Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

0
By Editor on July 2, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသမှာ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား ယနေ့ နေ့လယ်ပိုင်းက ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂ ခွဲခန့်ကစ၍ Satawm ၊ Lianhna နှင့် Tuichirh ကျေးရွာတို့တွင် နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောဆိုသည်။

“CNO/CNDF က ကျွန်တော်တို့ကို နယ်မြေကျူးကျော်ပြီး ဒရုန်းနဲ့ အရင်လာချတဲ့အတွက်ကြောင့် ထိတွေ့မှု ဖြစ်သွား တာပါ” ဟု CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CNDF တပ်ဖွဲ့က Satawm နဲ့ Lianhna ကျေးရွာကို ဒရုန်းများဖြင့် စတင်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

CDF-Hualngoram ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်အရ CNO/CNDF တပ်ဖွဲ့များသည် ယခင်လက ၎င်းတို့ထိန်းချုပ် ထားသော နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ စခန်းသစ်များ တည်ဆောက်လာခြင်းကြောင့် နှစ်ဘက်တပ်အကြား တင်းမာမှုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“CNO/CNDF က CDF-Hualngoram နယ်မြေထဲကို ကျူးကျော်ပြီး Post (စခန်း) အသစ်တွေ ‌လာဆောက်ကြတယ်။ ပြီးခဲ့တဲ့လကနေ မနည်းတိုးလာတာပေါ့နော်။ ကျွန်တော်တို့ လက်နက်မသုံးအောင် အများကြီး ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ဘက်က အရင် သေနတ်မဖောက်ဖို့ပေါ့နော်။ ဒါနဲ့သူတို့က အင်အား တိုးချဲ့လာတယ်။ အခုလို ထိတွေ့မှုကတော့ မဖြစ်သင့်တဲ့ဟာပေါ့နော်၊ ကိုယ့်နေရာနဲ့ကိုယ် နေကြဖို့ပဲ၊ အရင်ကတည်းက‌ ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ သူတို့က ဖလမ်းကို သိမ်းပြီးတော့မှ ၂၀၂၃ ကတည်းက သိမ်းထားတဲ့ ရိမြို့ကို သူတို့ လိုချင်တာပါ။ ဆက်လက်ပြီး အခြေအနေကတော့ မှန်းလို့မရဘူး။ ကြီးလာနိုင်တယ်။ အဖွဲ့တစ်ခုကို ဝင်စီးမဲ့ပုံစံမျိုးနဲ့ ဝင်တိုက်နေတော့ ခုခံပြီးတော့ တုံ့ပြန်ပြီး တန်ပြန်စစ်တော့ ရှိလာအုံးမှာပဲ။ အဲဒီတန်ပြန်စစ်က ဘယ်လောက်ကြီးနိုင်သလဲတော့ ပြောလို့မရဘူးပေါ့နော်” ဟု CDF-Hualngoramမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

CNO/CNDF ၏ မီဒီယာ The Rihli Voice ကတော့ CDF-Hualngoram တပ်ဖွဲ့က Tuichirh ကျေးရွာမှာ စတင်ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ယခင်ကတည်းက နယ်မြေဒေသအငြင်းပွားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာခဲ့ကြပြီးနောက် ဟွာလ်ငိုးရမ်းဒေသကို အရေးပေါ်အခြေအနေအဖြစ် ဇွန်လ ၁၆ ရက်နေ့က CDF-Hualngoram က ကြေညာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.