Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Rebecca Fanai ၏ The Compassion Project မှ စစ်ဘေးရှောင်ပြည်သူများ ဆက်လက်ကူညီထောက်ပံ့

Rebecca Fanai ၏ The Compassion Project မှ စစ်ဘေးရှောင်ပြည်သူများ ဆက်လက်ကူညီထောက်ပံ့

0
By Editor on November 23, 2022 Khonumthung

ချင်းအဆိုတော် Rebecca Fanai သည် သူမ၏ ဂရုဏာစီမံကိန်း The Compassion Project ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံသွားရောက်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျှက်ရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံက စစ်ဘေးရှာင်ပြည်သူအများအပြားခိုလုံကြသော ကျန်ဖိုင်းခရိုင်အတွင်းရှိ Zote (ITI) နှင့် Uilui စစ်ဘေးရှောင်စခန်း ၂ သို့ သွားရောက်ကာ အကူအညီများပေးအပ်ခဲ့သည်ဟု သိရသည်။

ယနေ့တွင် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများထံ သွားရောက်ကာ အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် Rebecca Fanai သည် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နိုဝင်ဘာလဆန်းပိုင်းက၍ သူမ၏ The compassion Project ကို စတင်ခဲ့သည်။

The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များ ကူညီထောက်ပံ့ခြင်းများ ပါဝင်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ကစတင်သည့် The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organi zation (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United for Democratic Myanmar (NUDFM), Kalay Crisis Support Team (KCST), Youth For Myanmar (YFM), Matupians, Sevenday Adventist ဆေးရုံနှင့် အခြားသော ဒေသတွင်းစေတနာရှင်အမြောက်အများကလည်း အားဖြည့်ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

Rebecca Fanai နှင့်အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင် ၅ ခုတွင် (အိုင်ဇောလ်၊ မာမစ်၊ ကော်လစစ်၊ လုံးလဲ၊ လောင်တလိုင်) စစ်ဘေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင်စခန်း ၁၇ ခုထံ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြပြီးဖြစ်သည်။

ယခုလက်ရှိတွင်လည်း ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ အကူအညီများ ဆက်လက်ပေးအပ်လျှက်ရှိသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တနိုင်ငံလုံး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုဖြစ်ပွားလာသည့်အချိန်ကစပြီး Rebecca Fanai သည် သူကျွမ်းကျင်သော အဆိုပညာအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.