• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ZAWLBUK ပရဟိတအဖွဲ့ မှ တာဟန်းရပ်ကွက်ရှိ လိုအပ်နေသူများအသုံးပြုဖို့ ရေတိုင်ကီ (၃) လုံးလှူဒါန်း

ZAWLBUK ပရဟိတအဖွဲ့ မှ တာဟန်းရပ်ကွက်ရှိ လိုအပ်နေသူများအသုံးပြုဖို့ ရေတိုင်ကီ (၃) လုံးလှူဒါန်း

0
By Editor on May 11, 2019 Khonumthung

By မိုး​ကျော်​ – ချင်းတောင်ခြေရင်းတွင်တည်ရှိသည့် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင် ယခုရက်ပိုင်း အပူလွန်ကဲမှုကြောင့် တွင်းရေများနှင့် အ၀ီစိရေများခန်းခြောက်လာပြီး ရေပြတ်လပ်မှုကြုံနေကြသည့် ဇိုး(ချင်း)မျိုးနွယ်စုအများဆုံးနေထိုင်သည့် တာဟန်းရပ်ကွက်ရှိ ပြည်သူများအတွက် sintex (ရေတိုင်ကီ) သုံးလုံးကို တာဟန်းအခြေစိုက် ZAWLBUK (Tanpui Ngaite Tanpuitu Pawl) အဖွဲ့မှ မေလ ၉ ရက်နေ့က လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း အပူလွန်ကဲမူကြောင့် ရေပြတ်လပ်မှုဒဏ်ကြုံတွေနေရသူများ၏အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ယခုလို ရေတိုင်ကီများ လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ တာဟန်း C ရပ်ကွက်တွင် ရေတိုင်ကီနှစ်လုံး၊ E ရပ်ကွက်တွင် တစ်လုံး အပြင် မိုးကာဖြင့် ရေသိုလျောင်ထားဖို့ရန် ရေသိုလျောင်ကန်ကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။

ယခု ထားရှိသော ရေတိုင်ကီနှင့် ရေသိုလျောင်ကန်များတွင် Zawlbuk အဖွဲ့အပါအဝင် အခြားသောအဖွဲ့အစည်းများမှ ရေများ ဖြည့်ထားသွားမှာဖြစ်ပြီး ၄င်းရေများကို တကယ်လိုအပ်နေသည့် မိသားစုအနေဖြင့် လိုသလောက်ကိုသာ ခတ်သုံးသွားမှာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကစ၍ ကလေးမြို့ပေါ် အထူးသဖြင့် တာဟန်း၊ တောင်ဖီလာ၊ ကြို့သုံးပင်၊ နေပြည်တော် ရပ်ကွက်တို့တွင် ရေတွန်းခန်းခြောက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြာ သောက်သုံးရေပြတ်လပ်မှုကြုံတွေ့ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ရေပြတ်လပ်မှုကြုံတွေ့နေကြရသည့် ပြည်သူများကို ကလေးလွင်ပြင် ပဟရတိအဖွဲ့မှ မေလ ၁ ရက်နေ့ကစ၍ ရေသယ်ကားများဖြင့် သောက်သုံးရေဖြန့်ဝေပေးကြောင်း သိရပြီး ယခုလက်ရှိ စုံစမ်းသိရှိရသည့် စာရင်းအရ ရေတွင်းနှင့် အ၀ီစိတွင်း (၁၀၀) ကျော် ခန်းခြောက်ပြီး အသစ်ပြန်လည်တူးဖော်မှုများအပူတပြင်း လုပ်ဆောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.