Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA လက်နက်ကိုင်အဖွဲ့မှ ပြည်သူပိုင် ကာကွယ်ရေးပစ္စည်းများ ပြန်လည်အပ်နှံခြင်းမပြုပါက လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland ကြေညာ

ZRA လက်နက်ကိုင်အဖွဲ့မှ ပြည်သူပိုင် ကာကွယ်ရေးပစ္စည်းများ ပြန်လည်အပ်နှံခြင်းမပြုပါက လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland ကြေညာ

0
By Editor on October 18, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပြည်သူများ၏ချွေးနဲစာဖြင့် ဝယ်ယူထားသော ကာကွယ်ရေးပစ္စည်းများအား ZRA လက်နက်ကိုင်အဖွဲ့မှ ခိုးယူထွက်ပြေးသွားပါသဖြင့် ပြည်သူထံ ပြန်လည်အပ်နှံခြင်းမရှိလျှင် လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland မှ ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ ရက်နေ့က မဏိပူမြစ်ပေါ်ရှိ Mansuang တံတားတွင် ZRA အဖွဲ့မှ တော်လှန်ရေးအတွက်အသုံးပြုမည့် လက်နက်များ သယ်ဆောင်လာသော လူငယ် ၂ ဦးအား ဖမ်းဆီးနှိပ်စက်ပြီး လက်နက်လုယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆိုင်ဇန်ရွာသို့ဝင်ရောက်ကာ ရွာသားများအား စစ်ဆေး၍ စိတ်ပင်ပန်းအောင် အမျိုးမျိုး လုပ်ခဲ့ကြသည်ဟု သိရသည်။

ရွာတွင်းဆူပူမှု မဖြစ်စေလိုသောကြောင့် PDF Zoland လူငယ်များ ရွာထဲမဝင်မီ ၎င်းတို့ လုယူထားသောပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ရွာမှငြိမ်သက်စွာ ထွက်ခွါရန် တယ်လီဖုန်းဖြင့် ညှိုနှိုင်းသော်လည်း လက်ခံခြင်းမရှိဘဲ ၎င်းတို့အသုံးပြုခဲ့သော ဆိုင်ကယ်များထားခဲ့ကာ ခြေလျင်ဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။

ယခုတွင် ၎င်းဆိုင်ကယ်များအား Tedim Public Administration (ပြည်သူ့အုပ်ချုပ်ရေး) မှ သိမ်းဆည်းထားသည်ဟု သိရသည်။

ZRA အဖွဲ့သည် ယမန်နေ့ မနက် ၈ နာရီခန့်တွင် ဆိုင်မွောလ်ရွာမှ ကျောက်သယ်ယာဉ်တစ်စီးဖြင့် စကစစစ်သားများတာဝန်ကျရာ တီးတိန်ကျောင်းအောက်ရှိ လမ်းမကိုဖြတ်ကာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လည်ထွက်သွားကြသည်ဟုလည်း သိရသည်။

ZRA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဆိုင်ကယ်များကို မံဆောင်းတံတားရှိ ပြည်သူများထံမှ လုယူထားသောပစ္စည်းများနှင့် လာရောက်လဲလှယ်နိုင်မည် ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် ZRA အဖွဲ့အား အကြမ်းဖက်အဖွဲ့၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် သတ်မှတ် အရေးယူသွာမည်ဖြစ်ကြောင်း PDF Zoland က သတိပေးထားသည်။

တီးတိန်မြို့နယ်၊ တွန်ဇံမြိုနယ်နှင့် ကလေးမြို့ရှိ ZRA အဖွဲ့အား အားပေးအားမြှောက်ပြုလုပ်သော မည်သူမဆို စစ်မှန်သည့် တော်လှန်ရေးအဖွဲ့များ၏လက်မှ ကာကွယ်ပေးတော့မည်မဟုတ်ကြောင်း PDF-Zoland မှ ကြေငြာချက် ထုတ်ပြန်ထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.