• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“Kaw Thoo Lei Army တည်ထောင်သူ နယ်ဒါးမြတို့ မိသားစုတစုလုံး US ကို ခိုလှုံသွားပါပြီ” ဆိုတဲ့ သတင်းအမှား

“Kaw Thoo Lei Army တည်ထောင်သူ နယ်ဒါးမြတို့ မိသားစုတစုလုံး US ကို ခိုလှုံသွားပါပြီ” ဆိုတဲ့ သတင်းအမှား

0
By Editor on December 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို Kyin Nyein Chan ဆိုတဲ့အကောင့်ကနေပြီး “Kaw Thoo Lei Army တည်ထောင်သူ နယ်ဒါးမြတို့ မိသားစုတစုလုံး US ကို ခိုလှုံသွားပါပြနယ်ဒါးမြ၊ ဘောကျော်ဟဲ၊ ဖဓိုစောတောနီးတို့က အခြေအနေအရပ်ရပ်ကို လက်ကျန် EAOs တွေကို တပ်မတော်နဲ့အပစ်ရပ်ပြီး ပဒက်တွေကို သုတ်သင်ပစ်ဖို့ အထူးအစည်းအဝေးထိုင်ပြီး US ကိုထွက်ခွာသွားကြောင်း သတင်းအတိအကျရပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်ပြီးတော့ “ကျန်ခဲ့တဲ့ KNU တပ်မဟာမှူးတွေထဲက တချို့က ထိုင်းနိုင်ငံထဲမှာ အိမ်နဲ့ခြံနဲ့သာသာယာယာပဲ။ NUG ကပေးတဲ့ ထောက်ပံ့ကြေးယူထားတဲ့ KNU ရင်းမှူး ဗဟမတွေကတော့ စိတ်ဝမ်းကွဲနေကြပြီး PDF တွေပဲ ပိုက်ဘောမိကျန်ခဲ့တယ်။” ရေးသားထားပါတယ်။

ဒါ့အပြင် “EAOs (7) တပ်အတော်ကို NCA အတွက် ကမ်းလှမ်းထားပြီး PDF ပဒက်တွေကတော့ သောင်ပြင်လွတ်တဲ့ခွေးတွေလို မိမိတို့ကျွမ်းကျင်တဲ့ မြို့ရွာဝန်းကျင်မှာ ခိုကပ်ကျင်လည်နေမှာ မလွဲဧကန်ပါပဲ။ မြို့ရွာတွေက ထောက်ပို့ကိုအရင်ဖြတ်ပြီး ရှာဖွေဖြတ်တောက်ပါ။ PDF ပဒက်တွေအတွက် နေဝင်ချိန်နီးလာပြီ။” လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် စောင့်ကြည့်လေ့လာသူတစ်ဦးက “ကျနော်ကတော့ ဒီသတင်းမျိုးမကြားမိပါဘူး ပေါက်တက်ကရ သတင်းအမှားတွေက အမြဲတက်နေတာပဲ” လို့ ပြောပါတယ်။

KAWTHOOLEI ARMY ကို ဗိုလ်မှူးချုပ်နယ်ဒါးမြက ဦးဆောင်ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပြီး Venom ကွန်မန်ဒိုစစ်ကြောင်းဟာလည်း ကရင်ပြည်သူ့တပ်မတော်ရဲ့ အဖွဲ့ဝင်စစ်ကြောင်းတခုအဖြစ် ရပ်တည်ပြီး စစ်ကောင်စီကို စွမ်းစွမ်းတမံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကရင့်ပြည်သူ့တပ်မတော်ကို ထောက်ခံကြိုဆိုပေးပါဖို့ တရားဝင် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

KAWTHOOLEI ARMY ဟာ တော်လှန်ရေးအောင်မြင်တဲ့အထိ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Khin Nyein Chan ဆိုတဲ့အကောင့်ကနေပြီး “Kaw Thoo Lei. Army… တည်ထောင်သူ.နယ်ဒါးမြ..မိသားစုတစုလုံး…US..ကိုခိုလှုံသွားပါပြီ…. နယ်ဒါးမြ..ဘောကျော်ဟဲ..ဖဓိုစောတောနီး..အခြေအနေအရပ်ရပ်ကို..လက်ကျန်EAOs.တွေကို တက်မတော်နဲ့အပစ်ရပ်ပြီး…ပဒက်တေ.သုတ်သင်ပစ်ဘို့..အထူးအစည်းအဝေးထိုင်ပြီး… US ကို ထွက်ခွာသွားအကြောင်း..သတင်းအတိအကျရပါတယ်” ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.