Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦး စစ်တပ်ထံပူးပေါင်းဆိုသည့်သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ကြောင်း PDF-Zoland စစ်ဦးစီးချုပ်ပြော

PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦး စစ်တပ်ထံပူးပေါင်းဆိုသည့်သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ကြောင်း PDF-Zoland စစ်ဦးစီးချုပ်ပြော

0
By Editor on August 14, 2026 Khonumthung

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲတွင်အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦးသည် လက်နက် နှင့်အတူ စစ်တပ်ထံပူးပေါင်းဆိုသည့်သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်သည်ဟု PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon ကပြောသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက PDF-Zoland တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင် ၇ ဦးသည် ဩဂုတ်လ ၅ ရက်နေ့က တီးတိန်မြို့ရှိ စစ်တပ်ထံ လက်နက်များနှင့်အတူ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့က ဝါဒဖြန့်ချိထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon က ပြည်သူများထင်ယောင်ထင်မှားဖြစ်စေ ရန် သတင်းမှား ဝါဒဖြန့်ချိမှုသက်သက်သာြဖစ်ကြောင်းပြောဆိုသည်။

“ဒီလို စစ်တပ်ဘက် ပူးပေါင်းတာမျိုးမရှိပါဘူး။ ဒါက ဝါဒဖြန့်ချိမှုသက်သက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်မှာ ထုတ်လွှင့်ခဲ့သည့် ဝါဒဖြန့် ရုပ်သံမှတ်တမ်းမှာ PDF-Zoland တပ်ဖွဲ့ဝင်တစ်ဦး ဆိုသူရဲ့ ပြောဆိုချက်များသည်လည်း သဘာဝမကျဘဲ လုပ်ကြံဖန်တီးထားမှုများသာ ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

“သူတို့ရဲ့ ထုတ်ပြန်ချက်ကို နားထောင်ကြည့်တော့ အဲ့ဒီ ၇ ယောက်ထဲက တစ်ယောက်က PDF တွေရဲ့ မကောင်းကြောင်းတွေ၊ လူမှုရေးဖောက်ပြန်မှုတွေကအစ ပြောပြီး ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်သွားပါမယ်လို့ ပြောတယ်။ ဒါပေမဲ့ သေချာနားထောင်ကြည့်ရင် ချင်းအသံ လုံးဝမပေါက်ဘူး။
အများအားဖြင့် PDF-Zoland ဆိုတာ တီးတိန်နဲ့ ဒီဒေသခံတွေပဲ ဝင်ကြတာပါ။ အခု ဗီဒီယိုထဲကသူက ဗမာစကားပြောတာ မွတ်နေတာပဲ။ စစ်တပ်က လုပ်ကြံရင်တောင် သဘာဝကျကျ မလုပ်တတ်ဘူးပဲ။ ” ဟု ဒေသခံ ချင်းအမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိ တီးတိန်မြို့နယ်အတွင်း စစ်ရေးအခြေအနေမှာ ငြိမ်သက်လျက်ရှိသော်လည်း စစ်တပ်က တီးတိန်နှင့် သိုင်းငဲင်းကြား၊ တွန်ဇံမြို့နယ်ဘက်များတွင် တပ်ချိန်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.