Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သောလိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ထုတ်ပြန်

Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သောလိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ထုတ်ပြန်

0
By Editor on September 8, 2026 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu DONNY LALRUATSANGA က စစ်ဘေးရှောင်များ၊ နိုင်ငံခြား သားများနှင့်ပတ်သက်သော လိုက် နာဆောင်ရွက်ရမည့်အချက် ၇ ချက်ကို ထုတ်ပြန်လိုက်သည်။

လောင်တလိုင်ခရိုင်းအတွင်းနေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်မည် ဆိုပါက ၎င်းတို့နေထိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့် လိုင်လူငယ်အသင်း(YLA) ထံမှ အလုပ်လုပ်ခွင့်(Work Permit) ရ ယူရမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့များက စောင့်ကြည့်စစ်ဆေး ဆောင်ရွက်သွားရမည်ဟု သိရသည်။

ယခု စက်တင်ဘာလမှစ၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသားများအား လောင်တလိုင် မြို့အတွင်း အိမ်ငှားနေထိုင်ခွင့် မပြုရန် နှင့် စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများသည် ည ၈ နာရီနောက်ပိုင်း အရေးပေါ်ကိစ္စ (Emergency Case) မဟုတ်ပါက အပြင်ထွက်ခွင့် လုံးဝမရှိစေရဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျေးရွာကောင်စီ နယ်မြေအတွင်း နေထိုင်သော ဒေသခံမဟုတ်သူများ/နိုင်ငံခြားသားများ ကို Village Council က Register စာရင်းတွင် စနစ်တကျ မှတ်တမ်းတင်ထားရမည်ဟုဆိုသည်။

မိသားစုတိုင်းသည် မိမိတို့အိမ်သို့ ရောက်ရှိလာသော ဧည့်သည်များ (အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက် အထား မရှိသူများ) ကို Village Council နှင့် YLA ထံ မဖြစ်မနေ သတင်းပို့ရမည်ဖြစ်ပြီး Village Council များကလည်း တိကျပြည့်စုံသော အစီရင်ခံစာများ ပြုလုပ်ပြီး Register ကို စနစ်တကျ ထိန်းသိမ်းထားရမည်ဟုဖော်ပြသည်။

မိမိတို့ရပ်ကွက်/ကျေးရွာသို့ ပြောင်းရွှေ့လာမည့်သူများသည် ယခင်နေထိုင်ခဲ့သော မြို့/ကျေးရွာ/ရပ်ကွက်ရှိ Village Council ထံမှ ပြောင်းရွှေ့စာ (Transfer Letter) ရှိရမည်ဖြစ်ပြီး ထိုပြောင်းရွှေ့စာကို လက်ရှိနေရာရှိ Village Council ထံ တင်ပြရမည်ဟုဆိုသည်။ ပြောင်းရွှေ့စာ အထောက်အထား မပြည့်စုံသူများကို ရပ်ကွက်/ကျေးရွာအာဏာပိုင်များက သင့်လျော်သလို ဆုံးဖြတ်ဆောင်ရွက်သွားရမည်ဟု ဖော်ပြသည်။

Hotel/Homestay လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့ထံတည်းခိုလာသူများအား မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ မသိရှိနိုင်သော ဧည့်သည်များကို တည်းခိုခွင့်မပြုရန် နှင့် တည်းခိုမည့်ဧည့်သည်များထံမှ Voter ID Card၊ Aadhaar Card၊ Driving Licence စသည့် အထောက်အထား မိတ္တူများကို တောင်းယူရမည်ဟုဆိုသည်။

ထို့အပြင် တည်းခိုဝင်ရောက်သူများနှင့် ပြန်လည်ထွက်ခွာသူများကို Register တွင် စနစ်တကျ မှတ်တမ်းတင်ထားရ မှာဖြစ်ပြီး Hotel/Homestay တစ်ခုချင်းစီ၏ ဧည့်သည်များနှင့်ပတ်သက်သော အပတ်စဉ်အစီရင်ခံစာ (Weekly Report) နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို Lawngtlai ခရိုင်ရဲတပ်ဖွဲ့မှူး (Superintendent of Police, Lawngtlai) ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

လောင်တလိုင်ခရိုင်သည် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်များ ဒုတိယအများအဆုံးနေထိုင်သည့် ဒေသဖြစ်သည်။

ထို့အပြင် လောင်တလိုင်ခရိုင်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်ကို အိန္ဒိယကုန်ပစ္စည်းများ အဓိကတင်သွင်းသည့်လမ်းကြောင်းဖြစ်လာပြီး နေ့စဉ်နှင့်အမျှ မြန်မာဘက်ခြမ်းကနေ အဝင်/အထွက်ပြုလုပ်သူများလာသည့်အပြင် လောင်တလိုင်မြို့ခရိုင်ထဲမှာလည်း အိမ်ငှါးနေထိုင်သူများလာသည့်အတွက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.