Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကနန်ရွာ ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ အရပ်သား ၁၇ ဦးထဲ ကလေးငယ် ၉ ဦးအထိ ပါဝင်နေ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးမှာလည်း ကလေးငယ် ၁၁ ဦးအထိ ပါဝင်

ကနန်ရွာ ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ အရပ်သား ၁၇ ဦးထဲ ကလေးငယ် ၉ ဦးအထိ ပါဝင်နေ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးမှာလည်း ကလေးငယ် ၁၁ ဦးအထိ ပါဝင်

0
By Editor on January 9, 2024 Headline

(006SV)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသွားသူ အရပ်သား ပြည်သူ ၁၇ ဦးထဲတွင် ကလေးငယ် ၉ ဦးအထိ ပါဝင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၇ ရက် မနက် ၁၀ နာရီခန့်မှာ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူးကားလမ်းမပေါ်ရှိ ကနန်ကျေးရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန် လူစည်ကားနေချိန်မှာ စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်း ဗုံးများကို ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိသူ ၁၉ ဦး ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အသက် ၅ နှစ်မှ ၁၇ နှစ်အကြား သေဆုံးသူ ကလေးငယ်များမှာ မောင်စတီဗင် (၅နှစ်) ၊ မောင်မျိုးသူရလင်း (၆နှစ်)၊ မောင်လား ထန်လျံ (၇နှစ်)၊ မောင်ကပ်ရှန်ခိုင် (၇နှစ်)၊ မထျန်နေမော (၁၁နှစ်)၊ မနွှမ်းနိမ်းမော (၁၃နှစ်)၊ မထင်နှဲမ် (၁၄နှစ်)၊ မောင်လားနွံ မောယာ (၁၆နှစ်) နှင့် မောင်အုပ်ထန်လျံ (၁၇နှစ်)တို့ ဖြစ်သည်။

ကျန်အရပ်သားများမှာ ဒေါ်ဟွတ်ဖဲန် (၇၀နှစ်)၊ ဦးဆ‌ေလာမ် (၂၉နှစ်)၊ ဦးဘွလ်ခမ်း (၆၂နှစ်)၊ ဦးထန်သင်ဆောမ် (၆၂နှစ်)၊ ဦးလားရဲမ်းအုပ် (၃၉နှစ်)၊ မောင်အာရော်ထန် (၂၉ နှစ်)၊ ဒေါ်ဆွေကြင်ပါရ်း (၅၂နှစ်)၊ ဦးဗန်ပက်အော်ထန် (၄၂နှစ်) တို့ သေဆုံးခဲ့ရသည်။

“ဗုံးလာကြဲတဲ့အချိန်က ဘုရားကျောင်းတက်နေတဲ့အချိန်လေ ပထမခေါက်လာကြဲတော့ ဘုရားကျောင်းကနေထွက်ပြေး ကြတာလေ အဲလိုထွက်ပြေးတဲ့အခါကျတော့ ဒုတိယခေါက် ဗုံးနဲ့ ထိသွားကြတာ ၊ ဆုံးသွားတာ အားလုံးပေါင်း ၁၇ ယောက်၊ ညနေပိုင်းကပဲ သဂြိုလ်လို့ ပြီးသွားတာ တရွာလုံး တော်တော်လေး၀မ်းနည်းနေကြတယ် ၀မ်းနည်းကြေကွဲနေကြတာပဲ”ဟု ကနန်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးထဲတွင်လည်း အသက် ၃ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၁၁ ဦးအထိ ပါဝင်ခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင်လည်း ဗုံးကြဲတိုက်ခိုက်ခံရသော ရပ်ကွက်နှင့်အနီးတ၀◌ိုက်ကပြည်သူများသည် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်ကြသည့်အတွက် တောင်ယာထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကနန်ဒေသခံတစ်ဦးက ပြောသည်။

“တချို့က ရွာနဲ့ ၃ မိုင် ၅ မိုင်လောက်ဝေးတဲ့ လယ်တောထဲမှာ ပြေးနေကြတယ်။ အားလုံးမပြေးဘူး စာသင်ကျောင်းနဲ့ နည်း နည်းကပ်နေတဲ့အိမ်တွေပဲထွက်ပြေးကြတာ ၃၀၊ ၄၀ လောက်ပေါ့။ နောက်ထပ်ကျရင်လည်း အဲ့ဒီနီးနားတွေကျမှာစိုးလို့” ဟု ကနန်ဒေသခံကပြောသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်အတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၂၇ ဦး၊ အမျိုးသမီး ၁၀၁၇ ဦး သေဆုံးခဲ့ရသည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

ထို့အပြင် ရပ်ရွာများကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၃ ကြိမ် ပြုလုပ်ခဲ့မှုကြောင့် အရပ်သား ၈၉၇ ဦး သေဆုံးပြီး၊ ဘာသာရေး အဆောက်အဦးပေါင်း ၇၆ လုံး၊ စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထို့သို့ ကျူးလွန်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

ကနန်ကျေးရွာကို စစ်ကောင်စီက မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းအပါအဝင် နေအိမ်များလည်း အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ကနန်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့နှင့် ကပ်လျက်ရှိသော စံပြကျေးရွာတစ်ရွာဖြစ်ပြီး ချင်းလူမျိုးစုတွေ နေထိုင်သည့် ရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.