Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»NUG အစိုးရနှင့် ချင်းပြည်အစိုးရတို့ကြား လူသားစာနာကဏ္ဍမှာ ပူးတွဲ လုပ်ဆောင်မည်

NUG အစိုးရနှင့် ချင်းပြည်အစိုးရတို့ကြား လူသားစာနာကဏ္ဍမှာ ပူးတွဲ လုပ်ဆောင်မည်

0
By Editor on March 17, 2026 Khonumthung

(006SV)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့ကြား လူသားချင်း စာနာထောက်ထားရေး ကဏ္ဍများတွင် ပိုမိုချိတ်ဆက်မှု အားကောင်းပြီး ရှေ့လုပ်ငန်းများအတွက် ပူးတွဲ လုပ်ဆောင်ကြရန် သဘောတူညီဆုံးဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။

“အဓိက လူသားစာနာကဏ္ဍမှာ အတူတကွ ပူးတွဲလုပ်ဆောင်ဖို့နဲ့ ဒီထက်မက ချိတ်ဆက်မှုအားကောင်းဖို့ အတူလက်တွဲသွားကြရန် ဖြစ်ပါတယ်။ နောက်နောင်လည်းပဲ ဒီထက်မက ချိတ်ဆက်မှုအားကောင်းပြီး လူသားစာနာ ကဏ္ဍမှာ အတူလက်တွဲဖို့ ရှိပါတယ်။ အဓိကဆောင်ရွက်ဖို့ကတော့ စစ်ဘေးရှောင်တွေကို အကူအညီရနိုင်သလောက် ထောက်ပံ့နိုင်ရေးဖြစ်ပါတယ်” ဟု ချင်းပြည် အစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ပူးဇာထောင်းက ပြောသည်။

NUG အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်၊ လူမှုဖွံ့ဖြိုးရေး ဝန်ကြီး ပူးဇာထောင်း တို့သည် မတ်လ ၁၃ ရက်က အွန်းလိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရရှိခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဖော်ဆောင်မည့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ၏ လူသားစာနာ ကဏ္ဍအတွက်လည်း လောလောဆယ် NUG အစိုးရဘက်က ကျပ်သိန်း ၂၅၀ ပံ့ပိုးပေးသည်ဟု သိရသည်။

“လုပ်ငန်းအကောင်အထည်ဖော်ဖို့ကတော့ လောလောဆယ် NUG ဖက်ကနေ လူသားစာနာ ကဏ္ဍအတွက် ကျပ် သိန်း ၂၅၀ ပံ့ပိုးပါတယ်။ဒီအလှူငွေကိုလည်း စစ်ဘေးရှောက်ပြည်သူ တွေအတွက် ဒေသန္တရအစိုးရများနဲ့ ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီး ပူးဇာထောင်းက ပြောသည်။

NUG အစိုးရနှင့် ချင်းပြည်အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အတွက် သဘောထား စုစည်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ၅ နှစ်ကျော် ရှိလာချိန်တွင် ချင်းလူမျိုးများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၁၀၀,၀၀၀ ဦးကျော် ရှိလာပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ၆၀,၀၀၀ ဦးကျော်အထိ တိုးမြင့်လာကြောင်း ချင်းရေးအဖွဲ့ချုပ်၏ ဇန်နဝါရီလ ၃၁ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေသည် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ များသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများကလည်း ထောက်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရွယ်ရောက်ပြီးသူ ချင်းပြည်သူတရပ်လုံး စစ်မှုထမ်းရန် CNF အထူးတိုက်တွန်း

CDF – အရှို ရဲဘော်တစ်ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံး

အမေရိကန်မှာ ၉ နှစ်အရွယ် ချင်းတိုင်းရင်းသူလေး နေအိမ်မှပျောက်ဆုံးပြီးနောက် ရေကန်အတွင်း သေဆုံးလျက် ပြန်တွေ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.