Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Mindat ဝံပုလွေစစ်ကြောင်းက စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်

CDF-Mindat ဝံပုလွေစစ်ကြောင်းက စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်

0
By Editor on September 21, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မြို့အဝင်ဂိတ်ကို CDF-Mindat ဝံပုလွေစစ်ကြောင်းက ယနေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီက မင်းတပ်မြို့တွင် ယနေ့ကျင်းပပြုလုပ်သည့် ဈေးရောင်းပွဲတော်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု CDF-Mindat က ထုတ်ပြန်သည်။

ဝံပုလွေစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျင်းပပြုလုပ်သော ဈေးရောင်းပွဲတော်သို့ ပြည်သူလူထုများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိရန်နှင့် မိမိတို့နေအိမ်များတွင်သာ လုံလုံခြုံခြုံနေထိုင်ကြရန်လည်း CDF-Mindat က တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ကာ အခြေခံစားကုန်များကို လျှော့ဈေးဖြင့် ရောင်းချပေးလျှက်ရှိပြီး ပြည်သူအပေါ် စေတနာထား၍မဟုတ်ပဲ ဟန်ပြသဘောသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.