• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»‘NUG က အင်မတန်မှ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တကယ်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်’

‘NUG က အင်မတန်မှ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တကယ်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်’

0
By Editor on August 21, 2021 Headline

ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီနှင့် အင်တာဗျူး

NUG နဲ့ချိတ်ဆက်ပြီးမှ လုပ်ဆောင်နေတဲ့အနေခြေအနေ ဘယ်အတိုင်းအတာထိရောက်နေပြီလဲ။ CNF အနေနဲ့လည်း အခု ချင်းပြည်နယ်အတွက် ချင်းပြည်နယ်မှာ ဘာတွေလုပ်ဆောင်မှုတွေရှိလဲ။

ဖြေ – ကျနော်တို့ NUG နဲ့ဆိုရင် အားလုံးသိပြီးတဲ့အတိုင်း ကျနော်တို့က မြန်မာနိုင်ငံရဲ့ ရည်မှန်းချက် ထပ်တူကျတယ်၊ ဒီအာဏာရှင်ဖြိုချဖို့ရယ် ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဖွဲ့စည်းဖို့ရယ် ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေတလျှောက်လုံး လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့က တစ်ထပ်တည်းကျနေတယ်၊ ဆိုတော့ အဲဒီမှာ NUG နဲ့တွဲလုပ်ဖို့ဆိုပြီးတော့ ကျတော်တို့က အဲဒီမှာပါဝင်တယ်၊ အခု NUG နေနဲ့လည်း သီးသန့် စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လက်မှတ်ရေထိုးထားတယ်၊ ကျနော်တို့ အခုလုပ်နေတာတွေက ဒီ NUG နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ ဒီ NUG က ပြည်တွင်းမှ ကျနော်တို့ နိုင်ငံရေးအရ ဘာတွေလှုပ်ရှား ဘာတွေလုပ်မလဲ ဒီဟာတွေကို ကျနော်တို့ဆက်စပ်ပြီးတော့ လုပ်နေရင်းနဲ့ NUG ခိုင်မာအောင် စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ကျနော်တို့ အခုလုပ်ငန်းက လုပ်ဆောင်နေပြီလို့ ပြောလို့ရပါတယ်။

အဲဒီတဆက်တည်းမှာပဲ ကျနော်တို့ NUG ပြီးတော့ရယ် အခုက ချင်းပြည်နယ် ချင်းထဲမှာ ICNCC ကြားကာလချင်းအမျိုးသားကောင်စီဆိုပြီးတော့ စုဖွဲ့မှုတွေ ကျနော်တို့က လုပ်နေပါတယ်၊ အဲဒါပြီးရင် ကျနော်တို့ Chinland အစိုးရ ကြားကာလ စီမံအုပ်ချုပ်ရေး ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလာမယ်၊ အဲဒီလိုနဲ့ ကျနော်တို့ ချင်းနဲ့ ပြည်နယ်မှာ ဗဟိုမှာ NUG ဆိုပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ အခုကျနော်တို့က လုပ်ဖို့ စုဖွဲ့မှုတွေ ဘာတွေ ကျနော်တို့ အတတ်နိုင်ဆုံးတွေးပြီးတော့ လုပ်နေပါတယ်။

လက်ရှိမှာ NUG အစိုးရကနေ ဆရာတို့အဖွဲ့အစည်းကို ထောက်ပံ့မှုတွေရောရှိလား။ CNF ဘက်ကရော ဘာတွေလုပ်ဆောင်ပေးလဲ။

ဖြေ – အားလုံး ဒီနေ့ထိ ဒီ NUG အစိုးရဖက်ကနေ ဘာထောက်ပံ့မှုမှတော့ ကျနော်တို့ မရှိဘူး၊ အဲဒီကိစ္စတွေ ကျနော်တို့က နားလည်ပါတယ်၊ သူတို့က ဒီပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာနဲ့ လုပ်နေတယ်ဆိုတော့ အဲဒီအခက်အခဲတွေ ကျနော်တို့မှာ ရှိပါတယ်၊ ဆိုတော့ ဘာအထောက်အပံ့မှမရှိဘူး၊ ကျနော်တို့ကပဲ စစ်ရေးအရ ပြည်မမှာ PDF ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဝင်မယ့် ရဲဘော်အတွက် သင်တန်းတွေဘာတွေ ကျနော်တို့ လုပ်ပေးတာတွေတော့ရှိတယ်၊ သူတို့ဘက်ကနေ တစ်စုံတစ်ရာ ထောက်ပံ့တာတို့ ဘာတို့တော့ သီးသန့် အဲလိုမျိုး သက်သက်ထောက်ပံ့တယ်ဆိုတဲ့ CNF အတွက်ဆိုတာတော့ မရှိသေးပါဘူးခင်ဗျာ။

NUG ကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်ဘာများ ဖြည့်စွက်ပြောစရာရှိသေးလဲ။

အခု NUG က ကျနော်တို့ မြန်မာ့သမိုင်း နိုင်ငံသမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် ဒီစစ်ကောင်စီပဲခေါ်ခေါ်၊ စစ်တပ် စစ်အာဏာရှင်ခေါ်ခေါ် သူတို့က ဒီဗဟိုက သူတို့အာဏာကို ယှဉ်ပြိုင်ပြီးတော့ လုပ်ယူမယ့်အဖွဲ့အစည်း၊ ဥပမာ – NUG ပြီးတော့ ၉၀ တုန်းကဆိုရင် သူတို့ကိုယ်သူတို့ရင်ဆိုင်တယ်၊ သူတို့ထိုင်ခုံကို လုဖို့ အခု NUG ကလည်း ထိုနည်းပုံစံ ဒီ ၂၀၂၀ ရွေးကောက်ပွဲကနေပြီးတော့ အာဏာအလုခံတဲ့နောက်ပိုင်းမှာ ဒီပြည်ထောင်စုအာဏာကို ပြန်လည်ရယူမယ့် အဖွဲ့အစည်းဆိုတော့ NUG က အဲဒီအဖွဲ့အစည်းတစ်ခု ဥပမာ – ပြည်ထောင်စုအစိုးရ နိုင်ငံတော်အာဏာကိုရယူနိုင်ဖို့ အဖွဲ့အစည်းလို့ပြောလို့ရပါတယ်၊ ဆိုတော့ NUG က အင်မတန်မှ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တကယ်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ အရင်ကလည်း အစိုးရဟောင်းဖြစ်တယ်၊ အစိုးရလုပ်မယ့် NLD တက်လာတဲ့ နိုင်ငံရေးပါတီဖြစ်တယ်၊ အဲဒါကြောင့် NUG က အင်မတန်မှအရေးကြီးတယ်၊ ကျနော်တို့ လူမျိုးမရွေး ဘာသာအားလုံးက စုစုစည်းစည်းနဲ့ လက်တွဲပြီးတော့ ပူးပေါင်းပြီးတော့သော်လည်းကောင်း လက်တွဲပြီးတော့သော်လည်း ကျနော်တို့ပံ့ပူးအားက အတူတူလုပ်ရမှာဖြစ်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.