Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – Zophei ဌာနချုပ်နှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – Zophei ဌာနချုပ်နှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

0
By Editor on June 11, 2026 Headline

ဇိုဖေရမ်ကောင်စီ ကျန်းမာရေးဌာန အတွင်းရေးမှူး ကျဆုံး

(006SV)

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF – Zophei ဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၇ စီးဖြင့် ယနေ့မနက်ပိုင်းတွင် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်အတွင်းရှိ CDF – Zophei ထိန်း ချုပ်ဒေသက ၎င်းတပ်ဖွဲ့၏ ဌာနချုပ်နှင့် အနီးဝန်းကျင်တို့ကို ယနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ နေပြည်တော်မှ ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး၊ မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး ၊ စုစုပေါင်း ၇ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်သွားခြင်းဖြစ်သည်။

“ဒီနေ့ ဇွန်လ ၁၁ ရက်မှာ CDF – Zophei ဌာနချုပ် နဲ့ ပတ်ဝန်းကျင်အား နေပြည်တော် ၂စီး၊ တံတားဦး ၂စီး၊ မိတ္ထီလာ ၁စီး၊ မကွေး ၂စီး စုစုပေါင်း ဖိုက်တာဂျက် ၇စီးဖြင့် အပြင်းအထန် ဗုံးကြဲခံရတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇိုဖေရမ်ကောင်စီ၏ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ ဆရာမ Van Dawt Chin (ဝါ) ချင်းချင်း (Chin Chin) ကျဆုံးခဲ့သည်ဟု သိရသည်။

ဂျက်ဖိုက်တာ ၇ စီးဖြင့် လေကြောင်းဗုံးကြဲမှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု အခြေအနေများနှင့် နေအိမ်အဆောက် အဦး ပျက်စီးမှု အခြေအနေများအပါအဝင် အသေးစိတ်အခြေအနေများကို‌ ခိုနူမ်းသုန်အနေဖြင့် ထပ်မံစုံစမ်းနေ ဆဲဖြစ်ပါသည်။

ဇွန်လ ၁၁ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအတွင်း CDF – Zophei ဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ကို စစ်တပ်သည် ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ် လေကြောင်းအင်အားအလုံးအရင်း အသုံးပြုခဲ့ပြီး ဗုံးအရေအတွက်ကို မသိရှိရကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်ထံမှလည်း သိရသည်။

ဇွန်လ ၄ ရက်မှ စတင်၍ ဟားခါးမြို့မှ စစ်ကြောင်းထိုး လာသော စစ်တပ်၏ အင်အားရာချီ စစ်ကြောင်းသည် ဇွန်လ ၆ ရက်နှင် ၈ ရက်တို့တွင် ထန်တလန်မြို့နယ်ထဲက C3 တောင်ကုန်းနှင့် အော်တိုတောင်ကုန်းတို့ကို သိမ်းပိုက်ကာ ဇွန်လ ၉ ရက်တွက် ထန်တလန်မြို့ထဲကို ရောက်ရှိသွားပြီးနောက် ၂ ရက်အကြားမှာ ယခုကဲ့သို့ ဇိုဖေဒေသထဲကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လားခြင်းဖြစ်သည်။

ယမန်နေ့ဇွန်လ ၁၀ ရက်ကလည်း CDF-Thantlang တပ်ဖွဲ့၏ စခန်းတစ်ခုကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည်။

စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းကိုသာမက တောင်ပိုင်းဒေသများကိုပါ လေကြောင်းတိုက်ခိုက်မှုများ အပြင်း အထန် ပြုလုပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှား UNHCR က ၎င်းတို့ဝဘ်ဆိုဒ်ကို စနစ်သစ်သို့ ပြောင်းလဲအသုံးပြုတော့မည်

မင်းတပ်၊ ကန်ပက်လက်သို့ စစ်တပ်၏ ထိုးစစ်မှာ ဖွဲ့စည်းပုံပျက်ပြီး တပ်လန်ကျ၊ တိုက်ပွဲအတွင်း စစ်တပ်ဘက် ရာချီသေဆုံး ဟု CPU/ CPA ထုတ်ပြန်

ထန်တလန်မြို့တွင်းတိုက်ပွဲတွင် စစ်တပ်က အဆိပ်ငွေ့ပါဝင်သော ဓာတုဗုံးများနှင့် အသေခံဒရုန်းများဖြင့် အသုံးပြုလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.