Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Mara တပ်သားများကို MATC/MDF က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ဟုဆို

CDF-Mara တပ်သားများကို MATC/MDF က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ဟုဆို

0
By Editor on October 7, 2022 Khonumthung

Chinland Defense Force- Mara (CDF-Mara) တပ်သားများသည် အောက်တိုဘာလ ၃ ရက်နေ့က ဌာနချုပ်မှ အပြန်လမ်းတွင် Mara Administrative Territorial Council – MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရသည်ဟု CDF-Mara က သတင်းထုတ်ပြန်သည်။

CDF-Mara ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြေသာ CDF-Mara တပ်သားများသည် အောက်တိုဘာလ (၃) ရက်နေ့က MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ကြရခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Mara တပ်သားများဟာ လက်နက်မပါသောကြောင့် ပြန်ခုခံနိုင်ခြင်းမရှိဘဲ၊ အထိအခိုက်မရှိအောင် ဆုတ်ခွာခဲ့ကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ကလည်း MATC/MDF မှ လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM) ကို သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး) ဒဏ်ရာရစေခြင်းများ ကျူးလွန်ခဲ့သည့်အပြင် ယခုလည်း CDF-Mara အား ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု CDF-Mara က ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-Mara အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်တွင်လည်း မြို့နယ်ကိုအခြေခံ၍ ဖွဲ့စည်းသော လက်နက်ကိုင်အဖွဲ့နှင့် မျိုးနွယ်စုကိုအခြေခံသော လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ကျော်ရှိခဲ့သည်။

CDF-Mara နှင့် MATC/MDF တို့ မရာမျိုးနွယ်စုကို အခြေခံ၍ ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.