Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA လက်နက်ကိုင်အဖွဲ့မှ ပြည်သူပိုင် ကာကွယ်ရေးပစ္စည်းများ ပြန်လည်အပ်နှံခြင်းမပြုပါက လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland ကြေညာ

ZRA လက်နက်ကိုင်အဖွဲ့မှ ပြည်သူပိုင် ကာကွယ်ရေးပစ္စည်းများ ပြန်လည်အပ်နှံခြင်းမပြုပါက လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland ကြေညာ

0
By Editor on October 18, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပြည်သူများ၏ချွေးနဲစာဖြင့် ဝယ်ယူထားသော ကာကွယ်ရေးပစ္စည်းများအား ZRA လက်နက်ကိုင်အဖွဲ့မှ ခိုးယူထွက်ပြေးသွားပါသဖြင့် ပြည်သူထံ ပြန်လည်အပ်နှံခြင်းမရှိလျှင် လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland မှ ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ ရက်နေ့က မဏိပူမြစ်ပေါ်ရှိ Mansuang တံတားတွင် ZRA အဖွဲ့မှ တော်လှန်ရေးအတွက်အသုံးပြုမည့် လက်နက်များ သယ်ဆောင်လာသော လူငယ် ၂ ဦးအား ဖမ်းဆီးနှိပ်စက်ပြီး လက်နက်လုယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆိုင်ဇန်ရွာသို့ဝင်ရောက်ကာ ရွာသားများအား စစ်ဆေး၍ စိတ်ပင်ပန်းအောင် အမျိုးမျိုး လုပ်ခဲ့ကြသည်ဟု သိရသည်။

ရွာတွင်းဆူပူမှု မဖြစ်စေလိုသောကြောင့် PDF Zoland လူငယ်များ ရွာထဲမဝင်မီ ၎င်းတို့ လုယူထားသောပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ရွာမှငြိမ်သက်စွာ ထွက်ခွါရန် တယ်လီဖုန်းဖြင့် ညှိုနှိုင်းသော်လည်း လက်ခံခြင်းမရှိဘဲ ၎င်းတို့အသုံးပြုခဲ့သော ဆိုင်ကယ်များထားခဲ့ကာ ခြေလျင်ဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။

ယခုတွင် ၎င်းဆိုင်ကယ်များအား Tedim Public Administration (ပြည်သူ့အုပ်ချုပ်ရေး) မှ သိမ်းဆည်းထားသည်ဟု သိရသည်။

ZRA အဖွဲ့သည် ယမန်နေ့ မနက် ၈ နာရီခန့်တွင် ဆိုင်မွောလ်ရွာမှ ကျောက်သယ်ယာဉ်တစ်စီးဖြင့် စကစစစ်သားများတာဝန်ကျရာ တီးတိန်ကျောင်းအောက်ရှိ လမ်းမကိုဖြတ်ကာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လည်ထွက်သွားကြသည်ဟုလည်း သိရသည်။

ZRA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဆိုင်ကယ်များကို မံဆောင်းတံတားရှိ ပြည်သူများထံမှ လုယူထားသောပစ္စည်းများနှင့် လာရောက်လဲလှယ်နိုင်မည် ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် ZRA အဖွဲ့အား အကြမ်းဖက်အဖွဲ့၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် သတ်မှတ် အရေးယူသွာမည်ဖြစ်ကြောင်း PDF Zoland က သတိပေးထားသည်။

တီးတိန်မြို့နယ်၊ တွန်ဇံမြိုနယ်နှင့် ကလေးမြို့ရှိ ZRA အဖွဲ့အား အားပေးအားမြှောက်ပြုလုပ်သော မည်သူမဆို စစ်မှန်သည့် တော်လှန်ရေးအဖွဲ့များ၏လက်မှ ကာကွယ်ပေးတော့မည်မဟုတ်ကြောင်း PDF-Zoland မှ ကြေငြာချက် ထုတ်ပြန်ထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.