Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

0
By Editor on September 19, 2026 Khonumthung

(004SS)

National University of Zoland – NUZ သည် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” Diploma in Vocational and Post-secondary Education သင်တန်းသစ်ကို ဖွင့်လှစ်သွားမှာဖြစ်ပြီးလျှောက်လွှာများကို အောက်တိုဘာလ ၃ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းသည် ပညာရေးလမ်းကြောင်း အဆက်ပြတ်ခဲ့သည့် လူငယ်များအတွက် ပြန်လည်စတင် နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

သင်တန်းကို NUZ ၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ ဝါသနာနှင့် အနာဂတ်ရည်မှန်းချက်များအပေါ် မူတည်၍ ရွေးချယ်နိုင်ရန် GED Track နှင့် Vocational Track ဟူ၍ သင်ကြားမှု ပုံစံနှစ်မျိုး ခွဲခြားထားသည်။

GED Track ကို ရွေးချယ်သည့် ကျောင်းသားများသည် အခြေခံဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဒီဂျစ်တယ်ကျွမ်းကျင် မှုနှင့် နိုင်ငံသားပညာရေးတို့ကို သင်ယူရမည့်အပြင်၊ GED ဘာသာရပ်များဖြစ်သော ဘာသာစကားအနုပညာမှတစ်ဆင့် ဆင်ခြင်တုံတရားဆန်းစစ်ခြင်း၊ သင်္ချာ၊ လူမှုရေးသိပ္ပံနှင့် သိပ္ပံဘာသာရပ်များကိုလည်း လေ့လာကြရမည်ဖြစ်သည်။

ထို့ပြင် Programming Graphic Design၊ Video Editing၊ A+ and Networking၊ Web Design and Programming ကဲ့သို့သော သက်မွေးပညာ ရွေးချယ်စရာဘာသာရပ်များထဲမှ အနည်းဆုံး နှစ်ဘာသာကို ရွေးချယ်သင်ယူရမည်ဟု ဖော်ပြထားသည်။

GED Track သို့ တက်ရောက်လိုသူများသည် စနစ်သစ် Grade-12 သို့မဟုတ် စနစ်ဟောင်း Grade-10 အောင်မြင်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး၊ အသက် ၁၆ နှစ်နှင့်အထက် ရှိရမည်ဖြစ်သည်။

Vocational Track တွင်မူ ကျောင်းသားများသည် အခြေခံဘာသာရပ်သုံးခုကို သင်ယူရမည့်အပြင်၊ Graphic Design၊ Video Editing၊ A+ and Networking၊ Web Design and Programming စသည့် သက်မွေးဘာသာရပ်များကို အထူးပြုသင်ယူရမည်ဖြစ်သည်။ Vocational Track သို့ တက်ရောက်လိုသူများသည် အနည်းဆုံး Grade-8 အောင်မြင်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး၊ အသက် ၁၆ နှစ်နှင့်အထက် ရှိရမည်ဖြစ်သည်။

ယခုသင်တန်းသည် တစ်နှစ်ကြာမြင့်မည့် သင်တန်းဖြစ်ပြီး၊ အွန်လိုင်းနှင့် လက်တွေ့သင်ကြားမှုစနစ်ဖြင့် ပေါင်းစပ်သင်ကြား ပေးသွားမည်ဖြစ်ကာ သင်တန်းကို ပြီးမြောက်အောင် တက်ရောက်ပြီး သတ်မှတ်ထားသော တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သူများကို completion certificate ပေးအပ်သွားမည်ဟု သိရသည်။

သင်တန်းကြေးအနေဖြင့် တစ်နှစ်လျှင် ကျပ် ၃ သိန်း သတ်မှတ်ထားပြီး၊ ကျောင်းသားများ အဆင်ပြေစေရန်အတွက် တစ်ကြိမ်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ၆ ကြိမ် အရစ်ကျပေးသွင်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ကျောင်းဆောင်တွင် နေထိုင်လိုပြီး စားသောက်ရေးအစီအစဉ်ကို အသုံးပြုလိုသူများအတွက် လစဉ်ကြေး ကျပ် ၂၂၀,၀၀၀ သတ်မှတ်ထားကြောင်း NUZ မှ ထုတ်ပြန်ထားသော အစီအစဉ်လမ်းညွှန်အရ သိရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ Registration Link သို့ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ဖြစ်သည်။

အသေးစိတ်အချက်အလက်များအတွက် nuz.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Registration Link: https://forms.gle/rQ6ZYKpxFrBPrQoh8

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

ကန်ပက်လက်မြို့နယ်‌ မောချောင်ရွာကို စစ်တပ်ဗုံးကြဲ၊ ကျောင်းဆောင် နှင့် နေအိမ်တချို့ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.