Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်း ကွယ်လွန်

CNA ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်း ကွယ်လွန်

0
By Editor on July 8, 2023 Khonumthung

(05MK)

ချင်းအမျိုးသားတပ်မတော် (CNA) ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ညက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

ချင်းအမျိုးသားတပ်မတော် ကာကွယ်ရေးဌာန လက်ထောက်အတွင်းရေးမှူးလည်းဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ကျန်းမာရေးအခြေအနေကြောင့် အိုင်ဇောလ်မြို့ ဆေးရုံတွင် ကုသမှုခံယူနေစဉ်တွင် ဇူလိုင်လ ၅ ရက်နေ့ည ဒေသစံတော်ချိန် ၉ နာရီကျော်ကျော်ခန့်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ 

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သော ဒုဗိုလ်မှူးကြီးဆန်းလျန်ထန်းသည် အသက် ၁၇ နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ချင်းအမျိုးသားတပ်မတော်မှာ ဝင်ရောက်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA တွင် ယခု ကွယ်လွန်ချိန်ထိ နှစ်ပေါင်း ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ 

သူ့သည် စစ်ရေးနည်းဗျူဟာပိုင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပိုင်းတွင် ထန်တလန်မြို့နယ်၊ လုံလဲရ်စခန်းသိမ်းတိုက်ပွဲ၊ ဟားခါး-ဖလမ်းအကြား ဇိန်မှူစစ်ဆင်ရေး၊ ဟားခါး-ထန်တလန်အကြား လုံခါရ်စစ်ဆင်‌ရေး တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်ဟု သိရသည်။ 

ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းတွင် ဇနီး၊ သား ၂ ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.