• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

0
By Editor on April 6, 2022 Khonumthung

အဲ့ဒီသတင်းအမှားကို မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein ဆိုသူက “PDF အဖွဲ့တွေဟာ စစ်ကောင်စီကို တော်လှန်တာမဟုတ်ပဲ လက်နက်မဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာစစ်သွေးကြွ PDF ဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာက တော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီး သတ်နေကြတာ၊ ကျွန်တော်တို့ ရခိုင့်တပ်မတော်အနေနဲ့ အခုအချိန်ထိလက်နက်မဲ့ ပြည်သူတွေကိုမသတ်ဖူးဘူး။” လို့ ရေးသားထားပါတယ်။

ဆက်လက်ပြီး “စစ်ကြောင်းကျူးကျော်လာရင်တော့ ဖြစ်တာက လူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ ဒါက AA တပ်မတော်နဲ့ ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ ဒါကတိုက်ပွဲအစစ် လက်ရှိ PDF ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာ ဒီကောင်တွေက အကြမ်းဖက်နေတာ ဒီပုံစံအတိုင်းသာ PDF တွေကိုလွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့ မျိုးတုံးဖို့ပဲရှိတော့တယ်။ PDF တွေအနေနဲ့ ကျွန်တော်တို့ကိုလာပူးပေါင်ရင်လည်း ကျွန်တော်တို့ကလက်မခံဘူး လိုအပ်လာရင်တော့ဒီကောင်တွေကိုပါ ပေါင်းပြီးရှင်းဖို့ပဲရှိတယ်လို့ ပြောကြားသွားတယ်” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားသလို PDF နဲ့ပတ်သက်ပြီး AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပေးမယ့် AA စစ်ဦးစီးချုပ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ PDF နဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေးပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media Group၊ Narinjaraနဲ့ Western News စတဲ့သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလ ၅ ရက်နေ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာတော့
“ရက္ခိုင့်တပ်တော် AA က လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ရက္ခိုင့်တပ်တော်အနေနဲ့ ချီးကျူးတယ်” လို့ပြောဆိုတာပါတယ်။

Link>>> https://bit.ly/3NN8W98

သတင်းတုတွေကို စိစစ်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo စာမျက်နှာမှာလည်း အဲဒီကိစ္စဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားသာဖြစ်တယ်ဆိုတာ ဖော်ပြထားတာတွေ့ရပါတယ်။

Link ကြည့်ရန်>>>https://myanmar.factcrescendo.com/misleading-claim-about-arakan-army-chief-tun-myat-naing-comment-on-pdf/

ဒါကြောင့် မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားတာက သတင်းအမှားဖြစ်ပါတယ်။

ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားများစွာဟာ နေ့စဉ်လိုလို Facebook စာမျက်နှာမှာ နေ့စဉ်နဲ့အမျှမြင်တွေ့နေရတာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သတင်းတု သတင်းမှားများကို စိစစ်ရွေးချယ်ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.