Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»NCCD က ချင်းစစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ကူညီထောက်ပံ့

NCCD က ချင်းစစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ကူညီထောက်ပံ့

0
By Editor on September 6, 2023 Headline

(03PT)

ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် Network for Chin Community Development (NCCD) က ချင်းပြည်နယ် ၄ မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော အရေးပေါ်စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးခဲ့သည်ဟုသိရသည်။

ချင်းပြည်နယ်အတွင်းရှိ ဟားခါ၊ ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာ ၈ ရွာမှ စစ်ဘေး‌ရှောင်ပြည်သူများထံ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဆန်၊ ဆီ၊ စား စသည့် အခြေခံ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု NCCD လက်ထောက် ညွန်ကြားရေးမှု ဦး Simon ကပြောသည်။

“အခုမိုးတွင်းလည်းဖြစ်တော့ သူတို့ရဲ့ အဓိကလိုအပ်ချက်ကတော့ အခြေခံစားသုံးကုန် စားနပ်ရိက္ခာဖြစ်တယ်။ အဲ့ဒီထဲမှာမှ အဓိက ဦးစားပေးတဲ့နေရာတွေမှာ ကိုယ့်ရဲ့ ရလာတဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့မှ အကန့် သတ်နဲ့ပေးတာဖြစ်တယ်။ အကန့်သတ်ဆိုတာ စစ်ဘေး‌ရှောင်တွေ အကုန်လုံးကို တစ်ခါတည်းနဲ့ ပေးဖို့ မနိုင်ဘူး ပေါ့နော် ဘတ်ဂျက်က မလောက်ဘူးဆိုတော့လေ ကျွန်တော်တို့ အကုန်လုံး မလွမ်းခြုံနိုင်သေးဘူးပေါ့‌” ဟု NCCD လက်ထောက်ညွန်ကြားရေးမှု ဦး Simon ကပြောသည်။

ချင်းပြည်နယ်အတွင်းက စစ်ရှောင်များမှာ မိုးရာသီကာလတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် အစားသောက် အခက်ခဲကြုံတွေ့နေကြရပြီး ယင်းအနက် အရေးပေါ် လိုအပ်သည့် စစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ လူဦးရေ တစ်ထောင်ကျော်တို့ကိုသာ ထောက်ပံ့မှုပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်များမှာ အစားသောက်ပြတ်လတ်မှုများကြောင့် ကလေးငယ်များမှာလည်း အဟာရ ချို့တဲ့မှု များနှင့် ရင်ဆိုင်နေကြရသည့်အပြင် ယခုမိုးတွင်းကာလမှာ ကျန်းမာရေးအခက်ခဲကြုံတွေ့နေကြရပြီး ဆေးဝါးများ လိုအပ်နေကြောင်း ဦး Simon က ပြောသည်။

”ဒီအခြေခံစားသောက်ကုန်တစ်ခုတည်းမဟုတ်ပဲနဲ့ ကျန်းမာရေးပိုင်း အဟာရပြည့်ဝမယ့် ဗီတာမင်တွေက အစပေါ့လေ ပြီးတော့ ကလေးတွေအတွက်၊ လူနာတွေအတွက် ဆေးပစ္စည်းပိုင်းတွေလည်း အများကြီး လိုအပ်နေပါတယ်” ဟု ဦး Simon က ပြောသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် (NCCD) အနေဖြင့် လွန်ခဲ့သည့် မေလတုန်းကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့ နယ်နှင့် တီးတိန်မြို့ရှိ စစ်ဘေးရှောင်များနေထိုင်သည့် ကျေးရွာ ၁၀ ခုတွင်လည်း စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ 

နေ့စဥ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင်အရေတွက်မှာ ပိုမိုတိုးမြင့် လာနေသည့်အတွက် အစားသောက်နှင့် ကျန်းမာရေး အခက်ခဲများကြုံတွေ့နေကြပြီး အကူညီ ပိုမိုလိုအပ်လာနေ သောကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဦး Simon က ပြောဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.