မှာ အခြေစိုက်တပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များထံ ယမန်နေ့က ဟားခါးမြို့မှ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ပြီးနောက် ချင်းပြည်အစိုးရတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော C3 နေရာတွင် ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“သီမြစ်၊ သီတာဘက်က စကစတွေက C3 ဘက်ကို ဒီမနက် ၈ နာရီလောက်မှာ သူတို့တိုက်တာ၊ ထိခိုက်မှုကတော့ ကျွန်တော်တို့ အသေးစိတ်တော့မသိနိုင်သေးဘူးပေါ့လေ” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့များအခြေစိုက်စခန်းများဖြစ်သည့် အော်တိုတောင်၊ လုံခါရ်တောင်၊ Keivanzuang၊ C3 တို့ကို ချင်းပြည်အစိုးရတပ်ဖွဲ့က ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။

စစ်ကောင်စီဘက်က ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်လိုက်ရသော စစ်ရေးအရ အရေးပါသည့်နေရာများကို ပြန်လည်သိမ်းပိုက်ရန် ယခုအခါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ယခုထိုးစစ်ဆင်မှုမစတင်ခင်မှာ အောက်တိုဘာလ ပထမအပါတ်ထဲတွင် စစ်ကောင်စီက ရဟပ်ယာဉ်များဖြင့် ဟားခါးမြို့ပေါ်သို့ လက်နက်ခဲယမ်းနှင့် တပ်အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က သီမြစ်ဘက်နှင့် ထန်တလန်မြို့ဘက်ကို Y 12 လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယနေ့တွင်လည်း ထပ်မံဗုံးကြဲနေကြောင်း သိရသည်။

“အဓိကတော့ ထန်တလန်က ဟားခါးရဲ့ နောက်ဆုံးခံစစ်လိုဖြစ်နေတာ။ ကျွန်တော်တို့အနေနဲ့ ထန်တလန်သိမ်းသွားရင် တော်တော်လေး risks ဖြစ်သွားမယ်ပေါ့။ ဖလမ်းနဲ့ ထန်တလန်ဆိုတာ ဟားခါးဗျူဟာကနေပဲကိုင်တဲ့ဟာဆိုတော့လေ။ ဟားခါးသိမ်းပြီးသွားရင် ချင်းပြည်က လွတ်မြောက်သွားနိုင်တယ်လေ အဲလိုဆိုတော့ ဟားခါးကိုထိန်းဖို့ဆိုရင် ထန်တလန်ကို သူတို့မဖြစ်မနေ ထိန်းရတာ‌ပေါ့” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.